ဇီးပေါက်ကျေးရွာ ကောက်စိုက်သူမတို့၏
ကောက်စိုက်တေးသံများ
ဗုံရှေ ဗုံရှေ ဗုံ ဗုံရှေ ဘိုးတော့် ဗုံရှည်
ဗုံတို ဗုံတို
ဗုံ ဗုံတို ဘိုးတော့် ဗုံတို
ဝေဇယန္တာနန်းဗုံ
မြမန်းလေး မြမန်း ဇေယျဗုံ
ရဂုံနွယ်ရယ်လေ တောင်ငွေကျွန်း
မြောင်ဖီလာ
သီတာ ရီကာချွေ
မြောင်ဖီလာ သီတာ ရီကာချွေ ရွှန်းရွှန်းဝေ
နေရောင်ဝါတယ်လေ သာသနာထွန်းရှေ
ထွန်းပ ထွန်းပ ရှေ ထွန်းပ ထွန်းပ ရှေ။ ။
ကောင်မကလေးကိုနော် စာပေးလို့ခေါ်
သန်းခေါင်လောက်ကို ရောက်အောင်လာခဲ့နော်
နှာယောင်ကောက်ပေမယ့် ကြံမကြောက်ပေါင် ဆရာရေ
ကံတော်ရေးကြောင့် တွေးချဲ့ ပါလို့နေ။ ။
ဗာရာဏသီ သာကီလေ တင်စား
အနီးတစ်ပါးဆောင် မီးရထားပေါင်
သံချောင်းခေါက်သံ နားခံလေပါရဲ့
ရှင် ရှင် ရှင်
နားခံလေပါရဲ့ ရှင် ရှင် ရှင် ။ ။
ကိုဘအုန်းရဲ့ ဆေးတံတို တစ်ညှိုးတစ်ထွာ
သောက်တော့လို့ ပေး လိုက်တာ
မသောက်ရင် မိုက်တယ်ဆိုမှာ
သောက်ရင် ကြိုက်တယ် ပျိုကညာ
အမိုက်မကညာ ရှိုက်ကာဖွာ အူရိုင်းမို့
မူးလိုက်မော်လိုက်တာ။ ။
ဥယျာဉ်ကို ထွက်စို့လေးလေး ထွက်စို့ မယ်ယုံရေ
ထန်းရေချို သုံးဖန်လေးလေး သုံးမှတော်ရှာမလေ
အိုလေး လူတစ်ယောက်မှ
မယ်ယုံရေ
တစ်မြူလောက်သာ လိုတော့တယ်
ထန်းတစ်ရာ မာလာတောဝယ်
မော မောသလား အမိရယ်
ထဲမှာ ဘုံဆိုင်ထဲကို သွား သွားချေစို့ဟေ။ ။
မယ် မယ်ဝီ မော ပြီလား ဟော သီတာရေ ယောင်ရှိန်ကြိုက်သလား မေ မေ မေ
မောင်စိန် တိုက်မယ်ဗျ ရေ ရေ ရေ။ ။
စက်လယ် ဘီးလေး ဟေ ပမာဏ ပမာဏ ဆိုးဝယ်ခင့်ကညာ ကိုးကြွယ်ဆင့်မယ်ဗျာ
မောင်ခေါ်ရာ ကန္တာရှင့် ကန္တာမြေပြင်ချေ။ ။
ကန်သာမှာ ရေတွေ ဖွေးလို့ ကြာမျိုးစုံဝေ မျိုးစုံဝေ
ကြာမျိုးစုံ ပုံနရိတ်ကယ့် ကြာမျိုးစုံ ပုံနရိတ်ကယ့်
လေသိမ့်ရာမွှေး သိမ့်ရာမွှေး ။ ။
နွားကလေးရဲ့ ဖယောင်းပုံ နွားကလေးရဲ့ ဖယောင်းပုံ ဖယောင်းပုံလို ချောတဲ့နွားရဲ့
ဖယောင်းပုံလို လှတဲ့နွားရဲ့
တို့လိုက်တိုင်းခုန် တို့လိုက်တိုင်းခုန်
လှည်းကလေးရဲ့ ခြောက်စထောင် လှည်းကလေးရဲ့
ခြောက်စထောင်
နွားကလေးရဲ့ ညီညီနောင် နွားကလေးရဲ့
ညီညီနောင်
ပွဲလိုက်ရအောင် ပွဲလိုက်ရအောင်။ ။
မိုး စို စို ထင့်
တောင်ကလေးညိုညို မိုးဆင်သလို
တောင်ညိုညို ဟိုဘက်ကမ်းက
တောင်ညိုညို သည်ဘက်ကမ်းက
မင်း ငုံလို့ပေး မင်းငုံလို့ပေး မိုးရွာရင် ဘာကို ဘာကို မိုးပါရ ဘာကိုလေးလေးလေးလေး
ဘာကို ဘာကို မိုးပါရ
ပဒုမ္မာ ရွှေကြာဖက် ကားကျက်လို့ ဘာတဲ့ ဘာတဲ့ မိုး
ပဒုမ္မာရွှေကြာရိုးမှာ ပဒုမ္မာရွှေကြာရိုးမှာ
ထီးလုပ်လို့ မိုး မိုး မိုး မိုး ထီးလုပ်လို့
မိုး မိုး မိုး မိုး
ပဒုမ္မာ ရွှေကြာဖူး အတွေ့တော်ထူး စိန်ခြူးရွှေကြာပင်
ကျော်အုန်းလှိုင် မင်္ဂလာတွင်။ ။
လှေပေါ်က ကြက်တူရွေးရယ် လှေပြေးတိုင်းလှော်
ရွှေခဲရေ တော်တော်လှော်ပါ့ အားတော်ကသေးပါသေး။ ။
သုံးပင်တိုင် ရွှေခနွဲနဲ့ ရေနက်အောင်ထိုး နက်အောင်ထိုး
ရေနက်အောင်ပါ့ ပျို့ မောင်ထွေးရဲ့
ထိုးပလေးလေး နက်အောင်ထိုး။ ။
သနပ်ခါး နံ့သာရေ ချွေးတွေဥလို့ ကုန်ပြီဟေ
ဘောက်သူကြီးဆရာရေ အနားပေးမှ တော်မယ်လေ။
။
လယ်ညိုရွှေတုံး ပိတ်ပေပေါ့ လုံး လုံး
ပိတ်ပြီလားဟေ့ မိရွှေတုံးရေ ပြန်အုန်းမယ်လေ။ ။
ရွှေဗျိုင်းဖြူရယ်လေ ရေချိုကန်ရိုး
ဖားကောက်ခဲ့ ဗျိုင်းရေ ဗျိုင်းရေ
ဗျိုင်းရေ ဗျိုင်းရေ ရေ။ ။
ပိုးစုန်းကြူ ဖြူငယ်လေ တစ်ကောင်ထဲ
အရောင်အ၀ါတွေ နည်းလိုက်ပါတဲ့မှ ပိုးစိမ်းဖြူငယ်လေလေ
ဖြူငယ်လေလေ
ပိုးစုန်းကြူ တစ်ဖြူသား မယ့်လက်ဝါးနှင့်
ဆားရက်လှဲ့ ပိုးစုန်းကြူ ငယ်လေလေ ဖြူငယ်လေလေ။
။
နွဲမဒီ ကညာရယ်လေ တစ်ကလှဲ့ တစ်ခါဆီ ပုန်းကြပါစို့ ပုန်းကြပါစို့ဟေ
တကယ်အဆီတုံးလေးလေကိုလ ပါတ်ကုန်းလယ်လို့ ရှာဦးမယ်ဗျို
့ စုံတောမြိုင်ဝါဟေ
အမူပို သာကြွ တူတူဆို ရှာမရ ဟောဒီမယ်ဗျ ချိုပြုံးစွာ ပျိုပုန်းတာ
လွှတ်ပါဦးကွယ်မောင်ဖုန်းရယ် တဘက်ဖုန်း
စုံစုံကန်းက နေ့လား ညလားဆို။ ။
မဲကရာဆိုး သူ့ချိပ်အို ဘာလီမိုက်က ကိုက်၍ပါတဲ့ ငို
တို့နှစ်ကိုယ် ဖူးစာကနှယ် ဟေ မခိုင်လို့
လဲ ကျုပ်အသဲ နှုတ်ဆွဲ။ ။
မှော်ရုံမြိုင်ရိုး နဂရာနီ နှစ်သွယ် ဒဿ ကို ကျော်ဆွေး ဟန်မရသေး
နလန်ထကလေးပါဘုရာ့ လူမမာမေးမှ သူမလာ
စိမ်းကားတယ် ကိုဘဇာရေ အသစ်ကညာကို တွေ့ရော့လေလား
ဆရစ်ကညာကို မေ့တော့တာလား ယနေ့ထက်ထိ သူမလာ
မာပါစေ လက်ဟောင်း ကိုဘိုကေ။ ။
ဘုရားကြီးရယ် အိမ်တော်ရာကို တမင်လည်လို့ ဖူးလိုက်ချင်တော့
ရွှေစေတီတစ်ဦးရယ်နဲ့ အထူးပါလှဲ့ စေတနာ
ရွှေရပ်တော်နှင့် ပူဇော်ရာကို စုံအောင်ဖူး။ ။
မန္တလာဈေးချို ဟန်သနှစ်ပြေးတုံ
ရွှေလုံမြို့ နယ်ခရိုင်မကျန်
တစ်မြို့လုံး အုန်းအုန်းကြွက်ကြွက်ညံ
ကားပေါ်တက်စီး ထွက်ခရီး မနီးစပ်ပ ခရီးကလည်း
ပုံကွာ
အလုံပြေးနယ်ခရိုင်ကို ရောက်ရပြန်သပေါ့
အံ့သြ အံ့သြ အံ့သြလောက်စရာ
အထက်ကောင်းကင်သို့ အာကာ စက်မောင်းဆင်းလို့
လာတာ
ဒုတိယထပ်တဲ့ အံ့သြပါ ထီးနန်းနှင့် မီးရထား မြင်ရတာ။ ။
မှော်ရုံတောမှာ တောမှာ
မယ်ဂမ္ဘီ သမင်ယောင်ဆောင်သည့်ဟန်
သီတာမကြံ သိန်းဃိုပြည်ဝဲတဲ့
လေယာဉ်ပျံ။ ။
တောင်သီလာစောင်းပါလို့ ရသေ့တွေအောင်းတယ်
ကျောင်းကူးရိပ်လေ ကျောင်းကူးရိပ်လေ
တောရလေလေ တောရစံနေ
ဗန်းကုံးခွက်နီ ရွက်သည် မယ်ကေသီ ရွက်တယ်လေး တောထွက်ပါတော့မယ်။ ။
နဒီ နဒီ မြစ်မှာလ ထမီတိုတို ၀တ်ပါလို့ ကူးစို့ ကူးစို့
ကူးစို့ မစိန်ရေ
နဒီ နဒီရိုးမှာလ ရေအိုးပင့်ပါ အိုးပင့်ပါ နဒီ နဒီပေါက်မှာလ ရေသောက်ပါဆို သောက်ပါဆို။ ။
မနှင်းနွယ်ရယ်လေ ကိုသာဂရလိုပ
ဟိုရွာကျခါမှ နားကြပါစို့ဟေ။ ။
မင်းတို့မောင် လာရင်ကွယ် ပုဆိုးရှန်ညိုကွက်တွေနဲ့
တစ်မျိုးကြံလို့ ယက်မယ်ပါ့ လက် လက်
လက်ခတ်သံ ကြွက် ကြွက် ကြွက်ကြွက်ညံ
လက်ခတ်သံ ကျွန်းဖိုသား သောင်းထိုက်ကကြား
သောင်းကျော်လို့
ကြားတယ်မောင်ရေ သောင်းကျော်လို့ ကြားတယ်မောင်ရေ
လက် လက် လက်ခတ်သံ ကြွက် ကြွက် ကြွက်ညံ
ရွှေစောင်ညို ယက်ပါလို့ ရွှေလေလေလေလေလေလေ စောင်ညိုယက်ပါလို့
မြလက်ခတ်စိန်ခြူးသံ ဂွမ်း ဂွမ်း
ဂွမ်း။ ။
ပြုံးလျှက်မူယာ ခုံးမျက်စကတော့ သုံးရက်လ ပုံပမာ
မမုန်းရက်စရာပါ့ ဂမုန်းခက်ကယ် ရူပကာလို
အုန်းစက်ကယ်မှ တူမကွာတယ် ဆုံးတစ်သက်နွှဲရအောင်လေ
စိန်မောင်း စိန်မောင်း ဟန်။ ။
ပွဲလာသူတွေ အောင်စေ(စည်)တီးတော့ သဟာဆွေ ကျန်းမာတော်မူကြပါစေ
ချမ်းသာတော် မူကြပါစေ
အထွေထွေ အရာရာ ရွှေငွေရတနာ စပါး ဆန်ရေ
ပေါများကြပါစေ
ကိုသောင်းစိန် လာပြီလေ မောင်သောင်းစိန် လာပြီလေ
တို့ရွှေကြိုင် ဇာတိဖွား ဘောက်တော်သားက
ပို့တဲ့ မေတ္တာရေ ရေ ရေ
ကိုသောင်းစိန် လာပြီလေ မောင်သောင်းစိန် လာပြီလေ
တို့ရွှေကြိုင် ဇာတိဖွား ကမ္ဘာသောင်းက ပို့တဲ့
မေတ္တာရေ ရေ ရေ။ ။
No comments:
Post a Comment