သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ (၁၃)
ရေလျှံကာ အခက်ဖြစ်နေတဲ့
ပြေမြန်မာ သက္ကရာဇ်ကို
ဝေဖန်ကာ တွက်စစ်လိုက်တော့
တစ်နှစ်လုံးအလွန်ထူးကာဆန်းစေမယ့်
တစ်သုံးခွန်ပူးဂဏန်းကို တွေ့သကွဲ့။
အထက်အကြေအညာအရပ်ရပ်ကို
အခက်ပွေကာ အကြပ်ရိုက်ကပ်စိုက်စေတဲ့
အခါမမြတ်ပါတယ်ကွယ် ဝါထပ်တဲ့ သည်နှစ်ရူးကို
ကဗျာစပ်ကာ စာစပ်ကာ ထူးလရော့ဟဲ့
ဝဠာဟီအောင် မြန်မာပြည်ဘောင်လည်း မြူးလရော့ဟဲ့လို့
ကောင်းအတိတ်တွေ အဖြာဖြာနဲ့
သြောင်းနိမိတ်ဇေယျာ သွန်းစေဗျား။
ပြေမြန်မာ သက္ကရာဇ်ကို
ဝေဖန်ကာ တွက်စစ်လိုက်တော့
တစ်နှစ်လုံးအလွန်ထူးကာဆန်းစေမယ့်
တစ်သုံးခွန်ပူးဂဏန်းကို တွေ့သကွဲ့။
အထက်အကြေအညာအရပ်ရပ်ကို
အခက်ပွေကာ အကြပ်ရိုက်ကပ်စိုက်စေတဲ့
အခါမမြတ်ပါတယ်ကွယ် ဝါထပ်တဲ့ သည်နှစ်ရူးကို
ကဗျာစပ်ကာ စာစပ်ကာ ထူးလရော့ဟဲ့
ဝဠာဟီအောင် မြန်မာပြည်ဘောင်လည်း မြူးလရော့ဟဲ့လို့
ကောင်းအတိတ်တွေ အဖြာဖြာနဲ့
သြောင်းနိမိတ်ဇေယျာ သွန်းစေဗျား။
သယံဇာတ မှန်သမျှကလည်း ပြန်ကာမရနိုင်တော့
ဟန်မကျပါတကယ် အပြန်ပြန်သာ တ နေရုံကလွဲပြီး
တိုင်းပြည်လည်း နလံမထနိုင်တော့သလို
ဗိုလ်အညှီအပုပ် ခရိုနီ တရုတ်တွေ
စိုပြည်ကာအဟုတ်ချမ်းသာဖို့အရေး
အသက်ပေးကာ အာဇာနည်တွေ အမိအရ တည်ထောင်ထားခဲ့ပေမယ့်
ရတက်မအေးစရာ ဗလာချီပြီး ရှိသမျှ အတည်ပြောင်သွားပြီမို့
အောင်ဆန်းတည်ထောင် (၁၃၇၇)
ဖွတ်ကြီးဖြောင်၏။
အောင်ဆန်းတည်ထောင် ဖွတ်တွေဖြောင်၏။
အောင်ဆန်းတည်ထောင် ခရိုနီဖြောင်၏။
အောင်ဆန်းတည်ထောင် တရုတ်ဖြောင်၏။
အောင်ဆန်းတည်ထောင် တက်တက်ပြောင်၏။
အောင်ဆန်းတည်ထောင် မြန်ပြည်ဘောင်၌
များမြောင်မြို့ရွာ ရေငုပ်ရှာသည်
နောင်လာနောက်သားညီနောင်များတို့
မှတ်သားလွယ်ကူ မှတ်ကြဟူလော့။
ဟန်မကျပါတကယ် အပြန်ပြန်သာ တ နေရုံကလွဲပြီး
တိုင်းပြည်လည်း နလံမထနိုင်တော့သလို
ဗိုလ်အညှီအပုပ် ခရိုနီ တရုတ်တွေ
စိုပြည်ကာအဟုတ်ချမ်းသာဖို့အရေး
အသက်ပေးကာ အာဇာနည်တွေ အမိအရ တည်ထောင်ထားခဲ့ပေမယ့်
ရတက်မအေးစရာ ဗလာချီပြီး ရှိသမျှ အတည်ပြောင်သွားပြီမို့
အောင်ဆန်းတည်ထောင် (၁၃၇၇)
ဖွတ်ကြီးဖြောင်၏။
အောင်ဆန်းတည်ထောင် ဖွတ်တွေဖြောင်၏။
အောင်ဆန်းတည်ထောင် ခရိုနီဖြောင်၏။
အောင်ဆန်းတည်ထောင် တရုတ်ဖြောင်၏။
အောင်ဆန်းတည်ထောင် တက်တက်ပြောင်၏။
အောင်ဆန်းတည်ထောင် မြန်ပြည်ဘောင်၌
များမြောင်မြို့ရွာ ရေငုပ်ရှာသည်
နောင်လာနောက်သားညီနောင်များတို့
မှတ်သားလွယ်ကူ မှတ်ကြဟူလော့။
ဗိုလ်အညှီအပုပ် ခရိုနီငယုတ်တွေကြောင့်
အညစ်အကြေးအစုံစုံ
ညစ်ထေးကာ ဖုန်တက်နေတဲ့
ယမ်းနံ့တဝေေ၀ သွေးနံ့ညှီထောင်းနေတဲ့မြေကို
မွှေးရနံ့ဆီနဲ့လောင်းကာ သင်းပျံ့ကာကြည်
ရှင်းသန့်ကာစည်ပင်ဖြိုးစေဖို့
ပြေမြန်မာ ဝေဆာဖြိုးစေဖို့
မနေသာ ဒေ၀ါမိုးရယ်က
ရေဇလာ ချွေကာပေးလို့ရယ်
ချေးညှော်တွေ ပြောင်အောင်မနှေး
ဆေးကြောလို့ပေးပေသမို့
အညစ်အကြေးအစုံစုံ
ညစ်ထေးကာ ဖုန်တက်နေတဲ့
ယမ်းနံ့တဝေေ၀ သွေးနံ့ညှီထောင်းနေတဲ့မြေကို
မွှေးရနံ့ဆီနဲ့လောင်းကာ သင်းပျံ့ကာကြည်
ရှင်းသန့်ကာစည်ပင်ဖြိုးစေဖို့
ပြေမြန်မာ ဝေဆာဖြိုးစေဖို့
မနေသာ ဒေ၀ါမိုးရယ်က
ရေဇလာ ချွေကာပေးလို့ရယ်
ချေးညှော်တွေ ပြောင်အောင်မနှေး
ဆေးကြောလို့ပေးပေသမို့
အောင်ဆန်းတည်ထား(၁၃၇၇)
ကလေးရေသို့လား။
အောင်ဆန်းတည်ထား ပွင့်ဖြူငဖဲရေသို့လား
အောင်ဆန်းတည်ထား
ကောလင်းဝန်းသို ရေသို့လား
အောင်ဆန်းတည်ထား
မြို့ရွာအများ ရေသို့လား၏။
ကလေးရေသို့လား။
အောင်ဆန်းတည်ထား ပွင့်ဖြူငဖဲရေသို့လား
အောင်ဆန်းတည်ထား
ကောလင်းဝန်းသို ရေသို့လား
အောင်ဆန်းတည်ထား
မြို့ရွာအများ ရေသို့လား၏။
ဥုံ အောင်ဆန်းတိုက်ထုတ် (၁၃၇၇)
ဖွတ်ကြီးပြုတ်ဟ
ဥုံ အောင်ဆန်းတိုက်ထုတ် ဖွတ်တွေပြုတ်ဟ
ဥုံ အောင်ဆန်းတိုက်ထုတ် ခရိုနီတွေပြုတ်ဟ
ဥုံ အောင်ဆန်းတိုက်ထုတ်
တရုတ်တွေပြုတ်ဟ
သြောင်း နမော ဒူရေ ဒူရေ သွား ဟုံ ဟုံ
ဖွတ်ကြီးပြုတ်ဟ
ဥုံ အောင်ဆန်းတိုက်ထုတ် ဖွတ်တွေပြုတ်ဟ
ဥုံ အောင်ဆန်းတိုက်ထုတ် ခရိုနီတွေပြုတ်ဟ
ဥုံ အောင်ဆန်းတိုက်ထုတ်
တရုတ်တွေပြုတ်ဟ
သြောင်း နမော ဒူရေ ဒူရေ သွား ဟုံ ဟုံ
မှတ်ချက်။ ဖွတ်ကြီးပြုတ်နေရာ၌ သင်တို့ အလိုမရှိသူကိုထည့်ပြောင်း၍ ရွတ်ဆိုပါရန်
No comments:
Post a Comment