သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၆)
အမယ်မင်း ဆရာမှိုင်း
အခါတိုင်းလို နေကာမရသမို့
မရဏာတိုင်း သေရွာကထပြီး
သည်လသည်အခါရောက်တိုင်း
တောင်ဝှေးလေး တတောက်တောက်ထောက်ပြီး
မှိုင်းတစ်ယောက် အပြေးကလေးရောက်ကာ
ရင်ထဲမှာ ကျိတ်သိမ်းလာခဲ့တာတွေ
စိတ်မထိန်းနိုင်တော့တဲ့အဆုံး
အခက်ပွေ အခြေနည်းသမို့
မျက်ရည်လေးတရွှဲရွှဲနဲ့
အပြေးသာယခု
အလေးလာပြုပါတယ်ကွဲ့ အောင်ဆန်းရဲ့။
အခါတိုင်းလို နေကာမရသမို့
မရဏာတိုင်း သေရွာကထပြီး
သည်လသည်အခါရောက်တိုင်း
တောင်ဝှေးလေး တတောက်တောက်ထောက်ပြီး
မှိုင်းတစ်ယောက် အပြေးကလေးရောက်ကာ
ရင်ထဲမှာ ကျိတ်သိမ်းလာခဲ့တာတွေ
စိတ်မထိန်းနိုင်တော့တဲ့အဆုံး
အခက်ပွေ အခြေနည်းသမို့
မျက်ရည်လေးတရွှဲရွှဲနဲ့
အပြေးသာယခု
အလေးလာပြုပါတယ်ကွဲ့ အောင်ဆန်းရဲ့။
ပြည်သူမှိုင် အခက်တိုးစေတဲ့
သည်ဇူလိုင် ဆယ့်ကိုးရောက်တိုင်း
ဘ၀င်အသည်းမှာ နာလွန်းလို့
အမယ်မင်း ဆရာမှိုင်း ရင်ကွဲနာကျတာ
ကောက်ချက်စစ်လိုက်တော့
ခြောက့်ဆယ့်ရှစ်နှစ်တောင် ရှိပါပကောကွဲ့ အောင်ဆန်းရဲ့။
သည်ဇူလိုင် ဆယ့်ကိုးရောက်တိုင်း
ဘ၀င်အသည်းမှာ နာလွန်းလို့
အမယ်မင်း ဆရာမှိုင်း ရင်ကွဲနာကျတာ
ကောက်ချက်စစ်လိုက်တော့
ခြောက့်ဆယ့်ရှစ်နှစ်တောင် ရှိပါပကောကွဲ့ အောင်ဆန်းရဲ့။
အောင်ဆန်းတို့ အာဇာနည်ကြီးတွေကတော့
မြန်မာပြည်ကြီးတော့ အောင်ပန်းတွေ တလူလူလွှင့်လို့
ပြည်သူတွေလည်း ခေါင်နန်းကိုရောက်လို့
ဘ၀င်ဝမ်းမှာ ရွှင်လန်းနေရှာရော့မယ်လို့
ဝတိံယံပြူတင်းတံခါးကနေ
စဉ်းစားကာ ပျော်နေရှာကြရော့မယ်။
မြန်မာပြည်ကြီးတော့ အောင်ပန်းတွေ တလူလူလွှင့်လို့
ပြည်သူတွေလည်း ခေါင်နန်းကိုရောက်လို့
ဘ၀င်ဝမ်းမှာ ရွှင်လန်းနေရှာရော့မယ်လို့
ဝတိံယံပြူတင်းတံခါးကနေ
စဉ်းစားကာ ပျော်နေရှာကြရော့မယ်။
အပြန်တစ်ရာလေ အသုံးမကျတဲ့ ငါတို့တစ်တွေကျန်ခဲ့လို့
ဘဏ္ဍာငွေတွေ ဘုန်းကြတာလည်း ဘာမှမပြောရဲ
ငဖျံမသာတွေရဲ့ စစ်ကျွန်အောက်ကလည်း ရုန်းမထနိုင်ပဲ
အာဇာနည်ကြီးတွေ ကျဆုံးပြီးကတဲက
မြန်မာပြည်ကြီးလည်း ဘ၀ရှုံးလာလိုက်တာ
အမယ်မင်း အောင်ဆန်းရဲ့
အခုထိ ဗလာချီပြီး ၀လုံးက မတက်နိုင်သေးပါဘူးကွဲ့။ ။
ဘဏ္ဍာငွေတွေ ဘုန်းကြတာလည်း ဘာမှမပြောရဲ
ငဖျံမသာတွေရဲ့ စစ်ကျွန်အောက်ကလည်း ရုန်းမထနိုင်ပဲ
အာဇာနည်ကြီးတွေ ကျဆုံးပြီးကတဲက
မြန်မာပြည်ကြီးလည်း ဘ၀ရှုံးလာလိုက်တာ
အမယ်မင်း အောင်ဆန်းရဲ့
အခုထိ ဗလာချီပြီး ၀လုံးက မတက်နိုင်သေးပါဘူးကွဲ့။ ။
(ကျနုပ်တို့ချစ်သော ဗိုလ်ချုပ်ကို ကိုယ်တော်မှိုင်းနေရာမှ ခံစားကာ ရေးဖွဲ့ရပါသဖြင့် အောင်ဆန်းဟု ရိုင်းပျစွာ သုံးစွဲရသည်ကို မေတ္တာရှေ့ထား ခွင့်လွှတ်ကြပါကုန်။)
No comments:
Post a Comment