သခင်ကိုယ်တော်မှိုင်း၏ မှိုင်းဋီကာ(၅)
ဘယာဝိုင်းကာ နေရှာကြတဲ့ ဆရာမှိုင်းတို့ရဲ့
မန်မာတိုင်း ပြည်ခွင်တစ်ဝှန်းမှာဖြင့်
ကြည်ရွှင်လန်းစရာ သတင်းကလေးမွှေးလာတော့
ထမင်းကလေးလွေးရတာတောင် တယ်အရသာ ရှိသကိုး ကိုမင်းရာရဲ့။
တောင်သာသခင် ငသောင်းကြီးကတော့
အကောင်မသာအသွင်ပြောင်းပြီး
နောင်မကြာခင် အခေါင်းကြီးထဲ
ရောက်တော့မယ်တဲ့ ကိုမင်းရာရဲ့။
တရုတ်ထံ အထုတ်မကျန်အောင်
မြှုပ်နှံထားတဲ့ ရှယ်ယာဈေးကွက်က
မရွယ်ပါပဲ သွေးပျက်အောင်ကျသမို့
အပါယ်ရွာကို အပြေးထွက်ရအောင်
သွေးတက်ကာ သတိမရလေတော့
ရှိသမျှ ပြေတစ်ခွင်ကနေ မသေခင်
အတင်းဖုန်းထားတဲ့ငွေနဲ့ လေယာဉ်စင်းလုံးငှားလို့
စလုံးကို ဘ၀မဆုံးအောင်ပြေးရသတဲ့။

ကျုပ်တို့ ပြေရွာတစ်ခွင်ကတော့ ဒင်း သေတာသာ မြင်ချင်ကြသဟ။
အာဏာလေးမြဲဖို့အရေး
ဘာသာရေးလည်း အလွတ်မထား
မွတ်ကုလားမုန်းတဲ့ ဖွတ်ကြားကတုံးနဲ့ပေါင်းပြီး
အာဏာလေးမြဲဖို့အရေး
ဘာသာရေးလည်း အလွတ်မထား
မွတ်ကုလားမုန်းတဲ့ ဖွတ်ကြားကတုံးနဲ့ပေါင်းပြီး
စုတ်ပြတ်တဲ့ သူ့လုပ်ရပ်ကို
အတိတ်ဆီမှာ သွားထိုးထားခဲ့လို့ မရဘူး ကိုမင်းရာရဲ့
မိတ္ထီလာ လားရှိုးကို အရိုင်းငမိုက်တို့ မှိုင်းတိုက်လို့
မြို့ကြီးတစ်ခွင် ရှို့မီးတင်ခံရတာ
မန္တလာမြေကို ရန်လာချွေတာတွေက
ဘာကြာသေးလို့တုန်း ကိုမင်းရာရဲ့။
အတိတ်ဆီမှာ သွားထိုးထားခဲ့လို့ မရဘူး ကိုမင်းရာရဲ့
မိတ္ထီလာ လားရှိုးကို အရိုင်းငမိုက်တို့ မှိုင်းတိုက်လို့
မြို့ကြီးတစ်ခွင် ရှို့မီးတင်ခံရတာ
မန္တလာမြေကို ရန်လာချွေတာတွေက
ဘာကြာသေးလို့တုန်း ကိုမင်းရာရဲ့။
လွဲမှားတဲ့စရိုက်နဲ့ သတိလစ်နေတဲ့
ငနဲသားငမိုက်ကို ဖိစစ်ဖို့ရာ
ငရဲသားတစ်သိုက်က ယမမင်းထံ ခေါ်သွားကြတယ်ဆိုလို့
ကျုပ်လည်း ဖုန်းဆက်ကြည့်တော့
ယမမင်းက မြန်ပြည်သားတို့ရေ
အပြုံး မပျက်ကြနဲ့ဟ ကတုံးငဖျက်ရော သူဖုန်းသူဝှက်ရော
ယုတ်စွအဆုံး နှလုံးစက်ပါ အသုံးမတက်အောင်
တစ်ယောက်ပြီးတစ်ယောက် အကြောက်ကြီးကြောက်ရအောင်
ငရဲဂတိကို ဆွဲစိတော့မယ်ဟတဲ့။

သူတစ်ပါးမြေကို ယူထားလေတဲ့ မြေသူခိုးတွေ
သေပြီးတန်းချိတ်မှာက မြေကြီးထမ်းပြိတ္တာတဲ့။
မြို့ကြီးတစ်ခွင် ရှို့မီးတင်တဲ့ကောင်တွေကိုတော့
မီးသမုဒ္ဒရာထဲ အပြီးမြှုပ်ကာ ဆွဲချလိုက်မယ်တဲ့။
သေပြီးတန်းချိတ်မှာက မြေကြီးထမ်းပြိတ္တာတဲ့။
မြို့ကြီးတစ်ခွင် ရှို့မီးတင်တဲ့ကောင်တွေကိုတော့
မီးသမုဒ္ဒရာထဲ အပြီးမြှုပ်ကာ ဆွဲချလိုက်မယ်တဲ့။
ကြားမိတဲ့စကားကတော့ အားရှိစရာပေပ ကိုမင်းရာရဲ့
အဲသည်တော့ ဒီဇင်္ဘာ နှစ်တစ်မှာ
ပြည်တစ်ခွင်မှာ စနစ်သစ်ဖြစ်စေဖို့
ကောင်းအတိတ်တွေ ထွန်းလို့
ကိုမင်းရာရေ သြောင်းနိမိတ်ဇေယျာ သွန်းကြစို့ဗျား။ ။
ပြည်တစ်ခွင်မှာ စနစ်သစ်ဖြစ်စေဖို့
ကောင်းအတိတ်တွေ ထွန်းလို့
ကိုမင်းရာရေ သြောင်းနိမိတ်ဇေယျာ သွန်းကြစို့ဗျား။ ။
ကျုပ်တို့ ပြည်မြန်မာကြီးလည်း သည်တစ်ခါ
ကမ္ဘာနဲ့အမှီ ရင်ပေါင်တန်းနိုင်အောင်
ဝဠာဟီအောင် အောင်မောင်းသံထုလို့
သပြေနုနဲ့ ဖြန်းစေသော်ဝ်။
ငွေခရုနဲ့ သွန်းစေသော်ဝ်။
ဇေယျတုနဲ့ ယွန်းစေသော်ဝ်။
အမေစုနဲ့ လန်း(ထွန်း)စေသော်ဝ်။
ကမ္ဘာနဲ့အမှီ ရင်ပေါင်တန်းနိုင်အောင်
ဝဠာဟီအောင် အောင်မောင်းသံထုလို့
သပြေနုနဲ့ ဖြန်းစေသော်ဝ်။
ငွေခရုနဲ့ သွန်းစေသော်ဝ်။
ဇေယျတုနဲ့ ယွန်းစေသော်ဝ်။
အမေစုနဲ့ လန်း(ထွန်း)စေသော်ဝ်။
No comments:
Post a Comment