သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၀)
(မှိုင်းဋီကာ(၉)မှ အဆက်)
ကဗျာဥာဏ်အာဘော်က ကလော်တိုင်းထွက်တာကြောင့် လို့ဆိုတဲ့
မောင်ပုညနောက်ပိုင်းမှာ မှိုင်းသခင်တစ်ယောက်သာ
နှီုင်းယှဉ်လောက်စရာ မြင်ပါသမျှ လင်္ကာချကာ ဘ၀င်မှာခပြီး
ရင်မှာတသသ စွဲကျန်အောင် ဇွဲသန်သန်နဲ့ ရေးနိုင်သဟ။
မောင်ပုညနောက်ပိုင်းမှာ မှိုင်းသခင်တစ်ယောက်သာ
နှီုင်းယှဉ်လောက်စရာ မြင်ပါသမျှ လင်္ကာချကာ ဘ၀င်မှာခပြီး
ရင်မှာတသသ စွဲကျန်အောင် ဇွဲသန်သန်နဲ့ ရေးနိုင်သဟ။
ဒါကြောင့်မို့ သခင်မှိုင်း မြင်တိုင်းကို စာစီသလို့
မြန်မာပြည်က လူတွေမနောကျအောင်
ပြည်သူတွေ ထပ်မမောရအောင်
ဆတ်ဆတ်သဘော ငါမှာတိုင်း ပြောပြာပါလေ။
မြန်မာပြည်က လူတွေမနောကျအောင်
ပြည်သူတွေ ထပ်မမောရအောင်
ဆတ်ဆတ်သဘော ငါမှာတိုင်း ပြောပြာပါလေ။
ဆရာမှိုင်းတို့ နိုင်ငံသားတွေကတော့ ပြိုင်စံကိုရှားသကွဲ့။
လူ့ပြည်ကို ခဏ အလယ်သွားကြ ပြီးရင်
အပါယ်တံခါးဝကို အပေါက်ရှာ ရောက်လာကြပြန်သဟ။
နောက်မှာလည်း ရောက်လာစရာတွေကလည်း
ကြောက်စရာကောင်းလောက်အောင်ကို များသေးသဟ။
စာရင်းစစ်ထံ မပြတ်တမ်းဝင်လာပုံများဖြင့်
ဂင်းနစ်မှတ်တမ်းတောင် တင်နိုင်သေးသဟဲ့။
မသတီပြန်စရာကောင်းအောင် ပြည်ဘဏ္ဌာငွေတွေကို
အပီကြံကာသိပ်တဲ့ မီလျံနာ ဘီလျံနာငရိတ်တွေက
ထိပ်ဆုံးက ရောက်လာမှာကွဲ့ ကိုမှိုင်းရဲ့။
လေးငါးယောက်တောင် အပြေးအလွှားရောက်လာပြီးပြီကွဲ့။

မီလျံနာ ဘီလျံနာနဲ့ အရှည်မစံရပါဘူး ကိုမှိုင်းရဲ့
အတည်ခံရမှာ သေချာထားတာက သေရွာလားရင်
အသည်းနားစရာကောင်းတဲ့ ငရဲရွာပြောင်းရမှာပါပဲ။
မှိုင်းသခင်ရဲ့ တိုင်းတစ်ခွင်က မိုးကျရွှေကိုယ် ခေတ်ပျက်သူဌေးတွေကို
ဘီလျံနာဆိုတဲ့ ပေါရာဏစကားကို ပြောကာပြလိုက်စမ်းပါလေ။
အများနှင့်ဆိုင်တဲ့ပစ္စည်းကို မတရားသဖြင့်အနိုင်ယူကာ
ချစ်တီးလို အညစ်ကြီးညစ်ပြီး ပရမ်းပတာနဲ့
ချမ်းသာလာတာ ၀မ်းသာမနေကြနဲ့ဗျ။
မဝေးတဲ့ အနာဂတ်မှာ ငရဲဂတိကို ဆွဲစိခံရပြီး
အကြွေးထပ်ကာ ပေးဆပ်ရာမှာက နှစ်သန်းချီကြာပြီး
အနာကြီးနာမှာမို့ ဘီလျံနာလို့ ခေါ်သဟဲ့။

ကမျင်းမနီလောက်ရတဲ့ လစာနဲ့
လကုန်ရက်ထိတောင် အလျင်းမမှီနိုင်တာ
အတင်းပလီကာ လကမ္ဘာထိ တက်တဲ့ ကုန်ဈေးနှုန်းနဲ့
ရိုးရိုးသားသား ကြိုးစားရှာရင်ဖြင့်
ဘယ့်နှယ်လုပ် ခုန်ပြီး သူဌေးဖြစ်နိုင်ပါ့မတုန်း ကိုရင်မှိုင်းရဲ့။
လကုန်ရက်ထိတောင် အလျင်းမမှီနိုင်တာ
အတင်းပလီကာ လကမ္ဘာထိ တက်တဲ့ ကုန်ဈေးနှုန်းနဲ့
ရိုးရိုးသားသား ကြိုးစားရှာရင်ဖြင့်
ဘယ့်နှယ်လုပ် ခုန်ပြီး သူဌေးဖြစ်နိုင်ပါ့မတုန်း ကိုရင်မှိုင်းရဲ့။
လစာလေးက တစ်ပဲခြောက်ပြားနဲ့ အသောက်အစားက မကင်းသေး
သည်ကြားထဲ ဖောက်ပြားကမြင်းသေးတာက
လာလားမျှ အလိုမပြေတော့ ကားရားအိုကေဆိုလား
သွားလိုသွားကြ။အိမ်က မယားကိုကြ အမှတ်မရ
အမြတ်ရမယ်ဆိုရင်တော့ သမ္မာအာဇီဝ
ကျ၏လော မကျ၏လော တရားသော မတရားသော နောဇာနာမိ ငါမသိ။
သည်ကြားထဲ ဖောက်ပြားကမြင်းသေးတာက
လာလားမျှ အလိုမပြေတော့ ကားရားအိုကေဆိုလား
သွားလိုသွားကြ။အိမ်က မယားကိုကြ အမှတ်မရ
အမြတ်ရမယ်ဆိုရင်တော့ သမ္မာအာဇီဝ
ကျ၏လော မကျ၏လော တရားသော မတရားသော နောဇာနာမိ ငါမသိ။
မယားအပိုရှာတော့ တစ်ပါးအပျိုကညာကို
ပေးကမ်းဖို့ရာ မနှေးစတမ်း ဖွေရှာရတော့
သေရွာလားရင် အပါယ်ဆိုက်မယ့်
အကုသိုလ် အမိုက်တိုက်တွေကြီးလုပ်ကြရော။
သခင်မှိုင်းတို့ခေတ်ဟာဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ မဟုတ်ဘူး
ကုသိုလ်တစ်ပဲ ငရဲမင်းကွန်းခေါင်းလောင်းလို့တောင်
စာပြောင်းပြီး ချိုးရတော့မလိုပဲ။

ကဲပါကွယ် ဒင်းတို့ ဘီလျံနာတွေ အကြောင်းပြောရတာ
အာခြောက်ကာ ဖေခမျာ အမောဖက်လှသမို့
ကဗျာဆောက်ကာ ဖွေရှာ အပြောဆက်နိုင်အောင်
တောအရက်ကလေးနဲ့ ဆိုင်းဦးမယ်ဗျား။
အာခြောက်ကာ ဖေခမျာ အမောဖက်လှသမို့
ကဗျာဆောက်ကာ ဖွေရှာ အပြောဆက်နိုင်အောင်
တောအရက်ကလေးနဲ့ ဆိုင်းဦးမယ်ဗျား။
No comments:
Post a Comment