Friday, June 26, 2015

သဲထိတ်ရင်ဖို(၄)

ပစ်အိုင်ကုန်းသူရဲ(၄)
ဝင်းချိုကား ကျနုပ်နှင့် ညီအကို နှစ်ဝမ်း ကွဲတော်၏။သူ့အမေဒေါ်သောင်းစိန် နှင့် ကျနုပ်အဖေဦးအေးမောင်သည် မောင်နှမတစ်ဝမ်းကွဲ။သူ့အဖိုးဦးစံရွန်းနှင့် ကျုပ်အဖိုးဦးမြင့်သည် ညီအကို အရင်းပင်။
အနှီဝင်းချိုကား ၆တန်းနှစ်ခါကျသော် ကျောင်းထွက်သွား၏။မိဘများ၏လယ်လုပ်ငန်းတွင် ဝိုင်းလုပ်နေရ၏။ဝင်းချို ၁၈နှစ်ခန့်တွင် ဖြစ်သည်။တောထဲ နွားကျောင်းရာမှ အပြန် တောရကျောင်းကန်၌ နွားများကို ရေတိုက်ပြီး ပြန်လာ၏။ကန်ထဲမှ မောင်းလာပြီး တယ်ပင်ကလေး အလွန်တွင် လူတစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ဖျားချင်သလိုြ့ဖစ်လာ၏။အိမ်ရောက်သော် မအီမလယ်နှင့် ဖျားလေတော့သည်။ မိဘတို့လည်း ဆေးမြီးတိုနှင့်ကုသ နေရာ ရောဂါသည် မသက်သာပဲ ပိုဆိုးလာကာ သတိတွေလစ်ကုန်တော့ သည်။သို့နှင် ကံထူးမသို့ ဆေးခန်း လာဖွင့်စ ဆရာဝန် ပေါက်စ ဒေါက်တာ မြင့်သိန်းကို ပင့်၍ ဆေးကုပေး ကြသည်။ ဒေါက်တာမြင့်သိန်းလည်း ဆေးသာလာထိုးနေရသည်။မောင်ဝင်းချိုကား သတိပြန်လည် မလာသေး။ သို့နှင့် တောဓလေ့ ရွာဓလေ့ အပများမှီလေရော့သဘားဆိုပြီး နတ်မေးကြည့်ရာ ပြစ်အိုင်ကုန်းသူရဲ ကိုက်ထားသည်ဟုဆိုလေ၏။သူရဲဖမ်းစား ထားသည်ဟု ဆိုလိုခြင်းပင်။ မိခင်ဒေါ်သောင်းစိန်နှင့် အဒေါ် ဒေါ်မိကြိုင်လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ နတ်ကတော်ဆိုသည့် အတိုင်း ပစ်အိုင်ကုန်းသူရဲကို အမဲခြောက်ချက်ဖြင့် ခေါစာပြင်ပြီး ကျွေး၏။ခေါခွက်ထဲ ထမင်းနှင့် အမဲသားချက်ကို ထည့်ပြီး သူရဲကြီးအား မေတ္တာနှင့်ကျွေးင်္မွေး ပါတယ်။ဘာနေ့သား မောင်ဝင်းချို မိမွေးတိုင်းဖမွေးတိုင် ရှိပါစေ။ အနှောင့်အယှက်မပေးပါနဲ့။ကျနုပ်တို့ကျွေးမွေးသည်များကို စားတော်ခေါ်၍ မိမိနေရပ်ကိုပြန်ပါဟု ဆိုပြီး မောင်ဝင်းချိုနားမှ ခေါစာခွက်ကို ယူလာပြီး ရွာမြောက်ဘက်မှ ပြစ်အိုင်ကုန်းသူရဲရှိရာ အရပ်သို့ လှည့်၍ ခေါစာခွက်ကို ချကျွေးလိုက်သည်။ထိုကဲ့သို့ ခေါစာခွက်ကို ချအကျွေးတွင် ကျီးကန်းကြီးတစ်ကောင်သည် မောင်ဝင်းချို ခန္ဓာကိုယ်ပေါ်မှ ဖြတ်ပျံပြီး ပြူတင်းပေါက်ပေါ်၌ နားကာ အ အ အု သုံးခါ အော်လျက် ပြစ်အိုင်ကုန်းရှိရာ တောရကျောင်းဆီသို့ ပျံသွား၏။ကျီးကန်းကြီးလည်း ပျံအသွား အနှီမောင်းဝင်းချိုလည်း သတိပြန်ရလာတော့၏။အသင်မိတ်ဆွေတို့ကား တိုက်ဆိုင်မှုဟု ဆိုကြပေလိမ့်မည်။ကျနုပ်ကား တော၌ မွေးသဖြင့် ဤကိစ္စများသည် မယုံ၍ မရဟုသာ ဆိုချင်သည်။ခုနစ်ရက်ခန့် မြောနေရာမှ သတိပြန်လည်ကား မောင်ဝင်းချိုလည်း အသက့်ပြန်ရှင် လာ၏။သို့သော်လည်း နောက်တစ်နှစ် တွင် ချပ်သင်းသို့အလယ်သွားရာ ဝမ်းရောဂါ့ဖြင့် သေသွားရှာလေသည်။ စာသင်ရင်း ရွာရောက်ပြန်သော် မောင်းဝင်းချို သည် လူးဝင်းစား ပြန်ဖြစ်ကာ ယခင်ဘဝက အရွယ်၌ပင် ချပ်သင်း၌ သေသွားပြန်လေ၏။။ သံသရာသည် နိဗ္ဗာန်မရောက်နိုင်သေးသ၍ လည်နေဦးမည်သာ။

No comments:

Post a Comment