Monday, August 10, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၆)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၆)

ကလေးသူငယ်စကား သီချင်းသည်စကား သဘင်သည်စကား                                                                                   သူရူးစကားတို့ဟာ တမူထူးခြားလာရင်တော့ 
အတိတ်တဘောင် နိမိတ်ဆောင်သတဲ့ ကိုမင်းရာရဲ့။
ပြည်သူတွေ ရတက်ပင်ဖြာရတဲ့ ၂၀၀၇ စက်တင်္ဘဘာလတုန်းက 
ဆွမ်းတကာတော်တွေအတွက် ၀မ်းမသာမပျော်နိုင်ကြတဲ့
ရဟန်းသံဃာတော်တွေ လမ်းမပေါ်ကို လှမ်းကြွကာ
မေတ္တာသုတ် ကမဌာန်းကို မြန်းကြွကာ မစီးဖြန်းခင် 
ထောက်ဆကာဆိုရရင်ဖြင့် ခြောက်လလောက်အလိုကတဲက
အရပ်ထဲက ကလေးသူငယ်လေးတွေက
မနှေးပတကယ် အတွေးစကျယ်စရာ
မဝေးလှတဲ့ အနာဂတ်အတွက်
စာစပ်ကာဆိုကြသည့်နှယ်
ရဲဘော်တွေတန်းဆီ ဗိုလ်ကြီးအီးပေါက်သည်။
ရှေ့ပိုင်းက ရဲဘော် ခါချဉ်ကိုက်လို့အော်
နောက်ပိုင်းက ရဲဘော် ချီးပေါက်လို့အော် တဲ့။
သည်တစ်နှစ်မှာတော့ အနှီချစ်စရာ
ဘိသိက်ဆရာရဲ့ အတိတ်နိမိတ်မသာတဲ့
တေးကဗျာသီချင်းဟာဖြင့် ရှေးလာမယ့်အခင်းကိုများ
ဒင်းဆိုလို့ထားရော့သလား မသိပါဘူး ကိုမင်းရာရယ်။
အရှေ့ကကြည့်လည်း မလုံ မလုံ
အနောက်ကကြည့်လည်း မလုံ မလုံ
အထက်ကကြည့်လည်း မလုံ မလုံ
အောက်ကကြည့်လည်း မလုံ မလုံ
ပေါ် ပေါ့် ပေါ် ပေါ် ပေါ့် ပေါ် မလုံ မလုံ တဲ့။
အရှေ့ဘက်မှာလည်း မမေ့ရက်စရာ
နှိုင်းမကုန်တဲ့ ကျိုင်းတုံကတစ်မျီုး 
အရမ်းတအားဆိုးပုံများ လမ်းများတောင်ကျိုးသတဲ့ 
အများမုန်းသမို့ ပတ်ကာကြမ်းကြတာက
ကမ္ဘာ့ အပါးဆုံး ကတ္တရာလမ်းတောင် မြင်ရသတဲ့။
အနောက်ကို ကူးပြန်တော့ မြောက်ဦးက တစ်ဖုန်
မင်းပြားကလည်း နင်းထားစရာတောင်မြေမရှိ 
ကျောက်ဖြူဘက်ကလည်း ထောက်ကူဖို့တောင် ခက်သဟ 
ခက်သမျှ အပြင်းချီလို့များ သွားသလားမသိဘူး 
ပလက်ဝ ချင်းပြည် ဟားခါးကတစ်မျိုး ။
အောက်ပြည်မှာလည်း ဆောက်တည်ရာမရနဲ့
ညောင်တုန်းကလည်း ရှောင်ပုန်းကာပြေးကြရ
ဇလွန်ဘက်ကလည်း အလွန်ခက်ကြပေါ့
အင်္ဂပူဘက်ကိုလည်း အရင်ကူဖို့ တက်ကြပါဟတဲ့။
အထက်ပြေရွာတကြောကလည်း ရတက်ပွေကာမောရသဟဲ့။
ပေါ် ပေါ့် ပေါ် ကြာသပတေးနံ ပဇ္ဖုန်ုမိုးရယ်ကြောင့်
သနစ်အစုံ ဖြစ်ပုံရယ်ဆိုးပါဘိ
မြို့ရွာတွေ ရေမှာပေါ်လိုက်ပုံများ
ပျို့ကဗျာတွေ ချွေကာနော် မသလိုက်ချင်ဘု
ခွေစရာ နေရာက မလုံမခြုံနဲ့
ပြည်သူတွေ ရတက်မအေးစရာ အခက်ဘေးဘယာကြုံရပုံကြောင့် 
ပေါ် ပေါ့် ပေါ် မလုံ မလုံ သီချင်းကိုသာ
ကိုမင်းရာရယ် တင်းလိုက်ချင်ဘိ။

No comments:

Post a Comment