သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၈)
ဥစ္စာရူး တဏှာရူး အာဏာရူး ဘ၀င်ရူး တဲ့ ကိုမင်းရာရဲ့။
ရှိသမျှ အရူးထဲမှာ ကျုပ်တို့ဆီက
ဝင်ကြီး(၀န်ကြီး)တွေမှာဖြင့် အထင်ကြီးစရာအချက်
တစ်ကွက်မပါဘူး အရူးလေးပါးရောယှက်ထားလို့
ပြောထွက်လာသမျှစကားကလည်း
မနောပျက်စရာက များနေပါပေါ့လား ကိုမင်းရာရဲ့။
ရှိသမျှ အရူးထဲမှာ ကျုပ်တို့ဆီက
ဝင်ကြီး(၀န်ကြီး)တွေမှာဖြင့် အထင်ကြီးစရာအချက်
တစ်ကွက်မပါဘူး အရူးလေးပါးရောယှက်ထားလို့
ပြောထွက်လာသမျှစကားကလည်း
မနောပျက်စရာက များနေပါပေါ့လား ကိုမင်းရာရဲ့။
ဒါပေမယ့် တစ်ခါတစ်လေကျတော့
သူငယ်စကား သဘင်စကား သူရူးစကားတို့ဟာ
တမူထူးခြားလာရင်တော့
အတိတ်တဘောင် နိမိတ်ဆောင်သတဲ့ ကိုမင်းရာရဲ့။
သူငယ်စကား သဘင်စကား သူရူးစကားတို့ဟာ
တမူထူးခြားလာရင်တော့
အတိတ်တဘောင် နိမိတ်ဆောင်သတဲ့ ကိုမင်းရာရဲ့။
ယနေ့တစ်ပြည်လုံး ပါးစပ်ဖျားမှာ
မှတ်သားစရာ အကြိုက်စကားကတော့
ဆိုက်ကားဆိုတဲ့ စကားတစ်လုံးကတော့
အများသုံးလာလိုက်တာတဲ့ ဖွဘုတ်တစ်ခွင်
ပထုတ်လို့ပင် မရအောင် ဖြစ်နေပါလား ကိုမင်းရာရဲ့။
မှတ်သားစရာ အကြိုက်စကားကတော့
ဆိုက်ကားဆိုတဲ့ စကားတစ်လုံးကတော့
အများသုံးလာလိုက်တာတဲ့ ဖွဘုတ်တစ်ခွင်
ပထုတ်လို့ပင် မရအောင် ဖြစ်နေပါလား ကိုမင်းရာရဲ့။
ဇမ္ဗူဒိတ် နိမိတ်ထွန်း၊ ဇမ္ဖူဒီပါ လက်ယာကျွန်း
သြဘာနိမိတ်ထွန်း တဲ့ကိုမင်းရာရဲ့။
သြဘာနိမိတ်ထွန်း တဲ့ကိုမင်းရာရဲ့။
အမေစုရဲ့ ကံဇာတာ
မြန်မကြာ ပျက်ယွင်းအောင်လို့
ပြည်သူတွေ အခက်ပူစေတဲ့ ကြက်ဆူနဲ့
ဟိုငမိုက်သားက ကက်ကင်း ရိုက်ထားခဲ့သတဲ့ အခုတော့ ကြက်ဆူ ကက်ကင်းကို
ဖျက်ခွင်းမယ့် ဆိုက်ကားဆိုတဲ့ နိမိတ်တဘောင်က
အတိတ်ဆောင်လာတာပဲ ကိုမင်းရာရဲ့။
မြန်မကြာ ပျက်ယွင်းအောင်လို့
ပြည်သူတွေ အခက်ပူစေတဲ့ ကြက်ဆူနဲ့
ဟိုငမိုက်သားက ကက်ကင်း ရိုက်ထားခဲ့သတဲ့ အခုတော့ ကြက်ဆူ ကက်ကင်းကို
ဖျက်ခွင်းမယ့် ဆိုက်ကားဆိုတဲ့ နိမိတ်တဘောင်က
အတိတ်ဆောင်လာတာပဲ ကိုမင်းရာရဲ့။
ဆိုက်ကားနင်းရင် ချမ်းသာမယ်ပြောတာက
ပြည်ခွင်တစ်ဝှန်း ကြည်ရွှင်လမ်းကာ ချမ်းသာဖို့အရေး လူ့ပြည်မှာ အတုမမှီတဲ့
စုကြည်နဲ့ သွားမှ ချမ်းသာမယ် လို့
နိမိတ်ထူးနဲ့ အတိတ်တွေမြူးလာတာမို့
အောင်ဆန်းစုကြည် ဘာမထီ ဇာနည်တစ်ယောက်ပေမို့
အောင်ပန်းသူ့ဆီ မကြာမီ ရောက်တော့မကွဲ့
ဝဠာဟီအောင် သူ့ဂုဏ်ရောင် တောက်တော့မှာမို့
မဟာဆီ သာကီဖွားတို့ရဲ့ မြန်မာပြည် ကမ္ဘာအမှီသွားနိုင်အောင်
ကောင်းအတိတ်တွေ ထွန်းလို့
ကိုမင်းရာရေ သြောင်းနိမိတ်ဇေယျာ သွန်းကြစို့ဗျား။ ။

No comments:
Post a Comment