Saturday, June 20, 2015

သမိုင်း

ပါးစပ်ရာဇဝင်၌ လာသော ဗိဿဿသနိုးမင်းသမီး၏ လက်ချက်ဖြင့် ဦးရင်ကြီး အသတ်ခံရသည့်နေရာ။ ဒေသခံတို့ကား ဦးရင်ကန်ဟု ခေတ်အဆက်ဆက်ခေါ်လာကြကုန်၏
ကန်ထဲတွင်ပေါက်နေသည့် လူတစ်ဖက်ခန့်ရှိသည့် ပြည့်စွန်ပင်နှင့်အသီး။မှန်ပင်ကြီးနှင့် ဖလံပင်။

ပါးစပ်ရာဇဝင်အလိုကား ဗိဿဿ`  ပ နိုးသမီးနှင့် ဒွတ္တပေါင်မင်းကြီး တို့သည် တစ်ခုသောဘဝ၌ ပွေးဖိုနှင့်ပွေးမအဖြစ် ပေါင်းသင်းကာ နေလာကြကုန်၏။တစ်နေ့တွင် ပွေးဖိုကြီး အစာရှာသွာလေသော် ပွေးမကြီးသည် ရဟန်တစ်ပါး အလှူခံလာသဖြင့် အိမ်၌ ရှိသော ပျားရည်တို့ကို လောင်းလှူလိုက်၏။ပွေးဖိုကြီးလည်း မည်သည့်အစားအစာမမျှ မရပဲ မောပန်း ဆာလောင်စွာ ပြန်လာ၏။အိမ်၌ ရှိသော ပျားရည်ကိုသာ စားတော့အံ့ ဟူ၍ စိတ်ကူးလာလေ၏။အိမ်ပြန်ရောက်သော် ပျားရည်မရှိတော့သဖြင့် ဒေါသထွက်ကာ လင်မယား ရန်ဖြစ်ကြသည်ဆို၏။ပွေးမကြီးလည်း
ရှင်နဲ့ကျမ နောင်ဘဝဆက်တိုင်း ငှက်ဖြစ်လျင်တောင် တစ်ကိုင်းထဲ မနားပါရစေနဲ့ဟု ဆုတောင်း၏။
ထိုထိုဘဝတွေမှ လွန်မြောက်ပြီး သကာလ ပွေးမကြီးကား ဗိဿဿ`  ပ နိုး မင်းသမီး ဟူ၍ လာဖြစ်၏။ ပွေးဖို ကြီးကား ဒွတ္တပေါင်မင်းကြီး ဟူ၍ လာဖြစ်၏။
အခါါတစ်ပါး၌ ဗိဿဿ`  ပ နိုးမင်းသမီးသည် မီးနေသည်တို့၏ထမီတို့မှ ရရှိသော ချည်ပင်တို့ဖြင့် ယက်လုပ်သော တဘက်ကို ဒွတ္တပေါင် မင်းကြီးအား ဆက်သစေ၏။မင်းကြီးလည်း မစူးစမ်းမဆင်ခြင်ပဲ သုံးလေသော် မျက်စိတို့သည် ကွယ်လေ၏။နဖူး၌ ရှိသော မှည့်ရှင်သည်လည်း ကွယ်လေ၏။ထိုအချိန်မှစ၍ မင်းတို့မည်သည် သူတစ်ပါးဆက်သသော လက်ဆောင်တို့ကို မစူးစမ်းပဲ မသုံးရာဟူ၍ ပေါ်ပေါက်လာ၏။
တစ်နေ့သော် ဒွတ္တပေါင်မင်းကြီး တိုင်ခမ်းလှည်ရော အခါမဲ့မိုးကြီး ရွာချလေ၏။သို့နှင့် နီးစပ်ရာ အပင်အောက်သို့ မိုးခိုကြလေရာ မင်းကြီးလည်း တရော်ပင်ပေါ်သို့ ကင်ပွန်းခြုံတက်နေသည့် အပင်အောက်သို ဝင်မိသောဟူ၏။သို့ဝင်မိသော် တရော်ကင်ပွန်းခြုံပေါ်မှ ကျသော မိုးရေတို့သည် ဦးခေါင်းပေါ်သို့ ကျလေ၏။ထိုအခါ တရော်ကင်ပွန်းနှင့် ဦးခေါင်းဆေးသကဲ့သို့ ဖြစ်လေသဖြင့် မျက်စိတို့သည် ပြန်မြင်လာ၏။မှည့်ရှင်သည်လည်း ပြန်ပေါ်လာလေ၏။ထိုအခါမှစ၍ ကျနုပ်တို့၏ ဓလေ့တွင် တရော်ကင်ပွန့်းဖြင့် ဦးခေါင်းဆေးသည့် ဓလေ့သည် စတင် ပေါ်ပေါက်လာချေတော့၏။
(ဆက်ရန)်
 ဗိဿဿ`  ပ နိုးမင်းသမီး၌ ပုတ်သင်သားရေဖြင့် ကျက်ထားသော စည်ကြီး ရှိသည်ဆို၏။ထိုစည်ကြီးကို တီးလေသော် ကြားရသူ အပေါင်း တို့သည် အခွန်ပဏ္ဏာများ လာရောက် ဆက်သကြရသည်ဆို၏။မဆက်သ
လျင်ကား ယားယံသည့် ဝေဒနာကို ခံစားကြရသည်ဆို၏။
ကျနုပ်တို့ ငယ်စဉ်က တတိယတန်ူ သမိုင်း၌ သင်ကြားခဲ့ရသော ဗိဿဿ`  ပ နိုးမြို့နှင့် ရန်ပယ်ချောင်း ဟူသော စာထဲမှ စည်ကြီးပင် ဖြစ်ချေမည်။ရန်သူတို့  ဗိဿဿ`  ပ နိုးမြို့ကို ဝိုင်းရံလာလျင် မြို့စောင့်တို့က စည်တီး၍ အချက်ပေးလေ၏။ စည်တီးသံကိုကြားသော် ဆည်စောင့်တို့က ရေတံခါးတို့ကို ဖွင့်ချလိုက်လျင် ရန်သူတို့လည်း ရေနောက်သို့ မျောပါသေကျေ ကြကုန်၏။ရန်သူတို့လည်း  ဗိဿဿ`  ပ နိုးမြို့ကို မလုပ်ကြံနိုင်ကြလေကုန်။
ဒွတ္တပေါင်မင်းကြီးသည် ဗိဿဿ`  ပ နိုးမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် စည်ကြီးကို ဖျက်စီးနိုင်ရန် လိမ္မာပါးနပ်ရှိသော အမတ်ကြီးတစ်ဦးကို  ဗိဿဿ`  ပ နိုးသို့ လွှတ်လေ၏။အမတ်ကြီးသည် သင်္ကန်းဝတ်၍ ဦးရင်ကြီး(ကိုရင်ကြီး) ယောင်ဆောင်ကာ သွား၏။ဗိဿနိုးသို့ရောက်သော် ဗေဒင်ဆရာယောင်ဆောင်၍ ဟောလေ၏။ဗေဒင်ဆရာ မှန်လှကြောင်း မိဖုရားကြီးကြားလေသော် ရှေ့တော်သွင်းစေ၏။သူ၏စည်ကြီး သည့်ထက်မက မြည်လိုကြောင်း မေးလေသော် ဦးရင်ကြီးလည်း ဝမ်းသာအားရ စည်ကြီးပျက်ဆီးစေရန် တစ်ထွာလောက်ဖြတ်၍ ပြန်ကျက်ပါဟုလျောက်၏။တစ်ထွာဖြတ်လေသော် နဂိုထက်ပင် အသံကျယ်လာသည်ဆို၏။မိဖုရားလည်း အခွန်ပိုမို ရရှိလာ၏။မိဖုရားလည်း သည့်ထက်မြည်ချင်သည်ဆိုပြန်၏။တစ်ထွာခန့်ထပ်ဖြတ်တော်မူပါဘုရားဟု လျောက်လေသော် ဖြတ်ပြန်၏။သည်တစ်ကြိမ်တွင်လည်း အရင်ကထက် နှစ်ဆခန့် ပိုမြည်သည်ဆို၏။ဦးရင်ကြီးကား အခက်တွေ့ချေ၏။ပျက်စေရန်အကြံပြုရာ ပို၍သာ မြည်နေ၏။မိဖုရားကြီးလည်း သည့်ထက်ပိုမြည်ချင်သည် ဆိုလာပြန်၏ ။ဦးရင်ကြီးလည်း တစ်တောင်ခန့် ထပ်ဖြတ်ပါဘုရားဟု လျောက်သော် မိဖုရားလည်း တစ်တောင်ခန့်ထပ်ဖြတ်စေ၏။ထိုအခါ စည်ကြီးလည်း အသံ လုံးဝ ထွက်မလာတော့ချေ။မင်းသမီးလည်း စိတ်ဆိုးလှသဖြင့် ထွက်ပြေးသွားသောဦးရင်ကြီးအား သတ်ရန် စည်ထမ်း၍ လိုက်လေ၏။မိဖုရားကြီး စည်ပိုး၍ လိုက်သောချောင်းကို ယနေံ စည်ပိုးချောင်းဟု ခေါ်ကြကုန်၏။ကြောင်ဆင်းအိုင်ရွာအနီးတွင် ရှိ၏။စည်ထမ်း၍ လိုက်ရာမှ မောပန်းသဖြင့် စည်ကိုချ၍ ကန်လှိမ့်ပစ်ရာမှ စည်လိမ့်သွားရာ တစ်လျောက်၌ ချောင်းဖြစ်သွားသဖြင့် အဆိုပါချောင်းကို စည်တုံးလုံးချောင်းဟူ၍ ခေါ်၏။အရပ်ခေါ်ကား စည်ပတုံးချောင်းဟုခေါ်၏။မဟာမြိုင်တောစပ်မှ စတင်၍ စီးဆင်းလာပြီး ကာဘိုးဆည်နားတွင် မူးမြစ်အတွင်းသို့ စီးဝင်၏။
ဦးရင်ကြီးလည်း မိဖုရားလိုက်သဖြင့် ပြေးလာရာ ဆွမ်းထိုင်ကား စားသောက်ခဲ့သောနေရာ၌ ဆွမ်းစားအိုင်ဟူ၍ အမည်တွင်ရစ်၏။ရွာသစ်ကုန်းရွာနှင့် တောင်ကျောင်းရွာသွားရာ လမ်းဘေး၌ တည်ရှိ၏။ဦးရင်ကြီး မောပန်းသဖြင့် အင်ဖက်များခင်း၍ နားခဲ့သည့်နေရာကို ဖက်ခင်းအိုင်ဟု ခေါ်၏။စည်တုံးလုံးချောင်း၏ မြောက်ဘက်ကမ်း အင်တိုင်းတောကြားဝယ် တည်ရှိ၏။ကျနုပ်တို့ ငယ်စဉ်က နွားကျောင်းရင်း ရေဆာသော် အဆိုပါ အိုင်ထဲသို့ သွား၍ သောက်ကြရ၏။
ထိုမှဆက်က်ပြေးလာရာ လက်ရှိ ကျနုပ်တို့ ဇီးပေါက်ရွာ၏ အနောက်တောင်ထောင့် မိုင်ဝက်ခန့်အကွာ ကျနုပ်တို့၏ ယာတောဘေး ယခုလက်ရှိ ဦးရင်ကန်နေရာ၌  ဗိဿဿ`  ပ နိုးမင်းသမီးမှ မှီလာပြီး ဦးရင်ကြီး အား ခေါင့်းဖြတ်သတ်လိုက်သည်ဆို၏။ဦးရင်ကြီး အသတ်ခံရပြီး လူးလှိမ့်ရာမှ ကန်ငယ်ကလေးဖြစ်သွားသဖြင့် ဦးရင်ကန်ဟု ခေါ်ကြကုန်၏။မိုးရာသီမှသာ ရေရှိ၏။သောက်၍ကား မရချေ။ဦးရင်ကြီး သွေးစွန်းနေသဖြင့် ရေတို့သည် သွေးရောင် လွှမ်းနေသည်ဟု ဆိုကြ၏။
မယုံလျင် ပုံပြင်ဟု မှတ်ကြပါလေကုန်။သို့သော် အနှီ ဆွမ်းစားအိုင်။ဖက်ခင်းအိုင် ဦးရင်ကန်တို့ကား အမှန်တကယ် ကျန်ရှိလေ၏။ ဗိဿဿ`  ပ နိုးမင်းသမီးကားဒွတ္တပေါင်ရန်ကြောင့် မဟာမြိုင်တောဘက်သို့ ထွက်ပြေးခဲ့ရသည်မှာလည်း အမှန်ပင်။ယခု မဟာမြိုတောအလယ်၌ ရွှေတိဂုံဘုရားနှင့် ပုံစံတူဘုရားကို တောကြီမျက်မည်း  ဗိဿဿ`  ပ နိုး မင်သမီးနန်းစိုက်ခဲ့ရာနေရာ၌ လွင်မိုးဆိုလား ဒေါ်ကြိုင်ကြိုင်ဆိုလား ဖွတ်ကြီးကဆိုလား ယတြာယာချေဖို့ ဘုရားတည်နေသည်ဆို၏။ကျနုပ်တို့ ကျေးရွာများမှ လယ်သမားများ မိုးဦးကျလျင် စည်ပတုံးချောင်းရေ သွယ်ရန် ဆည်တက်ကြလျင် ဗိဿနိုးမင်းသမီးအား အရင်ဆုံး ပူဇော်ပသရ၏။မုံရွာကလေးဝကားများ ဗိဿနိုးနတ်နန်းအား ဦးခိုက်ပြီးမှ သာလျင် ဆက်လက် ခရီးထွက်ခွါကြရ၏။
ပျူတို့၏ အထောက်အထားများကို ကျနုပ်တို့ရွာ၏ မြောက်ဘက် ဆယ့်လေးငါးမိုင်အကွာ နနွင်းတော ပုတီးတို့၌ ယနေ့တိုင် တွေ့ကြရလေ၏။သို့ဖြစ်၍  ဗိဿဿ`  ပ နိုးပျူတို့သည် ကျနုပ်တို့ တန့်ဆည်နယ်သို့များ ထွက်ပြေးလာကြလေသလော။စဉ်စားဘွယ်ရာပင်။
Unlike · Comment ·
 · Translate

No comments:

Post a Comment