သခင်ကိုယ်တော်မှိုင်း
မှိုင်းဋီကာ(၁၉)
ကမ္ဘာဆီတစ်လွှားမှာဖြင့် မြန်မာပြည်သားတွေလောက်
သောကပွေရတာ ပြောပြနေစရာတောင် လိုမယ်မထင်ဘူး ကိုမင်းရာရယ်။
ပြေခွင်တစ်ဝှန်းလုံး
ရေပြင်လွှးမ်းဖုံးလို့
မြေပြင်ကျယ်အစစ်ကနေ ရေပင်လယ်ဖြစ်ရတာကဖုံ။
ရေဘေးကို
သွားရောက်ကာ ဖေးကူရာက
ကားမှောက်ကာ
အသက်ပါ ပေးလှူကြရနဲ့
မြေလမ်းခရီးမပေါက်လို့ ရေလမ်းခရီးနဲ့ထောက်ပါမှ
လှေမှောက်လို့ သေပျောက်ကြရတာကတစ်ခု။
ယူနီဆက်ကလာတဲ့
မက်စရာ အလှူပုံးတောင်
အကူအညီတစ်စက်မှမပါပဲ
လက်ဗလာနဲ့
အပြေတစ်ပိုင်း သူခိုးဓါးပြလို ယူသုံးပြီး
မကွေးတိုင်း
အစိုးရမှ လှူဒါန်းပါသည်လို့ ဆိုတာကတစ်မျိုး။
ရေးဘေးကကြုံ
နေဘေးကမလုံမို့
အံကျိတ်ကာ
စားစရာရတက်ပွေနေကြသူတို့အတွက် ဆန်အိတ်ငါးရာကို အခက်ပြေအောင်
အလှူပြုတာကို
ရှက်သေစရာကောင်းအောင် ယူလုကာ
အတင်းအပျောက်ရိုက်ပြီး
စာရင်းပါဖျောက်လိုက်ကြတော့ စေတနာရှင်ဘ၀ကနေ ဝေဒနာရှင်ဘ၀ရောက်ကြတာကတစ်ဖုံ။
စားစရာမရှိ
သွားစရာမရှိနဲ့
ထားစရာပါ မရှိရတဲ့ အထဲ ဘုရားတတကာ
က၀ိက
ဘယာပွေကာ အကျိုးအပျက်က အဟုတ်များရတဲ့အထဲ
ယတြာချေသလို ကိုးလက်မ ရုပ်ပွါးကို
လာလှူတာကတစ်မျိုး။
အသွင်ဓလေ့စရိုက်အရောင်မကျန်မကွဲတဲ့
ခြင်္သေ့မိုက်နှစ်ကောင်ရဲ့ရန်ပွဲကလည်း
ဟန်ပဲဆောင်နေသယောင်ယာင်
အပြန်ပြန်ပဲ
စောင်နေသယောင်ယောင်
မာန်ဖီပွက်ကာ
ထောင်နေသလိုလို
ဥာဏ်နီဥာဏ်နက်ပဲ
ဆောင်နေသလိုလို။
ရာဇ၀င်သမိုင်း
စာတင်ရိုင်းလောက်တဲ့ နိုင်ငံရေး အမေးပုစ္ဆာက ထွေးရှုပ်ကာ အဖြေရှာမရတော့
ဝေဒနာလေးတွေနဲ့ပဲ အတွေးထုတ်ကာကျန်ရတော့သဗျ။
သပွတ်အူကတောင်
အဖေခေါ်ရလောက်အောင် ရှုပ်ပွေလှသမို့
အမွဲတကာ့ထွဋ်ခေါင်
ဖွတ်မင်းနောင်တင်မကဘူး
အရှုပ်တကာ့ထွဋ်နေ
သပွတ်ဖေ လို့တောင် ပြောင်းရမယ့်ကိန်းပဲဟဲ့။
တစ်လိမ် နှစ်လိမ် ပွေလိမ်ရှုပ်တယ်
အမယ်ဘုတ်ကဲ့ သူ့ချည်ခင်
ဘယ်သူဖျင်မှ
သည်ရှုပ်ထွေး ရှင်းပါ့မယ်လေး တဲ့။
ကျုပ်ဖြင့် ပြည်မြန်မာအရေး စီကြံကာတွေးလိုက်ရင်
ဘ၀င်မှာမအေး ရင်မှာဆွေးလွန်းလို့
တစ်လိမ် နှစ်လိမ် ပွေလိမ်ရှုပ်တယ်
မောင်ငယုတ်ကဲ့ သူ့ချည်ခင်
ဘယ်သူငင်မှ သည်ရှုပ်ထွေး ရှင်းပါ့မယ်လေး လို့သာ
ဆိုလိုက်ချင်တော့တယ် ကိုမင်းရာရယ်။
No comments:
Post a Comment