သခင်ကိုယ်တော်မှိုင်း
မှိုင်းဋီကာ(၂၀)
ဘယံအပူများကြတဲ့ မြန်ပြည်သူအများမှာဖြင့်
အကြံအစီများ တူနေကြသလား မသိပါဘူး
ဘဏ်ဆီကို တလူလူ သွားနေကြပါပေါ့လား ကိုမင်းရာ။
ဆရာမှိုင်းတို့ရဲ့ မြန်မာတိုင်းကလည်း
ဘဏ်ဆီကို တလူလူ သွားနေကြပါပေါ့လား ကိုမင်းရာ။
ဆရာမှိုင်းတို့ရဲ့ မြန်မာတိုင်းကလည်း
ဘယာဝိုင်းပုံကတော့ဖြင့် နှိုင်းလို့တောင် မကုန်နိုင်ဘူး ကိုမင်းရာရဲ့။
မင်းဘေး စိုးဘေး စောရဘေး ခရိုနီဘေး ပေါက်ဖော်ကြီးဘေး
လက်ပတ်နီဘေး စွမ်းအားရှင်ဘေး
ရေဘေး လေဘေးအပြင် ငွေဘေးကလည်း သင့်သေးသကိုး ကိုမင်းရာရဲ့။
မင်းဘေး စိုးဘေး စောရဘေး ခရိုနီဘေး ပေါက်ဖော်ကြီးဘေး
လက်ပတ်နီဘေး စွမ်းအားရှင်ဘေး
ရေဘေး လေဘေးအပြင် ငွေဘေးကလည်း သင့်သေးသကိုး ကိုမင်းရာရဲ့။
ကျုပ်တို့ငယ်တုန်းက ဆိုခဲ့ရသေးရဲ့
ဒေါ်စိန်ကြည် ဒေါ်စိန်ကြည် လင်ယူပက်စက်သည်
မာစတားကြီး တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန် တဲ့။
ဒေါ်စိန်ကြည်က ဗိုက်တစ်လုံးနဲ့ကျန်
ပြည်သူတွေကတော့ အမှိုက်ပုံးနဲ့ကျန်လို့ဆိုရမယ့်
နိပွန်မာစတာရဲ့ ငွေစက္ကူဒါဏ်
ဘိရုမာတွေ မျက်ဖြူလန်အောင်ခံကြပြီး မာစတာတွေပြေးကတဲက
မြန်မာပြေ ငွေဘေးစသင့်ခဲ့ပါတာပဲကိုမင်းရာ။
ဒေါ်စိန်ကြည်က ဗိုက်တစ်လုံးနဲ့ကျန်
ပြည်သူတွေကတော့ အမှိုက်ပုံးနဲ့ကျန်လို့ဆိုရမယ့်
နိပွန်မာစတာရဲ့ ငွေစက္ကူဒါဏ်
ဘိရုမာတွေ မျက်ဖြူလန်အောင်ခံကြပြီး မာစတာတွေပြေးကတဲက
မြန်မာပြေ ငွေဘေးစသင့်ခဲ့ပါတာပဲကိုမင်းရာ။
ဗိုလ်နေ၀င်း လက်ထက်တုန်းက
အလိုလိုနေယင်း ဘ၀ပျက်သုဉ်းကာ
ပြည်သူတွေ အခက်ပွေ ဗလာကျစေတဲ့
သက်သေ သာဓက တွေကလည်း ရှိခဲ့ပေသကိုး ကိုမင်းရာရဲ့။
အလိုလိုနေယင်း ဘ၀ပျက်သုဉ်းကာ
ပြည်သူတွေ အခက်ပွေ ဗလာကျစေတဲ့
သက်သေ သာဓက တွေကလည်း ရှိခဲ့ပေသကိုး ကိုမင်းရာရဲ့။
မထောက်ထား မစာနာ ခြောက်ငါးမှာ တစ်ကြိမ်
ရှစ်ငါးမှာတစ်ဖန် စနစ်မှားတဲ့ ဒါဏ်ခံရ
ရှစ်ငါးမှာတစ်ဖန် စနစ်မှားတဲ့ ဒါဏ်ခံရ
ရှစ်ခွန်မှာတစ်ဖန် စနစ်နွံနစ်ပြန်ရနဲ့
စနစ်အတန်တန် မကောင်းလိုက်ပုံများ
သုံးပြန်သုံးခါ ငွေဖြူကို ငွေမဲပြောင်းယုံသာမကပဲ
ပဲပြောင်းနှမ်းဝါအစုံ ကောက်ပဲသီးနှံမှန်သမျှ
တစ်ယောက်ထဲ အထီးကျန် ဟန်မကျတဲ့
အများမနိတ်တဲ့ တံခါးပိတ်ဝါဒကြောင့်
ရလာသမျှ သမ၀ါယမကို
မတန်တဆဈေးနဲ့ လှန်ချကာပေးရပေမယ့်
ပြန်ချပေးတာက နနွင်းလူးထားတဲ့ ပုလင်းတစ်ဗူးစာ သကြားနဲ့
ပြန်ချပေးတာက နနွင်းလူးထားတဲ့ ပုလင်းတစ်ဗူးစာ သကြားနဲ့
နနွင်းဖြန်းကာထားတဲ့ ထမင်းကြမ်းဆန်ဝါ တစ်ခွဲ
အကြံအဖန် ပြင်ကာကလိထားတဲ့ မျှင်ငပိမွဲ နှင့်
အသေချာ ထပ်ခါခါ တိုင်းထားတဲ့ ရွှေဝါဆပ်ပြာက တစ်ပိုင်းတဲ့ ကိုမင်းရာရယ်။
သုံးနှစ်ကျော် မိုးခေါင်လို့
ပျိုးမထောင် ကောက်စပါးမစိုက်နိုင်တော့
ပျိုးမထောင် ကောက်စပါးမစိုက်နိုင်တော့
သောက်စားစရာအတွက် အကြံအိုက်သမို့
ယောက်ျားတစ်သိုက်မှာ ပေါက်ပြားပိုက်တဲ့
ဘ၀ကိုဖဲပြီး လွှဆွဲကာငွေရှာကြပေမယ့်
ဖွေရှာလာသမျှ ငွေအဿပြာက အခြေမမြင့်ပါပဲ
ငွေဘေးသင့်ရှာလို့ မဲပါပေါ့လား ကိုမင်းရာရယ်။
စားသောက်စရာမရှိသမို့ ပဲစိတစ်ဝက် ပြောင်းတစ်ဝက်နဲ့
ဆန်ပျက်သိကာ ပါကောင်းလို့ပါတော့တယ်ကိန်းဆိုက်ပြီး
အနေခက်ကာအပူကဲရတဲ့အထဲ
ငွေစက္ကူတွေကို မဲတယ်လို့ ကြေငြာတော့
အခြေပျက်ကာ လူတွေလည်းမွဲကြတော့ေ
ပြေပျက်ကာ ဆူကာဆဲကြလေသမို့
စနစ်ဘေးကြောင့် အညစ်အကြေးတွေဖုန်းနေတဲ့
ခေတ်အဆွေးတုံး မဆလ အဆိပ်သီးကြီးကို
ရှစ်လေးလုံး ဗကသ သပိတ်ကြီးနဲ့ ခွင်းခဲ့ကြရတယ် မဟုတ်လား။
မကြာလှတဲ့ ကာလက အာရှဓနဘဏ်ကြောင့်
ရှာကြသမျှ ဘာမျှမရပဲ ခံကြရ
မေဖလားဝါး မေဖလားဝါးနဲ့
ဖွေရှာကာ သွားထားသမျှ လားလားမှ ပြန်မသုံးရပဲ
ဘဏ်သုံးဘဏ် နှိပ်စက်လိုက်တော့
ဒါဏ်သုံးဒါဏ်ပိပြီး အအိပ်ပျက် အစားပျက်နဲ့
တစ်ချို့ဆို ဘ၀ပါပျက်ကြပြန်ရော ကိုမင်းရာရဲ့။
နိုင်ငံရေးကလည်း အကောင်းဘက်မလဲပဲ
ဗလောင်းဗလဲဥာဏ်နဲ့ အပြောင်းအလဲမြန်တတ်သမို့
ဘဏ်အပ်ငွေအပေါ် အကြံကြပ်ကြလေတော့
နှစ်ပြန်ဘတ်ကာ ခံရချေသော်ဆိုတဲ့ စိတ်ကလေးနဲ့
ကျိတ်ဆွေးကာနေရတော့ တဆိတ်ပြေးကာ အကုန်ပြန်ယူမှ
စိတ်မအေးစရာ ဘုံရန်သူအဖြစ်ကလွတ်မယ်ဆိုပြီး
ဘယံအပူများကြတဲ့ မြန်ပြည်သူအများမှာဖြင့်
ဘဏ်တွေကို အဟုတ်မယုံကြတော့သမို့
ကျန်ငွေကို ထုတ်ကုန်ကြလေတော့
မြန်မာပြည်ဘဏ်အရေး ကြံစီကာပြန်တွေးလိုက်ရင်
မြန်မာပြည်ဘဏ်အရေး ကြံစီကာပြန်တွေးလိုက်ရင်
ဘ၀င်ဝမ်းမှာဖြင့် မရွှင်လန်းစရာတွေချီးပါလား ကိုမင်းရာ။