ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၄)
ကျုပ်မှာသစ်ပင်ပေါ်က ပြုတ်ကျတာ ၅ခါတောင်ဗျ။ဂင်းနစ်မှတ်တမ်းတောင် ဝင်ချင်ဝင်နိုင်ဦးမယ်ဗျ။သစ်ပင်ပေါ်မှ ပြုတ်အကျဆုံးလူဆိုပြီးတော့။အဲဒီလောက်တောင် ဆော့ခဲ့တာကိုး။သူငယ်တန်း၊၂တန်း၊၅တန်း၊၉တန်း၊ဆယ်တန်း
အောင်ပြီးတော တစ်ခါ ငါးခါပြုတ်ကျတာ။ကံတော့ အတော်ကောင်းတယ်ဗျ။တစ်ခါမှ ကျိုးတယ်ကန်းတယ် မရှိခဲ့ဘူး။ဘယ်ဘက်လက်ပြင်အုံပဲ အကြောလွဲလွဲ သွားတယ်။
၂တန်းတုန်းကပေါ့။မိုးရာသီ တမနက်မှာ မိုးရွာပြီးစ ကျုပ်တို့လည်း ဆွမ်းစားပြီးစ အလုပ်အားနေတဲ့ အချိန်ပေါ့။ကျုပ်လည်း စောင်းလျားပင်ပေါ်တက်ပြီး စောင်လျားသီး တက်ခူးတာပေါ့။ကိုရင်ကြီးဖိုးပုက အပင်အောက်က။
ကျုပ်လည်း ကိုရင် ဒီအလုံးလေး ကောက်ထားပေးစမ်းပါ ဆိုပြီး စောင်လျားသီးမှည့်လေး လှမ်းအခူး ခြေထောက်နင်းထားတဲ့
အကိုင်းခြောက်က ကျိုးပြီး ကျုပ်လည်း အောက်ပြုတ်ကျပါရော။အုန်းမောင်းကြီးချိတ်ထားတဲ့နေရာဘေးက ပြုတ်ကျတာ။
ကျုပ် ဘယ်ဘက်ပါးတစ်ခြမ်းနဲ့ အုန်းမောင်းအောက်က ကကျောက်တုံးကြီးနဲ့ ပွတ်တိုက် ကျလိုက်တာ ကျုပ်ပါးတစ်ဖက်
စုပ်ပြဲသွားတာပေါ့။ကျုပ်လည်း ပြုတ်ကျရော ကိုရင်ကြီးဖိုးပုက ကျုပ်ကို မထူပဲ တစ်ခြားကျောင်းသားတွေရှိတဲ့ ဇရပ်ပေါ်ကို
ငယ်သံပါအောင်အော်ပြီး တက်ပြေးသွားတယ်။
ဘုန်းကြီးက ပြတင်းပေါက်က ကြည့်နေတဲ့အချိန်နဲ့ ကြုံတော့ ဘုန်းတော်ကြီးလည်း ဆင်းပြေးလာပြီး ကျုပ်ကို ပွေ့ထူ ပြီး ဆေးသိပ်ပေးတယ်။ပြီးတော့ ကိုရင်ကြီးဖိုးပုကို သစ်ပင်ပေါ်က ကျတဲ့သူကို မထူပဲ ထွက်ပြေးရမလားဆိုပြီး ရိုက်လိုက်
တာလေ။ကျုပ်သစ်ပင်ပေါ်က ပြုတ်ကျတာ ကိုရင်ကြီးပါ နေရင်းထိုင်ရင်း အရိုက်ခံလိုက်ရဲ့။
့

No comments:
Post a Comment