Tuesday, August 11, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၇)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၇)
တိုင်းခွင်မြန်မာရဲ့ အညစ်အစုံစုံနဲ့
နှိုင်းမမြင်စရာ သနစ်အစုံစုံကို
မှိုင်းသခင်ဆရာရဲ့ ကညစ်တစ်ဖုန်ကို ငှားယူလာပြီး
အများသူငါသိအောင် ကဗျာကသီနဲ့ စာစီလို့ သလာလိုက်တာ
တိုင်းဟီစရာ မှိုင်းဋီကာတောင်(၁၇)ရောက်ပါပေါ့ ကိုမင်းရာရဲ့။
သည်နေ့ ဖွဘုတ်တစ်ခွင်မှာ ပထုတ်လို့ပင်မရတာကတော့
ဖဲကြိုးမဲတပ်ပြီး ငနဲသူခိုးတွေကို ဆဲနေကြရတယ်ထင်ပါ့ ကိုမင်းရာရယ်။
မိုးကျရွှေကိုယ်က ထိပ်ကလာပိတ်တော့
အောက်ခြေက၀န်ထမ်းလေးတွေက စိတ်ဝမ်းက မရွှင်
တက်လမ်းကလည်း မမြင်တော့ အလုပ်ကလည်း မကြိုးစားချင်နဲ့
ဆိုးဝါးစရာမြင်တာကတော့ တိုင်းပြည်ရဲ့ ရှေ့ရေးမို့
ဘ၀င်မအေးစရာပ ကိုမင်းရာ။

မိုးကျရွှေကိုယ် မိုးကျရွှေကိုယ်နဲ့
သေမလို မျက်နှာထား
အထက်ဖားအောက်ဖိတာက နှစ်ယောက်မရှိ
ကဘောက်တိကဘော်ချာနဲ့ စီမံ
ခြည်(ခြေ)ကန်လို့သုံးတာက ငါတတ်ငါသိ
လာမထိနဲ့တဲ့ သူတို့စစ်တပ်
ရစ်ပတ်ပတ်လုပ်လာရင် လက်ဆောင်ကူ
အသက်တောင်မရှူရဲတာက အောက်ခြေ၀န်ထမ်း
အခွန်ထမ်းပြည်သူက မကြည်ဖြူ 
အပီယူတာက လာဘ်ငွေ
မမြတ်တစေ စဉ်းစားနေတာက ခိုးဝှက်ဖို့
အမျိုးဘက်ကဆိုရင် ဆွဲခန့် 
ငရဲမလန့်တာက ဒင်းတို့ အားလုံး 
အများမုန်းတာလည်း ဂရုကိုမစိုက်
သူတို့ကြိုက်တာက စီမံကိန်း
ပြည်ဘဏ်(ဘဏ္ဍာ)သိမ်းဖို့ အတင်းချ 
စာရင်းပြတော့ သိန်းငါးထောင် 
စားဖြောင်တာက ဘဏ္ဍာငွေတ၀က်
အမွေဆက်ခံရတော့ ဆိုးကျိုး 
အပိုးမကျိုးတာက သူတို့အကျင့်
အမြင့်ကချီးနေချင်တာက ရောဂါ 
အပြောပါဆိုးတာက ဆလံသ 
ဟန်မကျရင် အော်ငေါက် 
အပေါ်ရောက်ရင် ဦးချ 
ပလူးရတာက ခွေးလို 
အရေးဆို ထွက်ပြေး 
လက်မနှေးတာက ဖားဖို့ 
အများဖို့ဆို မစဉ်းစား 
ယွင်းမှားနေတဲ့ သည်စနစ်ယုတ်ကို 
အမြစ်ပြုတ်အောင် ထစ်ခုတ်သာပစ်ကြပေတော့လို့ 
ကဗျာဆရာ စာသ၀ဏ်သွင်းလိုက်ပါရဲ့ ဆရာဝန်တစ်သင်တို့ဗျား။

No comments:

Post a Comment