ဘုန်းကြီးကျောင်းသားဘဝ အမှတ်တရများ(၁၀)
ကိုရင်ကြီးဖိုးပုရဲ့ အမေ ဒေါ်ရှပ်တော်က ရွာဆော်ဗျ။ရွာဆော်ဆိုတာ ရွာထဲက သာမှုနာမှု ပတ်ဝန်းကျင်ရွာ သာမှုနာမှု
ရပ်ရွာရဲ့ လုပ်ငန်းကိစ္စ အဝဝကို ရွာရိုးကိုးပေါက် လှည့်အော်ရတာ။တစ်ချို့ဒေသကတော့ ဗျိုးဟစ်တယ် ခေါ်ကြတယ်ဆိုပဲ။
ကျုပ်တို့ဆီကတော ဗျုးမဟစ်ဘူးဗျ။တောဟစ်တယ်လို့ပဲ ပြောရမလားပဲ။ဥပမာဆိုရရင် မနက်ဖန် စည်ပတုံးချောင်းကို
ပိတ်ပြီး ဆည်တက်ဖို့ဆိုရင် ဒေါ်ရှပ်တော်က အော်တယ်။မနက်ဖန်မနက် ဆည်ညောင်ပင်က ကောက်ရိုးတစ်ထုံး
ဆီနဲ့ ခရိုင်ဆုံပါတဲ့ တော။အဲဒီလို အော်တာပေါ့လေ။သူ့ ကို ရွာကနေ တစ်အိမ်ထောင် စပါး သုံးပြည်နှုန်း တစ်နှစ်စာ ပေးရတယ်။ုတစ်နှစ်ဆို စပါး တင်း ၃၀လောက်ရတာပေါ့။
ဒေါ်ရှပ်တော်က ဆင်းရဲပေမယ့် စေတနာကတော့ ကောင်းသဗျ။သူ့သား သုံးယောက်ပဲ ကျောင်းမှာ ကိုရင်ကြီး ကြာကြာ ဝတ်ဖူးကြတာ။သားအကြီးဆုံး ဖိုးချို ရှင်လိင်ပျံတော့ ဒုတိယသား ဖိုးပုက ကိုရင်ကြီး ဖြစ်လာပြန်တယ်။သားအငယ်ဆုံး
ကြည်မောင်ကသျှောင်ပေစူးလေးနဲ့။အဲဒီကောင်ဟာ ကျုပ်တို့ရွာရဲ့ နောက်ဆုံး သျောင်ပေစူးပဲ။အဲဒီနောက် သျောင်ပေစူး
တစ်ယောက်မှ မရှိတော့ဘူး။သျောင်ထုံးရှိတဲ့ အဖိုးကြီးကလည်း ၂ယောက်ပဲ မှီတယ်။ဦးဖိုးဥာဏ်နဲ့ ဦးထွန်းစေပေါ့။
ဒေါ်ရှပ်တော်က မှိုရှာလည်း အရမ်းတော်တယ်။ကျုပ်ကလေးတုန်းက သူနဲ့ အင်ဥရှာ လိုက်သွားပြီး ကျုပ် မျက်စိလည်
တာတောင် သတိယမိသေးရဲ့။မျက်စိလည်တယ်ဆိုတော့ ဘာမှမမှတ်မိဘူးဗျ။မယုံမရှိနဲ့။သူတို့ရွာပြန်တယ်ဆိုလို့သာ
ရောလိုက်လာရတယ်။ဘာမှမသိဘူး။လမ်းမှာ ရွာကလူကြီး ဦးဖုန်းချို တဲထဲဝင် ရေသောက်တာတောင် အဲဒီလူကြီးတွေကို မမှတ်မိဘူးဗျ။မျက်စိလည်ပုံများပြောပါတယ်။
သူ့သားဖြစ်တဲ့ ကိုရင်ကြီး ဖိုးပုကလည်း သူ့အမေဗီဇပါဟန်တူရဲ့။အားနေရင် ကျောင်းစည်ရိုးကြားထဲ ဟိုဟာရှာဒီဟာရှာနဲ့။
တစ်ညနေမှာ ကိုရင်ကြီးဖိုးပုက ကျုပ်တို့ကို လှမ်းအော်ခေါ်တယ်။ဟေ့ကောင်တွေ လာကြဟေ့ ငှက်စွတ်မှိုတွေ အများကြီး တဲ့။ကျုပ်တို့လည်းပြေးသွားကြတာပေါ့။ကျုပ်တို့လည်းရောက်ရော ကိုရင်ကြီးက သူ့ဧကသီ သင်္ကန်းနဲ့ အပြည့်ထုပ်ထားတဲ့ မှိုထုပ်ကြီး ထမ်းပြီးအိမ်ပြန်သွားပါလေရော။မှိုတွေကို သူနှုတ်ပြီး အားရမှ ကျုပ်တို့ကို ခေါ်တာပေါ့။ကျုပ်တိုလိုက်ရှာတော့
မှိုကလေး လေးငါးပွင့်ပဲ ရတော့တယ်။သည်ငှက်စွတ်မှိုက အုံနဲ့ကျင်းနဲ့ ပေါက်တဲ့အမျိုးကို။တစ်နေရာပေါက်ရင်
ဖျာလေးငါးခြောက်ချပ်စာလောက်ပေါက်တာကိုး။သည်လောက်များတဲ့မှိုကို ကျုပ်တို့အတွက် လေးငါးပွင့်လောက်ပဲ ချန်ထားခဲ့ပြီး သူကတော့ သင်္ကန်းနဲ့ တစ်ထုပ်ရသွားလေရဲ့။
လောဘကြီးပါဘိ ကိုရင်ကြီးဖိုးပုရယ်။