ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၃)
သီးသီးတွေကြွေတဲ့ အခုလို မိုးရာသီရဲ့ ညတစ်ညမှာပေါ့လေ။
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေလည်း ညဘုရားဝတ်တက် အမျှဝေပြီး အိပ်ကြတော့တာပေါ့။ညအိပ်ယာဝင်ကတဲ က မိုးကလည်း စရွာ
တော့တာပဲ။ ညသန်းခေါင်လောက်ရောက်တော့ ကျောင်းက ခွေးတွေကလည်း ကျောင်းအရှေ့ဘက်ကြီးပဲ ထိုးထိုးဟောင်လိုက်ကြတာ။ ဆူညံလို
့ပဲ။ ကျောင်းအရှေ့ဘက်မှာက သားရိုးဘုရားတွေ ထားတဲ့ ဘုရားဆောင် ကလေးရှိတာ။ဘုန်းကြီးကလည်း မိုးအေးအေးနဲ့ အိပ်လိုက်တာ
နိုးမလာဘူး။ကျုပ်တို့ ကလေးတွေကလည်း ခွေးဟောင်သံ ကြားပေမယ့် သူရဲကြောက်တော့ထမကြည့်ရဲဘူး။ဓာတ်မီးကလည်း မရှိဘူး။
ဓာတ်မီးမပြောနဲု့ မီးခြစ်ကိုမရှိတာ။မဆလခေတ်ကိုး။အကုန်ရှားပေါ့။ဒီလိုနဲ့
မနက်လင်းတော့ ထုံးစံ့အတိုင်း ရေတွင်းကနေ ရေခပ်ပြီး အိုးတွေ
လိုက်ဖြည့်ကြရတယ်။အဲဒီလို ရေတွင်းကနေ ရေခပ်နေကြတုန်း ကျုပ်တို့ကျောင်းမှာ တစ်ပါးတည်းသောကိုရင်ကြီး ဖိုးပုက
သီးသီးသွားရှာချေဥိးမယ်ကွ ဆိုပြီး သီးပင်ကြီးရှိရာ ထွက်သွားလိုက်တယ်။သီးပင်ကြီးက ကန်ရဲ့အရှေ့ဘက် ရေတွင်းက ကန်ရဲ့ အနောက်ဘက်။
ကန်ရဲ့မြောက်ဘက် ပေ၅၀လောက်မှာ သိမ်နဲ့ဘုရား ရှိတယ်။ကိုရင်ကြီးက ကန်ရဲ့မြောက်ဘက်ကနေ
ကပ်ပြီး သီးပင်ရှိရာကိုသွားပြီး
သီးသီးရှာရာကပြန်လာတော့ သိမ်ဘက်ကို လက်ညှိုးထိုးပြီးဖဲဝိုင်းကြီး ဖဲဝိုင်းကြီး ဆိုပြီး ငယ်သံပါအောင် အော်ပြေးလာတယ။
ကျုပ်တို့တစ်တွေလည်း ကြောက်ကြောက်ရွံရွံနဲ့ သိမ်ရှိတဲ့ဘက်ကို အသာသွားပြိး ချောင်းကြည်ကြတာပေါ့။ဘယ်ကလာ ဖဲဝိုင်းဟုတ်ပါလိမ့်မတုန်။
ဘုရားဆောင်ထဲက သားရိုးဘုရားကြီးငယ်တွေ အကုန်လုံး သိမ်ထဲ ရောက်နေပါပေါ့လား။ဘုရားအကြိးကြီးတွေ ငါးဆူလောက်ကို
မျက်နှာချင်းဆိုင်ချထားတော့ ဖဲဝိုင်းနဲ့ တူနေတာကိုး။ကျုပ်တို့ ဘုန်းကြီးကျောင်းသားပေါက်စတွေကေ တာ့ ငါတို့ဘုရားတွေ
တယ်တန်ခိုးကြီးသကိုး။
ဘုရားဆောင် မိုးမလုံတော့ နတ်တွေကမိုးလုံတဲ့ သိမ်ထဲ လာရွှေ့ထားသကိုးပေါ့။ဒါနဲ့ ကျောင်းသားကြီးတစ်ယောက်က ဘုန်းကြီး
သီးသီးတွေကြွေတဲ့ အခုလို မိုးရာသီရဲ့ ညတစ်ညမှာပေါ့လေ။
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေလည်း ညဘုရားဝတ်တက် အမျှဝေပြီး အိပ်ကြတော့တာပေါ့။ညအိပ်ယာဝင်ကတဲ
တော့တာပဲ။ ညသန်းခေါင်လောက်ရောက်တော့ ကျောင်းက ခွေးတွေကလည်း ကျောင်းအရှေ့ဘက်ကြီးပဲ ထိုးထိုးဟောင်လိုက်ကြတာ။ ဆူညံလို
နိုးမလာဘူး။ကျုပ်တို့ ကလေးတွေကလည်း ခွေးဟောင်သံ ကြားပေမယ့် သူရဲကြောက်တော့ထမကြည့်ရဲဘူး။ဓာတ်မီးကလည်း မရှိဘူး။
ဓာတ်မီးမပြောနဲု့ မီးခြစ်ကိုမရှိတာ။မဆလခေတ်ကိုး။အကုန်ရှားပေ
လိုက်ဖြည့်ကြရတယ်။အဲဒီလို ရေတွင်းကနေ ရေခပ်နေကြတုန်း ကျုပ်တို့ကျောင်းမှာ တစ်ပါးတည်းသောကိုရင်ကြီး ဖိုးပုက
သီးသီးသွားရှာချေဥိးမယ်ကွ ဆိုပြီး သီးပင်ကြီးရှိရာ ထွက်သွားလိုက်တယ်။သီးပင်ကြီးက ကန်ရဲ့အရှေ့ဘက် ရေတွင်းက ကန်ရဲ့ အနောက်ဘက်။
ကန်ရဲ့မြောက်ဘက် ပေ၅၀လောက်မှာ သိမ်နဲ့ဘုရား ရှိတယ်။ကိုရင်ကြီးက
သီးသီးရှာရာကပြန်လာတော့ သိမ်ဘက်ကို လက်ညှိုးထိုးပြီးဖဲဝိုင်းကြီး ဖဲဝိုင်းကြီး ဆိုပြီး ငယ်သံပါအောင် အော်ပြေးလာတယ။
ကျုပ်တို့တစ်တွေလည်း ကြောက်ကြောက်ရွံရွံနဲ့ သိမ်ရှိတဲ့ဘက်ကို အသာသွားပြိး ချောင်းကြည်ကြတာပေါ့။ဘယ်ကလာ ဖဲဝိုင်းဟုတ်ပါလိမ့်မတုန်။
ဘုရားဆောင်ထဲက သားရိုးဘုရားကြီးငယ်တွေ အကုန်လုံး သိမ်ထဲ ရောက်နေပါပေါ့လား။ဘုရားအကြိးကြ
မျက်နှာချင်းဆိုင်ချထားတော့ ဖဲဝိုင်းနဲ့ တူနေတာကိုး။ကျုပ်တို့ ဘုန်းကြီးကျောင်းသားပေါက်စတွေကေ
ဘုရားဆောင်
သွားလျှောက်တော့ ဘုန်းကြိးလည်း
လိုက်လာပြီး ကြည့်တယ်။
ဟာ သွားပြီကွာ။ ဘုရားတွေ ရွှေပွတ်ခံလိုက်ရပြီ တဲ့။
ကဲ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ခိုးစရာရှားလို့ ဘုရားကရွှေမှ လာခိုးသွားရတယ်လို့။အခုထိ ရွှေပွတ်တဲ့သူကို မသိရသေးဘူး။
အဲဒီကတဲက ရွာက သားရိုး ဘုရားတွေ ရွှေမရှိတာပဲ။တစ်ဆူကတော့ မန္တလေး ပေါက်မြိုင်ကျောင်းနားက ဓမ္မာရုံမှာဆိုလား သစ္စေးပင်လှ
ရွာသားတွေ ပင့်သွားသတဲ့။တစ်ဆူကတော့ ရေဦးက ဒကာတစ်ယောက် ပင့်သွားတယ်ဆိုလားပဲ။ကျန်တဲ့ ဘုရားတွေလည်း ကျောင်းမှာမှ
ရှိသေးရဲ့လား မသိတော့ပါဘူး။အမရကပူရက ဗားကရာ ကျောင်းထဲက သားရိုးဘုရားတွေမြင်ရင် ကျုပ်မှာ ရွာက သားရိုးဘုရား
တွေ ရွှေပွတ်ခံရတာချည်းပဲ သတိယနေမိတော့တယ်။ —
No comments:
Post a Comment