နွေရာသီကျောင်းပိတ်ရက်
တစ်ခုမှာပေါ့လေ။ကံထူးမရွာကဦးသန်းရွှေ ဒေါ်မြစိန်တို့ မိသားစုက ကမကထလုပ်ပြီး
ဘုန်းကြီးကျောင်းလှေကားကိုအုတ်လှေခါးလုပ်မှာမို့ အုတ်သမားတွေ ငှါးပြီး အုတ်ဖုတ်ကြတာပေါ့။ကန်ကလေးကုန်းရွာက

ကိုအောင်သန်းလှတို့ အဖွဲ့တွေ အုတ်လုပ်ကြတာပေါ့။ရွှံ
့တွေကိုနယ် အုတ်ရိုက်ပြီး နေပူလှန်းကြတာဆိုတော့
ကျုပ်တို့ ဘုန်းကြီးကျောင်း
တလင်းပြင်ကြီးတစ်ခုလုံး အုတ်တွေနေပူလှန်းထားလိုက်တာ ထေါင်သောင်းချီလို့ပေါ့။
တစ်ရက်တော့ အုတ်သမားတွေ ရွာခဏပြန်သွားတုန်း မိုးက ဗြုန်းစားကြီး ရွာချလ်ုက်ရောဗျိုး။ကျုပ်တို့လည်း အုတ်စိမ်းတွေ

မိုးစိုရင်
ပျက်ကုန်တော့မှာပဲဆိုပြိး ရသမျှသော ထန်းရွက် သက်ကယ်ပြစ်တို့နဲ့
ဖုံးကြအုပ်ကြရသပေါ့။မိုမင်းကြီးကလည်း နွေခေါင်ခေါင်
ဘယ်အညိုးနဲ့ ရွာချတယ် မသိပါဘူး။မတိတ်ပဲ ပိုရွာလာတယ်။အုတ်တွေက သောင်းချီရှိတာ။
ကျုပ်တို့လည်းအကုန်လိုက်မဖုံးနိုင်တော့ဘူး။ဒါနဲ့ ရွာကလူတွေ ခေါ်ဖို့ဆိုပြီး အုန်းမောင်းကြီး ပြေးပြီး အသားကုန် တီးချလိုက်တာ။
ကောင်းသဗျိုး။ရွာကလူတွေ အကုန်ထွက်ပြေး လာကြတာ။ကျုပ်အမအကြီးဆုံး မမိစန်းက အရင်ဆုံး တဘက်ကလေးပုခုံးပေါ်တင်
မျက်ရည်လေးကလယ်ကလယ်နဲ့ အရင်ဆုံး ရောက်ချလာခဲ့တာ။ကျုပ်အဒေါ် ဒေါ်ခင်ရကတော့ တံမျက်စည်းလှည်းနေရာက
အုန်းမောင်းခေါက်သံလည်းကြားရော တံမျက်စည်းကြီးလွှတ်ချပြီး ဘုန်းကြီးကျောင်းကို ပြေးလာလိုက်တာ။တစ်လမ်းလုံးလည်း
ငိုလာရဲ့။ကျောင်းလည်းရောက်ရော မောင်ကြီးက ဘယ်မှာတုန်း။ဘာလို့ သေတာတဲ့တုန်း။မန္တလေးမှာ သေခဲ့တာတဲ့လား တဲ့။
ဘုန်းတော်ကြီးက သူ့မောင်ကြီးကိုး။အဲဒီတုန်းက ရွာမှာမရှိဘူး။ဆယ်တန်းဖြေဖို့ မန္တလေး သွားနေတာ။ကျုပ်တို့က အုတ်တွေ ဖုံးလို့
မနိုင်တော့လို့အုန်းမောင်းကြီး ထခေါက်တာ။ရွာဓလေ့ ရပ်ဓလေ့က တုန်းမောင်းကြီးကို ခေါက်နေကြအချိန် မဟုတ်ပဲ
တစ်ခြားအချိန်ခေါက်ရင် ဘုန်းတော်ကြီး ပျံလွန်တော်မူတယ် လို့ မှတ်ကြတာကိုး။ကျုပ်တို့က ဘုမသိဘမသိ ထခေါက်တော့
တစ်ရွာလုံး ငိုကြရသပေါ့လေ။

ကျုပ်တို့လည်း တစ်ရွာလုံးရဲ့ မေတ္တာပိုတာ ခံရသပေါ့လေ။သေနာကောင်လေးတွေတဲ့။ဟီး ဟီး။
No comments:
Post a Comment