ပြစ်အိုင်ကုန်းသူရဲ(၃)
ဦးချစ်ပေါနှင့် ဒေါ်ပွဲမှီတို့ လင်မယား တလပေါက်တောက အပြန် အနည်းငယ် မိုးချုပ်လာခဲ့သည်။
ခေတ်ကာလကလည်း ရဲဘော်ဖြူတို့ အုပ်ချုပ်သည့်ကာလ။ဦးနု အစိုးရ ဆိုတာ ဘာမှန်းတောင်မသိ။ လွတ်လပ်ရေး ရသည်ဟုသာဆိုသည်။ လွတ်လပ်ရေးဆိုတာ ဘာခေါ်မှန်း မသိသေး။ဦးနု အစိုးရက ရောက်လာတာဆိုလို့ ၁၃၁၉ခုနှစ် ကံများကျောင်းဆရာတော်ဦးအာသဖ ဘုန်းကြီးပျံပွဲလုပ်မှ ကနဦး ရောက်လာသည်။ဒါတောင် အုပ်ချုပ်မှုစတာမဟုတ်သေး။ရွာပေါ်ရပ်ပေါ် သြဇာအညောင်းဆုံးပုဂ္ဂိုလ် ကံထူးမ စစ်တပ်သို့ လာခဲ့ရမည်ဆိုလို့ ကျုပ်အဖိုး ဦးလှရင် သွားတွေ့ရသည်။အဲသည်မှ ဦးနုအစိုးရ စတင်လာခြင်းဖြစ်သည်။
ှဗဟုသုတမျှသာ ပြောပြပါ၏။
သို့ကလို မိုးချုပ်ခါနီး လင်မယား နှစ်ယောက် လှည်းမောင်းပြန်လာရာ တောရကျောင်းပေါက်ဝကိုကျော်လာ ခဲံ့ချေသော် လှည်းနှင့် ခပ်လှမ်းလှမ်း၌ လူတစ်ယောက် လိုက်လာသည်ကို တွေ့ရ၏။နေဝင်ရီတရော အချိန်ဖြစ်၍ မည်သူမှန်းလည်း မသဲကွဲချေ။သို့နှင့် လှည်းဆက်မောင်းလာရာ နောက်က ပါလာသည့် ပုဂ္ဂိုလ်ကလည်း ခပ်လှမ်း လှမ်းမှ လိုက်ပါမြဲပင်။ရွာဝင်ခါနီး အင်သုံးခွ နတ်ကြီးတော ကျော်လာ သော် အနှီပုဂ္ဂိုလ်သည် လှည်းအနီးသို့ ရောက်လာတော့၏။လှည်းနားရောက်လေလေ အရပ်ကြီးက ပိုရှည် လာလေ လေ။ခဏနေသော် လှည်းပေါ်သို့ အရပ်ရှည်ကြီးက မိုးလာတော့၏။ ထိုအခါ မှ ဦချစ်ပေါတို့လည်း သူရဲ ခြောက်သည်ကိုသိပြီး ဦးချစ်ပေါမှ သူ့မိန်းမ ဒေါ်ပွဲမှီအား ဓားပေးဖို့ တောင်းရာ ကြောက်လွန်းသဖြင့် အသံများတုန်နေကာ ဓားဟုပီအောင် မဆိုနိုင်။ ပွဲမှီရ ဟားပေး ပါဟ။ ဟားပေးပါဟ ဟုဆို၏ ။ဒေါ်ပွဲမှီလည်း တစ္ဆေခြောက်သော် ဘုရားစာရွတ် ရသည်ဟု ကြားဖူးသဖြင့် သူ့ ယောက်ျားအား နမောတဿ ရွတ်ဖို့ ပြောရာ အကြောက်လွန်သဖြင့် ရှေ့က နမော မှာ မေ့နေသဖြင့် ဖော်မရပဲ ကိုချစ်ပေါရဲ့ တဿရွတ်ပါ ကိုချစ်ပေါရဲ့ တဿရွတ်ပါ ဟု သာ အော်နိုင်ရှာသည်။ သို့ကလို အကြောက်လွန်ချိန် လှည်းကလည်း ရွာပေါက်ဝ စဝင်သွားရာ အနှီ သူရဲမောင်ငရှည်လည်း ရွာပြင်၌သာ ရပ်လျက်သား ကျန်ရစ်လေတော့၏။

No comments:
Post a Comment