Friday, November 21, 2014

ပြုံးတော်မူ(၂၅)

ကျုပ်တို့ရွာ မူလတန်းကျောင်း ဘက
ကနေ အစိုးရကျောင်း ပွင့်တာက ၁၉၇၅ နိုဝင်္ဘလ ၁၉ ရက်နေ့ဗျ။
ကလေးတုန်းက ကျောင်းရှေ့မှာ ကစားရင်း ဖတ်ခဲ့မိတဲ့ နေ့စွဲပဲ။
ကလေးဘဝ မှတ်ဥာဏ်အရပေါ့။
ဟုတ်မဟုတ်တော့ ရွာရောက်မှ ပြန်ကြည့်ရဦးမယ်။
ကျောင်းပွင့်ပွင့်ချင်း ပထမဆုံး ကျောင်းအုပ်ကြီးက အင်တောရိုးရွာက ဆရာကြီဦးမောင်ကိုပဲဗျ။ဆရာကြီးက တော်လည်းတော် ကောင်းလည်း
ကောင်း ရိုက်လည်းရိုက်သပေါ့လေ။
ဆရာကြီးက ကျောင်းသားတွေကို ပန်းချီအနုပညာ အဆိုအက စသဖြင့်သူကိုယ်တိုင် သီချင်းစပ်ပေး သူကိုယ်တိုင် သံချပ် ခွန်းထောက်
ရေးပြီး ကလေးတွေကို သီတင်းကျွတ် ကျောင်းကပွဲ လုပ်ပြီး ဖျော်ဖျေစေတယ်။စကားရည်လုပွဲတွေတက်ပြီး ပြောစေတယ်။ကျုပ်တောင် ၂တန်းကတဲက စကားရည်လုပွဲ တက်တက် ပြောခဲ့ရရဲ့။သည်လို
ဆရာတွေလည်း ရှားမှရှားပေါ့။
အခုခေတ် ဆရာတွေနဲ့ယှဉ်လိုက်
တော့ အဆမတန် ကွာသွား
တာကို တွေ့ရရဲ့။ကျုပ်တို့တစ်တွေက ကျုပ်တို့ရဲ့ ကလေးဘဝက ဆရာကို တမ်းတမ်းတတ ဖြစ်နေရတဲ့ အချိန်မှာ
ကျုပ်သားသမီးတွေဖြင့် သူတို့ဆရာ
တွေကို တမ်းတဖို့ဝေးစွ။သည်နှစ်
သည်ဆရာမနဲ့ မြန်မြန်ကုန်ပါစေတော့ ဆုတောင်းနေကြပါရောလား။
အခုလည်း သူ့ဆရာမတွေက ကျူရှင်မတက်တဲ့ ကလေးနဲ့ ကျူရှင်တက်တဲ့ကလေး အတန်းထဲမှာ ခွဲခြားလိုခွဲခြား လဝကက မှတ်ပုံတင် လာလုပ်ပေးတော့ အသက်အကြီးအငယ်တိုင်း ဦးစားပေးမ ခေါ်ပဲ သူ့ကျူရှင်တက်တဲ့ ကလေး ရွေးခေါ် သွားလို့ အသက်အကြီးဆုံး ကျုပ်သမီး မှတ်ပုံတင် လုပ်ပေးမှန်းတောင် မသိလိုက်ရဘူး။လဝကကလည်း လုပ်ပေးမယ်ဆို အကုန် လုပ်ပေးဖို့ ကောင်းရဲ့။လူ၂၀လောက် ရွေးလုပ်သွားတော့ မလုပ်လိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ထဲ စိတ်ဒါဏ်ရာ ရတာပဲ ကျန်ရစ်တော့တယ်။
ကျုပ် ပိုက်ဆံနှမြောလို့ ကျူရှင် ထားမပေးတာ မဟုတ်ပါဘူး။
စနစ်ကြီးကို ရွံလွန်းလို့။ဘယ်နှယ် သူငယ်တန်းကနေ တက္ကသိုလ်ထိ ကျူရှင်နဲ့ကို မကင်းနိုင်တော့ဘူး။
ကျုပ်တို့ သူငယ်တန်းကနေ မဟာဘွဲ့ရတဲ့ထိ ဘာကျူရှင်မှ မတက်ခဲ့ရပါဘူး။သူတို့ခေတ်ကြမှ တက်လိုက်ရတဲ့ ကျူရှင် စာတွေတတ်လာသလားဆိုတော့ စိတ်ညစ်ဖို့ ကောင်းပါဘိတော့။
ကလေးတွေမှာ ကစားချိန်ဆိုတာ လုံးဝ မရှိတော့ဘူး။မနက်လင်း ကျူရှင် ကျောင်းဆင်းတော့လည်း ကျူရှင်နဲ့ ဒီကျူရှင် သံသရာကနေ ဘယ်တော့များ ထွက်နိုင်မှာလည်း မသိတော့ဘူး။သည်အကြောင်းတွေ ရေးနေရတာနဲ့ ကျုပ်ဆရာကြီး ဦးမောင်ကို ဇာတ်လမ်းတောင် ဘယ်ရောက် သွားပြန်မှန်း မသိတော့ဘူး။
ကျုပ်အထက်က ပြောခဲ့သလိုပဲ ကျုပ်တို့ဆရာကြီးက ကျုပ်တို့ကလေးတွေကို လူတောတိုးအောင် ငယ်ကတဲက လေ့ကျင့်ပေးခဲ့တာဗျ။ကျုပ်တို့ ကျောင်းများ အဲဒီတုန်းက တောင်သူလယ်သမားနေ့ ပြိုင်ပွဲတွေဆိုရင် ဆုမရတဲ့ ပြိုင်ပွဲကို မရှိဘူး။သုံးဖွဲ့ ဝင်ပြိုင် သုံးဖွဲ့လုံး ဆုရတာပဲ။
ကျုပ်တို့ သူငယ်တန်းစတက်တော့ ညနေပိုင်းကြရင် ဆရာကြီးက ကျုပ်တို့ အားလုံးကို ခေါ်ပြီး ဗဟုသုတ ဘယ်လောက်ရှိလဲ သတင်းထူး ဘာတွေ ရှိလဲ ခေါ်ခေါ်မေးတယ်ဗျ။
တစ်ညနေမှာ ကျုပ်တို့ကို ခေါ်ပြီး ဆရာကြီးက မင်းတို့ ဥသြတွန်သံ ကြားဖူးကြသလားတဲ့။ဆန်းလွင်က ထဖြေတယ်။ကြားဖူးပါတယ် ဆရာကြီးတဲ့။ဘယ်လို တွန်သာလဲကွ ဆိုတော့ ဆန်းလွင်က အောက်အီးအီးအွတ် လို့ တွန်တာပါ ဆရာကြီးတဲ့။ဆရာကြီးမှာ မျက်ရည်ကို ထွက်လို့ဗျာ။ရီလိုက်တာ။
ပြီးတော့ ထပ်မေးတယ်။လေကို မြင်ဖူးကြသလား တဲ့။ကျုပ်အကို ဝမ်းကွဲ စိုးတင့်က မြင်ဖူးပါတယ် ဆရာကြီ။မနေ့က ကျနော်တို့ အိမ်ပေါက်ဝမှာ ပြေးနေတာ တဲ့။
ကဲကဲ ဒါတွေထားပါတော့ မင်းတို့ ဘာသတင်းထူးတွေ ကြားမိလဲ ဆရာကြီးကို ပြောပြကြစမ်းပါ တဲ့။ ခက်ချေပြီ။ကျုပ်တို့မှာ ရေဒီယိုမရှိ သတင်းစာဆိုတာ မြင်တောင်မမြင်ဖူး ဘယ့်နှယ်လုပ် သတင်းထူး ပြောစရာ ရှိပါ့မတုန်း။မပြောမနေရဆိုတော့ ကျုပ်တို့လည်း ရွာထဲက ရန်ဖြစ်တဲ့ အကြောင်းတွေ လျောက်ပြေရသပေါ့။
ကျုပ်အလှည့်ကျလို့ ကျုပ်ပြောခဲ့ရတာုကတော့ကျုပ်ဦးလေးနှစ်ယောက် 
ရန်ဖြစတာကို ပြောပြခဲ့ရဲ့။
်ဦးဘသီနဲ့ ဦးတင်ညွန့်တို့ ရွာကလူတွေ အလှူလုပ်ဖို့
ွစကားပြောနေကြတဲ့ဝိုင်းမှာ
ှရန်ဖြစ်လို့ ကျန်တဲ့လူတွေက ဖျန်ဖျေပြီး ချော့လွှတ်လိုက်လို့ ဦးဘသီလည်း ပြန်သွားပြီး အိမ်ကနေ လှည်ထမ်းပိုးကျည်းယူလာပြီး ဦးတင်ညွန့်ကို နောက်ကနေ ချောင်းရိုက်ပြီး ဘသီတဲ့ကွ လို့ ဆိုသတဲ့။ချောင်းရိုက်တဲ့လူက ဘသီတဲ့ကွ လို့ အော်သတဲ့လေ။
သောင်းပိုကတော့ ဘုန်းကြီးကျောင်း
ဘေးက ဒေါ်သိန်းကြွယ်တို့ လင်မယာ ရန်ဖြစ်တာကို ပြောပြသတဲ့။
ဒေါ်သိန်းကြွယ်နဲ့ ဦးခင်ညို ရန်ဖြစ်တော့ ဒေါ်သိန်းကြွယ်က အိမ်းဘေးက သူ့မောင်ကြီးကို မောင်ကြီးရေ ကယ်ပါဦးဆိုတော့ သူ့မောင်ကြီးက ပြေးလာတော့်သူတို့လင်မယား အခန်းထဲ ရန်ဖြစ်ရာက ဖြစ်ပုံကြောင့် 
သူ့မောင်ကြီးဦးထွန်းပိုင်လည်း ဟင် ဆိုပြီး ပြန်လှည့်ခဲ့ရတယ်တဲ့။ဟီး ဟီး။
ဆရာကြီးလည်း ကျုပ်တို့ရွာကျောင်း
မှာ ၈နှစ်လောက် နေပြီး သူတို့ရွာကို ပြောင်းသွာတယ်။ဒါနဲ့ ဆရာကြီးနဲ့ အဆက်ပြတ်သွားသပေါ့။၈တန်း
ရောက်တော့ သူတို့ရွာက ကျောင်းသားတစ်ယောက်နဲ့ တွေ့ရလို့
ဆရာကြီးက ကလေးတွေ သတင်းထူး မပြောခိုင်းလား မေးကြည့်တော အရင်တုန်းက ပြောခိုင်းတယ်ကွ။အခုတော့ မပြောခိုင်းတော့ဘူးတဲ့။ဘာလို့တုန်းလို့မေးတော့ တစ်ညနေမှာ သူငယ်တန်းကလေးကို သတင်းထူး ပြောခိုင်းတော့ ကောင်လေးက ဆရာကြီး ခင်များ ဆရာကြီးသမီး အကြီးမ မနေ့တုန်းက ရွာထိပ်က လက်ပံပင်အောက်မှာ သူ့ရီးစားနဲ့ ချိန်းတွေ့တာ မြင်ခဲ့ရသဗျ လို့လည်း ပြောလိုက်ရော
ဆရာကြီးလည်း ဟေ ဆိုပြီး အဲဒီကတဲကစ သတင်းထူး မမေးတော့ဘူးတဲ့ဗျ။့
ဆရာကြီး ကျန်းမာပါစေသော်။

No comments:

Post a Comment