ဤညောင်ပင်ကြီးကား ကျနုပ်တို့ ယခုပြုပြင် လှူဒါန်းခဲ့ကြသော တောရကျောင်း ရေကန်ကြီး သုံးကန် သို့ ရေသွင်းသော မြောင်းဝတွင်ရှိ၏။ အထက်ဆုံးကန်ပေါက်ဝတွင် ရှိသည် ဟုဆိုရပေမည်။အောက်ခြေလုံးပတ်
်ကား ပေ၂၀ခန့်ရှိမည်။အမြင့်ကား ဤအနီးအနား တဝိုက်၌ သူ့ထက်မြင့်သော သစ်ပင် မရှိချေ။
ကျနုပ်ကား ငယ်စဉ်က အင်မတန် အဆော့သန်၏။မည်မျှမြင့်သော သစ်ပင် ဖြစ်စေကာမူ ကျနုပ်၏ ခြေ ဖဝါးအောက်ရောက်သည်သာများ၏။သစ်ပင်ပေါ်မှ ၅ခါ ပြုတ်ကျဖူးသည်မှာ နည်းပင်နည်းသေးတော့၏။
ကျနုပ် သုံးတန်းစာမေးပွဲ ဖြေပြီးစ အချိန်ကပင်။ဤညောင်ပင်၏ ထိပ်ခေါင်ဖျား ယခုဓာတ်ပုံထဲရှိ ညာဘက်စွန်ဆုံး ခေါင်ဖျားကိုင်း၌ လင်းယုန်သိုက်ကြီးတစ်သိုက်ရှိ၏။ငယ်စဉ်က အပင်မြင့်ကြီးများ အတော်ရှိသေး၏။ထိုအပင်များ၌ ချည်ခင်စွပ် လင်းယုန်စသော ငှက်ကြီးများသည် အသိုက်လုပ်လေ့ ရှိကြ၏။သစ်ပင်အမြင့်၌ လုပ်ကြသဖြင့် လူတို့ ရန်မှ ဝေးကြကုန်။တစ်ခါသော် ရွာထဲမှ အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျသော စစ်သား တစ်ယောက် အလည်လာသော် ထိုချည်ခင်စွပ် ငှက်သိုက်ကို သွား၍ သေနတ်ဖြင့် ပစ်ခတ်လေ၏။ငှက်ကို ခြောက်လှန့် လွှတ်ချေသကဲ့သို့ သာ။ဤချည်ခင်စွပ် ငှက်များသည် လူတို့ရန်မှ ကင်းဝေး ရန် အမြင့်တွင် အသိုက် လုပ်သော်ငြား လည်း လေကြီးမိုးကြီးဒါဏ်ကား မလွတ်တတ်ချေ။တစ်ခါသော် ကျနုပ်ဝမ်းကွဲအကိုများ လေနောက်ပြုတ်ကျ ပါလာသော အပျံသင်စ ချည်ခင်စွပ် ငှက်ပေါက်ကလေးများ ဖမ်းလာကြ၏။
ယခုသော်ကား အနှီချည်ခင်စွပ် ငှက်ကြီးများ မြင်ရဖို့ဝေးစွ။ ဘယ်သည်ဌာနသို့ မြန်းကုန်ကြပြီ မသိတော့ပြီ။ သစ်ပင်ကြီးတို့ကား သင်္ခါတရားကို မလွန်ဆန်နိုင်ရကား သစ်ပင်ဘဝမှ စုတေက အချို့မှာ အိမ်အဖြစ်သို့လည်းကောင်း အချို့မှာ အုတ်ထင်းအဖြစ်သို့လည်းကောင်း ခန္ဓာဟောင်းကို စွန့်ပစ်၍ ခန္ဓာသစ်သို့ ဖြစ်ကြပြန်ချေ၏။
ကျနုပ်နှင့် ကျနုပ်အကို ဝမ်းကွဲ စိုးတင့်တို့သည် တစ်မနက်တွင် ညောင်ရွက်ချိုင်ထွက်လာခဲ့ကြ၏။
ညောင်ရွက်နုများ ခူးပြီးပြန်လာသော် အထက်က ဆိုခဲ့သော ညောင်ပင်ကြီး အောက်သို့ ရောက်လာခဲ့ကြ၏။ အပင်အောက်ရောက်သော် လင်းယုန် သိုက်ကို တက်၍ နှိုက်ချင်ကြကုန်၏။ ဤမျှ မြင့်မားသော အပင်ကြီးသည် ခေါင်းမော့ကြည့်လျင် ဆောင်းထား သော ခမောက်ပင် ကျွတ်ကျတန်ရာ၏။ ရချင်ဇောကပ်နေသဖြင့် ဘာမှ မမြင်။ပြုတ်ကျသေမည် ကိုလည်း မစဉ်းစား။နှစ်ယောက်သား ဟိုအကိုင်းမှကူး သည်အကိုင်းမှ ကူြး့ဖင့် တက်လာကြ၏။ နောက်ဆှုံး အကိုင်းသို့ရောက်သော် ပင်စည် ကြီးကား ကြီးလွန်းပြီး ကျနုပ်တို့ တက်လာသော အကိုင်းနှင့် လင်းယုန်သိုက်ကြီးရှိသော အကိုင်းသည် ကူးစရာ အခြားကိုင်း မရှိပဲ ၁၅ပေလောက် ကွာနေ၏။ ကျနုပ်တို့ ညီအကိုလည်း ကြံရာမရ ဖြစ်သွားချေ၏။သို့နှင် ကျနုပ်လည်း အောက်ပြန်ဆင်းကာ အင်ပင်ပေါက် ပေ ၂၀ ခန့်ကို ခုတ်ယူပြီး ပေ ၆၀ အမြင့်သို့ ဆွဲတင်လာခဲ့၏။ အပေါ်သို့ ရောက်သော် အင်ပင်ပေါက်အား အောက်ကိုင်းပေါ်ထောက်ပြီး အဖျားကို ပင်မကြီးဘက်သို့ မှီပြီး ထောင်လေ၏။ စိုးတင့်လည်း အဆိုပါ အင်ပင်ပေါက်မှ တက်သွားသော် ခေါင်ဖျားကိုင်းသို့ ရောက်သွားပြီး လင်းယုန်သိုက်ကြီး ရှိရာ ရောက်သွား၏။လင်းယုန်ကြီး နှစ်ကောင်ကလည်း သူတို့ကလေး အန္တရာယ်ကျတော့ည်ကို သိ၍ တခွီးခွီးအ်ာကာ ခြောက်လှန့်နေ၏။ ကျနပ်လည်း လေးခွနှင့် လှမ်းပစ်ခတ် ခြောက်လှန့်ရ၏။ခဏနေသော် စိုးတင့်လည်း အသိုက်ထဲရှိ လင်းယုန်ပေါက် တစ်ပိဿာနီးနီး ကောင်ကြီးအား စွဲ၍ ပြန်ဆင်းလာ၏။ လင်းယုန်တို့ကား တစ်ကောင်သာ ပေါက်သည်ဟု ထင်ခဲ့၏။ဘယ်မှာ ဟုတ်ပါမည်နည်း။တလောက discovery ကိုကြည့်မှ သိတော့၏။အကြီးဆုံးအကောင်က အားသေးသောအကောင်ကို ခြေထောက်ဖြင့် ကန်ချပစ်၏။ ထို့ကြောင့် လင်းယုန်သိုက်တွင် တစ်ကောက်သာ ကျန်ရှိနေခြင်းပင်။
အောက်ရောက်သော် စိုးတင့်လည်း အမွှေးမစုံသေးသော လင်းယုန်ပေါက် အား ရိုက်သတ်ပြီး ခြေနှစ်ချောင်းမှ စွဲကာ ပြန်လာခဲ့ကြ၏။လမ်းတွင် ရွှေကျင်သွားမည့် ထန်းရည်မူးသမား လူတစ်ဦးနှင့်တွေ့ရာ သူ့ကို ရောင်းကွာ ဆိုသဖြင့် ပိုက်ဆံတစ်ကျပ် နှင့်ရောင်းပစ်လိုက်၏။တစ်ယောက်ငါးမူးဆီ ခွဲယူကြ၏။
ယခုတစ်ခေါက် ရေကန်ဆည်ရင်း ဤညောင်ပင်ကြီးအောက် ရောက် သော် ငယ်စဉ်က လေးခွတစ်လက်ဖြင့် အကုသိုလ် မည်မျှကြီးခဲ့သည်ကို သတိယမိ၏။ သင်ပင်ထိပ်ခေါင်သို့ အင်ပင်ပေါက် ငြမ်းဆင်ကာ တက်ခဲ့သည်ကိုလည်း သတိယမိ၏။ မတော်တဆ ပြုတ်ကျခဲ့ သော် ထိုငြမ်းဆင်သည့်နေရာနှင့် မြေကြီး သည် ပေ၆၀ ခန့်မြင့်၏။ လင်းယုန် ကလေး ကောင်းရာဝသို့ ရောက်ပါစေ ကြေင်း သာ ဆန္ဒပြုရ၏။
အခုမှ ငှက်သင်တန်းတက် ငှက် ကလေးတွေ ထကြည့်လိုက် လုပ်နေ ရသည်။ ငယ်တုန်းကတော့ ငှက်မှန် သမျှ ကျနုပ့် လေးခွအောက်က လွတ် တယ်မရှိချေ။ ခွင့်လွှတ်ကြပါကုန်။

်
်
်
No comments:
Post a Comment