သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၄)
နှိုင်းယှဉ်လို့ တုစရာ ကမ္ဘာဆီမှာပင် ရှားသကွဲ့
မှိုင်းသခင်တို့ရဲ့  စုဟာ မြန်မာပြည်ဖွားပေမို့
အာဇာနည်တစ်ပါးအနေနဲ့ ဂုဏ်ယူစရာ။
မှိုင်းသခင်တို့ရဲ့  စုဟာ မြန်မာပြည်ဖွားပေမို့
အာဇာနည်တစ်ပါးအနေနဲ့ ဂုဏ်ယူစရာ။
အောင်ဆန်းစုကြည် ဘာမထီ ဇာနည်တစ်ယောက်ပေမို့
အောင်ပန်းသူ့ဆီ မကြာမီ ရောက်တော့မကွဲ့
ဝဠာဟီအောင် သူ့ဂုဏ်ရောင် တောက်တော့မှာမို့
မဟာဆီ သာကီဖွားတို့ရဲ့ မြန်မာပြည်
ကမ္ဘာအမှီသွားနိုင်အောင်
ညီထားကြစေချင်။
အောင်ပန်းသူ့ဆီ မကြာမီ ရောက်တော့မကွဲ့
ဝဠာဟီအောင် သူ့ဂုဏ်ရောင် တောက်တော့မှာမို့
မဟာဆီ သာကီဖွားတို့ရဲ့ မြန်မာပြည်
ကမ္ဘာအမှီသွားနိုင်အောင်
ညီထားကြစေချင်။
အသဲကြားက မဲတစ်ပြားကိုကွယ်
မဲပြားကာ ကွဲသွားမှာစိုးသကွဲ့
မှားယွင်းတဲ့ မဲဇယားစာရင်းကို
အများခပင်းတို့ အသွားမပျင်းလိုက်ကြပါနဲ့
အားတင်းကာ အပြေးသွားလို့
အရေးထားကာ မပြင်ကြရင်ဖြင့်
ဟိုအရင်ငနဲတွေ ညစ်သလို
ကြိုတင်မဲတွေဖြစ်လိမ့်မယ်ကွဲ့။
မဲပြားကာ ကွဲသွားမှာစိုးသကွဲ့
မှားယွင်းတဲ့ မဲဇယားစာရင်းကို
အများခပင်းတို့ အသွားမပျင်းလိုက်ကြပါနဲ့
အားတင်းကာ အပြေးသွားလို့
အရေးထားကာ မပြင်ကြရင်ဖြင့်
ဟိုအရင်ငနဲတွေ ညစ်သလို
ကြိုတင်မဲတွေဖြစ်လိမ့်မယ်ကွဲ့။
ခပင်းအများတို့ မယွင်းမှားကြစေရန်
စဉ်းစားကြ အဖန်ဖန်
သတင်းမှား အကြံအဖန်တွေကို
အပြန်ပြန် မယုံလိုက်ကြပါနဲ့
ကြုံကြိုက်သည့် သည်နှစ်အခါကို
ပြည်သစ်ရွာတည်ထောင်ဖို့
ရည်ဆောင်ကာ ညီနောင်အပေါင်းရယ်
ခွပ်ဒေါင်းအလံ တလူလူလွှင့်လို့
အောင်မောင်းသံ တဒူဒူထုလို့
တို့ချစ်တဲ့ အမေစုကို
စုပေါင်းကာ တပြိုင်ထဲ
မဲပေးကြစို့။
စဉ်းစားကြ အဖန်ဖန်
သတင်းမှား အကြံအဖန်တွေကို
အပြန်ပြန် မယုံလိုက်ကြပါနဲ့
ကြုံကြိုက်သည့် သည်နှစ်အခါကို
ပြည်သစ်ရွာတည်ထောင်ဖို့
ရည်ဆောင်ကာ ညီနောင်အပေါင်းရယ်
ခွပ်ဒေါင်းအလံ တလူလူလွှင့်လို့
အောင်မောင်းသံ တဒူဒူထုလို့
တို့ချစ်တဲ့ အမေစုကို
စုပေါင်းကာ တပြိုင်ထဲ
မဲပေးကြစို့။
No comments:
Post a Comment