မြို့ပြရဲ့ ဆူညံမှုတွေကနေ ခေတ္တခဏ ရှောင်ခွာဖို့ မွေးရပ်မြေကိုပြန် ရွာထဲမှာ
မအိပ်ပဲ ၅မိုင်လောက်ဝေးတဲ့ စည်ပတုံးချောင်းကွင်းပြင်ထဲက မိဘတို့ရဲ့ ယာတောလေးထဲမှာ
သွားအိပ်ပါတယ်။တသက်နဲ့တစ်ကိုယ် ကြားတောင်မကြားဖူးခဲ့ဘူး။တစ်ညလုံး ထွန်စက်သံတွေ
ဆူညံနေပါရောလား။ဟ သောက်ကျိုးနဲ ဘာလုပ်တဲ့ ထွန်စက်တွေက တစ်ညလုံး မောင်းနေပြတာလဲဟ
လို့ ရွာကလူတွေ မေးကြည့်တော့ ပျဉ်တိုက်ကြတာတဲ့။သစ် အလုံးလိုက်မသယ်ရ ဆိုတော့
ခွဲစိတ်ပီး သယ်နေကြတာတဲ့။တစ်ညဆို ထွန်စက် လေးငါးခြောက်စီးပ။ဘယ့်နှယ် ကံထူးမ ကဘေးဝ
ကားလမ်းက မမောင်းပဲ တောကြိုတောကြားကနေ မောင်းနေတာလဲဆိုတော့
သစ်ခိုးထုတ်နေကြတာတဲ့။သူတို့အပြောပေါ့လေ။ဟုတ်နိုင်လောက်တယ်။ခိုးထုတ်တာ မဟုတ်ရင်
နေ့ခင်းဘက်မောင်းကြမှာပေါ့။ကျုပ်လည်း ညကြီးသန်းခေါင်ဆိုတော့ ဓာတ်ပုံကလည်း
ထမရိုက်ရဲဘူး။သူတို့က ဆင်းရိုက်ရင် ကျုပ်နားမှာ ကျုပ်သမီး
ကလေးပေါက်စကလေးရှိတာ။မြွေကလည်းကြောက်ရသေးရဲ့။မြွေကြောက်ပါတယ်ဆိုမှ
ငန်းမကျီးတစ်ကောင်က ရလိုက်သေးရဲ့။အဲဒီမြွေက အဆိပ်အပြင်းဆုံးပဲ။ကံကောင်းလို့။
တစ်ညနေတော့ အကိုကြီးက လိပ်ခြံရွာက ကာကွယ်ထားတဲ့ သစ်တော လိုက်ပြမယ်ဆိုလို့
ဆိုင်ကယ်နဲ့ လိုက်သွားတယ်။လမ်းမှာ ထွန်စက် လေးစီးဗျိုး။ပျဉ်တွေ အပြည့်ပဲ။ဟိုက်
သောက်ကျိုးနဲ ၁၂လက်မ ထု ၁၈လက်မဗျကိပေ၂၀လာက်ရှိတဲ့ အသားတွေ
ထွန်စက်လေးစင့်းအပြည့်ပါလား။သစ်တောတွေတော့ ကုန်ပါပြီ။ကျုပ်က
ဓာတ်ပုံရိုက်မယ်လုပ်တော့ အကိုက မလုပ်နဲ့ကွ ရန်ရှာနေလိမ့်တဲ့။မင်းက
မန္တလေးနေတာ။ငါတို့က ဒီမှာနေရတာတဲ့။လိပ်ခြံ မြောက်ကုန်းကနေ သတွတ်ကွေ့၊သတွတ်ကွေ့ကနေ
ငရနင်းကူးကနေ ချောင်းကိုဖြတ် ဇီးပေါက်ရွာရဲ့မြောက်ဘက်ကနေ ကန်ကလေးကုန်းရွာကိုဖြတ်
အဲဒီကနေ ကျေးကန်ရွာဘက် သွားကြတယ်ဆိုလားပဲ။ရွာတွေကိုဖြတိရင် ထွန်စက်စက်တစ်စီး ၅၀၀၀
ပေးရတယ်တဲ့။လမ်းတံတားအသုံးပြုခပေါ့လေ။ကျုပ်တို့ နယ်သားတွေ ပိုက်ဆံလေး
၅ထောင်ရတာကိုပဲမြင်တယ်။ရာသီဥတုဖောက်ပြန်တာ မိုးခေါင်တာ ဒီသစ်တောတွေ ပြုန်းတီး
လို့ဆိုတာ မတွေးကြဘူး။တစ်ညတစ်ည ထွန်စက်လေးငါးခြောက်စင်းနဲ့ ဒီသစ်တွေ ထုတ်နေမှတော့
တန့်ဆည်နယ်သစ်တောမှ မပြုန်းရင်
ဘယ်သစ်တောများပြုန်းနိုင်ဦးမှာလဲ။တရားဝင်ထုတ်တာလားတရားမ၀င်ထုတ်နေတာလား
ကျုပ်မသိပါဘူး။တရားမ၀င် ထုတ်နေတာဆိုရင် ဒီလောက်ကြီးကြီးကျယ်ကျယ် ခိုးထုတ်နေတာ
တာဝန်ရှိတဲ့သူတွေ မသိကြဘူးလား။ဘာတွေလုပ်နေကြတာလဲ။မေးခွန်းထုတ်စရာ
ဖြစ်နေပြီ။ကမ္ဘာမှာ တစ်မိနစ်တိုင်တစ်မိနစ်တိုင်း ဘောလုံးကွင်းတစ်ကွင်းစာမျှသော
သစ်တောတို့သည် ပြုန်းတီးနေ၏တဲ့။ကျုပ်တို့တန့်ဆည်နယ် များ ထည့်မတွက်လေရောသလားပဲ။တစ်နေ့
အိုင်လျားကုန်းတိုက်ဖက် နွားကောင်တင်ရွာဟောင်းရှိတဲ့နေရာ ဓာတ်ပုံရိုက်ဖို့
တောထဲကနေ ဆိုင်ကယ်စီးလာတော့ မီးသွေးဖိုတွေဗျား။အကျအန အုတ်တွေ စီလို့
လုပ်ထားလိုက်ကြတာ။သူတို့ဘ၀တွေအတွက် ရုန်းကန်နေကြရတာမို့
အပြစ်မဆိုချင်ပါဘူး။ကျုပ်အကိုကတော့ ပြောတယ်။ဒီကောင်တွေက အဆိုးဆုံး ဘာသစ်ပင်မှ
မရွေးဘူး ။ခြေသလုံးလောက် ပေါင်လုံးလောက်ရှိရင် အကုန်ခုတ်တာပဲ ငါ့ယာတောနားဆို
အပင်ုကြီး မကျန်တော့ဘူး၊ငါမွေးထားတဲ့အပင်လေးတွေတောင် လာလာပြီး
ခိုးခုတ်သွားကြတယ်တဲ့။ခက်ကပြီ။ကျုပ်ငယ်တုန်းက တောထဲအိပ်ရင် ခွေးအတွေ တဲနားလာအူရင်
ခေါင်းမြီးခြုံအိပ်ခဲ့ရရဲ့။သစ်ကျုတ်တွေ ဟောက်သံတွေ ကြားခဲ့ဘူးရဲ့။အဘနဲ့ တောထဲ
လိုက်သွားရင် သမင်ပေါက်ကလေးတွေ မြင်ခဲ့ရဘူးရဲ့။ယုန်မြင်ချင်ရင် ရွာပြင်ထွက်ရှာ
တွေ့ရတာပဲ။အခုတော့ ကျုပ်ကလေးတွေကို ယုန်ပြချင်တာတောင် ရွာနဲ့ ၁၀မိုင် ပတ်ခြာလည်
ယုန်မရှိချေတော့တကား။လူတို့နှိပ်စက်၍ သစ်တောတို့ ပြုန်းတီး၍ ယုန်တို့သည်လည်း
ရွာအနီးအနားတွင် မရှိချေတော့တကား။ချေသမင်ဆိုသည်မှာ
အရုပ်ရေးပြရချေတော့မည်။ယခင်နှစ်များက ကြားခဲ့ရသော ယခင်ကအင်မတန်များပြားလှသော
တောင်သူကြီးငှက်၏ထွန်တုံးဖောက်သံကိုပင်
မကြားခဲ့ရချေတော့တကား။ယောက်ဖခွေးခေါ်ဟုအော်သည့် ဤငှက်ကလေးတွေလည်း ဘယ်ဆီရောက်သွားချေပြီ
မသိတော့ချေ။တစ်ညလုံး ဥုံ ဖွ ဖွ ဥုံ ဖွ ဖွဟု ဗိန္ဓောဆရာကြီး မန်းနေသကဲ့သို
သစ်ပင်ထိပ်မှ အော်နေတတ်သည့် ငှက်ဆေးသမားကြီးလည်း
တန့်ဆည်နယ်အတွင်းသစ်တောများပြန်းတီးကုန်သဖြင့် သစ်ပင်မခုတ်ရသော
တရုတ်နိုင်ငံသို့များ ဗီဇာမပါပဲ ထွက်သွားလေချေပြီလား။ကျနုပ်ရောက်လျင် ကြားနေကြ
သတ္တ၀ါတို့၏ အသံတို့ကား မကြားရချေတော့တကား။မည်သူ့အား အပြစ်တင်ရတော့မည်
မသိချေတော့တကား။ကျနုပ်၏မွေးရပ်မြေသွား တောလားသည်လည်း မေးခွန်းပေါင်းစုံဖြင်
ကျန်ရှိနေတော့သည်တကား။
Wednesday, September 24, 2014
ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၅)
အုန်းမောင်းခေါက်တာဆိုလို့ ပြောရဦးမယ်။ကျုပ်တို့ဆီကတော့
ခေါင်းတီးတယ်လို့ခေါ်တာ။နေ့လည် ၁၁နာရီ ဘုန်းတော်ကြီး နေ့ဆွမ်းစားချိန် တီးရတာပေါ့၊ခေါင်းတီးပြီဆိုတာနဲ့
ကျောင်းရှိသမျှခွေး အကုန်အူတော့တာပဲ။ကျုပ်မိတ်ဆွေ မြို့ကြီးသားတွေ ကတော့ ကိုယ်တီးချင်သလို
တီးရတာပဲ ထင်ချင်ထင်နေမယ်။ရှေးက ဓလေ့တွေများ အင်မတန် မှတ်သားစရာကောင်းကိုဗျ။ ဘုန်းကြီးကျောင်းက
စည်တီးသံကြားရင် မနက်ဖန် ဥပသ်နေ့ပေါ့၊ ဟိုတုန်းကတော့ နာရီတို့ ပြက္ခဒိန်တို့ ဆိုတာ ဘုန်းကြီး
ကျောင်းမှပဲ ရှိတာကိုး။အဲဒီတော့ ရွာထဲကလူတွေက အချိန်သိချင်ရင် ဘာနေ့လည်း သိချင်ရင်
ဘုန်းကြီးကျောင်းက နာရီခေါက်သံနှင့် ခေါင်းတီးသံကို နားထောင်ရတာပေါ့လေ။နာရီခေါက်ရင်
နှစ်ချက်တစ်တွဲ ခေါက်ရတာကိုး၊၁၁နာရီထိုးလို့ ခေါင်းတီးတော့မယ်ဆိုရင် နာရီတီးတဲ့လူက
တန် တန် လို့ ၂ချက်တွဲခေါက်လိုက်ရင် ခေါင်းတီးတဲ့လူက ထုံ ဆိုပြီး တစ်ချက်တီးရတယ်။နာရီမောင်းက
နောက်ဆုံးတစ်ချက်တည်း တီးလိုက်တာနဲ့ ခေါင်းတီးတဲ့လူက အဆက်မပြတ် တီးရတော့တာပဲ။အဲဒီလို
အဆက်မပြတ် တီးပြီးပြီဆိုမှ နေ့အလိုက် တစ်ချက်ချင်း ဖြည်းဖြည်း တီးပေးရပြန်တယ်။ စာအုပ်ထဲကတော့
ပထမဆုံး အနန္တငါးပါးကို ရည်ရွယ်ပြီး ငါးချက် ဖြည်းဖြည်း တီးရတယ်။ပြီးရင် ၂၄ပစ္စည်းကို
ရည်ရွယ်ပြီး ၂၄ချက် မြန်မြန်တီးရတယ်။ပြီးမှ နေ့အလိုက် တနင်္ဂနွေဆို တစ်ချက်၊စနေဆို ခုနစ်ချက်
တစ်ချက်ချင်း တီးရတယ် လို့ဆိုတယ်။
ပထမ ငါးချက် တီးရတယ်ဆိုတာတော့ ကျုပ်တို့ တီးတာနဲ့ အတူတူပဲ။၁၁နာရီဆိုတော့
၂ချက်တစ်တွဲ ခေါက်ရင် ၅ကြိမ် ရတယ်။ကြားထဲက ၂၄ကြိမ်ကတော့ ကျုပ်တို့လည်း တစ်ခါမှ ရေပြီး
မတီးဖူးခဲ့ဘူး။နေ့အလိုက်ကတော့ ကိုရင်ကြီး ကျောင်းသားကြီးတွေက ပြက္ခဒိန်ကြည့်ပြီး ဘယ်နှစ်ချက်ခေါက်လို့
ပြောပေးတယ်။တစ်ခါတစ်လေ ဘုန်းတော်ကြီးကို မေးရတယ်။ဒီအုန်းမောင်းခေါက်တဲ့ စနစ်က တစ်နိုင်ငံလုံးရှိတဲ့
ဘုန်းတော်ကြီးကျောင်းတွေ အတူတူပဲဗျ။မိတ်ဆွေများ မယုံလျင် မနက် လေးနာရီ အုန်းမောင်းခေါက်ရင်
သည်နေ့ ဘာနေ့လဲ သိချင်ရင် နောက်ဆုံး ဘယ်နှစ်ချက် ခေါက်သလဲ ဆိုတာသာ ရေကြည့်ကြပေတော့ဗျား။
ကျုပ်အထက်က ပြောသလို ရွာသားတွေလည်း သည်နေ့ဘာနေ့လည်း သိချင်ရင်
ခေါင်းတီးသံ နားထောင်ရတာပေါ့၊။ တစ်ရက်မှာ ကျုပ်အဘွား ဒေါ်အေးရင်လေ မနက်ဖန် နတ်တင်ချင်လို့
သည်နေ့ ဘာနေ့လဲ သိရအောင် ခေါင်းတီးသံ လိုက်ရေတာပေါ့။နတ်တင်တယ်တိုတာ ဗုဒ္ဓဟူး နေ့ဆို တင်မရဘူးတဲ့၊စာဆိုကတော့ ဗုဒ္ဓဟူး နတ်ရူးတောင် မစားဘူးတဲ့။ဒါနဲ့ ကျုပ်အဘွားလည်း ခေါင်းတီးသံ လိုက်ရေတာပေါ့။သူများတွေက
တုံတုံတုံ ဆိုပြီး မြန်မြန် တီးသံဆုံးမှ စရေကြတာ။ သူက အဲဒီလို မရေပဲ စခေါက်ကတဲက
ရေလာတာ။ပထမ ငါးချက်ကတော့ ဖြည်းဖြည်းခေါက်တာဆိုတော့ ရေလို့ရတာပေါ့။ ငါးချက်လည်း
ပြီးရော တုံ တုံ တုံတုံတုံ လို့ မြန်မြန်လည်း ခေါက်ရော လိုက်မရေနိုင်တော့ဘူး။ အဲဒီတော့
သူက ထဆဲတယ်။သေချင်းဆိုးကလေးတွေ သည်နေ့ ခေါင်းကို ဘယ်လိုတီးနေတယ်မသိဘူး တဲ့။
ဘ၀အမော ပြေနိုင်ကြပါစေ။
ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ (၄)
နွေရာသီကျောင်းပိတ်ရက်
တစ်ခုမှာပေါ့လေ။ကံထူးမရွာကဦးသန်းရွှေ ဒေါ်မြစိန်တို့ မိသားစုက ကမကထလုပ်ပြီး
ဘုန်းကြီးကျောင်းလှေကားကိုအုတ်လှေခါးလုပ်မှာမို့ အုတ်သမားတွေ ငှါးပြီး အုတ်ဖုတ်ကြတာပေါ့။ကန်ကလေးကုန်းရွာက
ဘုန်းကြီးကျောင်းလှေကားကိုအုတ်လှေခါးလုပ်မှာမို့ အုတ်သမားတွေ ငှါးပြီး အုတ်ဖုတ်ကြတာပေါ့။ကန်ကလေးကုန်းရွာက
ကိုအောင်သန်းလှတို့ အဖွဲ့တွေ အုတ်လုပ်ကြတာပေါ့။ရွှံ
့တွေကိုနယ် အုတ်ရိုက်ပြီး နေပူလှန်းကြတာဆိုတော့
ကျုပ်တို့ ဘုန်းကြီးကျောင်း
တလင်းပြင်ကြီးတစ်ခုလုံး အုတ်တွေနေပူလှန်းထားလိုက်တာ ထေါင်သောင်းချီလို့ပေါ့။
တစ်ရက်တော့ အုတ်သမားတွေ ရွာခဏပြန်သွားတုန်း မိုးက ဗြုန်းစားကြီး ရွာချလ်ုက်ရောဗျိုး။ကျုပ်တို့လည်း အုတ်စိမ်းတွေ
တစ်ရက်တော့ အုတ်သမားတွေ ရွာခဏပြန်သွားတုန်း မိုးက ဗြုန်းစားကြီး ရွာချလ်ုက်ရောဗျိုး။ကျုပ်တို့လည်း အုတ်စိမ်းတွေ
မိုးစိုရင်
ပျက်ကုန်တော့မှာပဲဆိုပြိး ရသမျှသော ထန်းရွက် သက်ကယ်ပြစ်တို့နဲ့
ဖုံးကြအုပ်ကြရသပေါ့။မိုမင်းကြီးကလည်း နွေခေါင်ခေါင်
ဘယ်အညိုးနဲ့ ရွာချတယ် မသိပါဘူး။မတိတ်ပဲ ပိုရွာလာတယ်။အုတ်တွေက သောင်းချီရှိတာ။
ကျုပ်တို့လည်းအကုန်လိုက်မဖုံးနိုင်တော့ဘူး။ဒါနဲ့ ရွာကလူတွေ ခေါ်ဖို့ဆိုပြီး အုန်းမောင်းကြီး ပြေးပြီး အသားကုန် တီးချလိုက်တာ။
ကောင်းသဗျိုး။ရွာကလူတွေ အကုန်ထွက်ပြေး လာကြတာ။ကျုပ်အမအကြီးဆုံး မမိစန်းက အရင်ဆုံး တဘက်ကလေးပုခုံးပေါ်တင်
မျက်ရည်လေးကလယ်ကလယ်နဲ့ အရင်ဆုံး ရောက်ချလာခဲ့တာ။ကျုပ်အဒေါ် ဒေါ်ခင်ရကတော့ တံမျက်စည်းလှည်းနေရာက
အုန်းမောင်းခေါက်သံလည်းကြားရော တံမျက်စည်းကြီးလွှတ်ချပြီး ဘုန်းကြီးကျောင်းကို ပြေးလာလိုက်တာ။တစ်လမ်းလုံးလည်း
ငိုလာရဲ့။ကျောင်းလည်းရောက်ရော မောင်ကြီးက ဘယ်မှာတုန်း။ဘာလို့ သေတာတဲ့တုန်း။မန္တလေးမှာ သေခဲ့တာတဲ့လား တဲ့။
ဘုန်းတော်ကြီးက သူ့မောင်ကြီးကိုး။အဲဒီတုန်းက ရွာမှာမရှိဘူး။ဆယ်တန်းဖြေဖို့ မန္တလေး သွားနေတာ။ကျုပ်တို့က အုတ်တွေ ဖုံးလို့
မနိုင်တော့လို့အုန်းမောင်းကြီး ထခေါက်တာ။ရွာဓလေ့ ရပ်ဓလေ့က တုန်းမောင်းကြီးကို ခေါက်နေကြအချိန် မဟုတ်ပဲ
တစ်ခြားအချိန်ခေါက်ရင် ဘုန်းတော်ကြီး ပျံလွန်တော်မူတယ် လို့ မှတ်ကြတာကိုး။ကျုပ်တို့က ဘုမသိဘမသိ ထခေါက်တော့
တစ်ရွာလုံး ငိုကြရသပေါ့လေ။
ဘယ်အညိုးနဲ့ ရွာချတယ် မသိပါဘူး။မတိတ်ပဲ ပိုရွာလာတယ်။အုတ်တွေက သောင်းချီရှိတာ။
ကျုပ်တို့လည်းအကုန်လိုက်မဖုံးနိုင်တော့ဘူး။ဒါနဲ့ ရွာကလူတွေ ခေါ်ဖို့ဆိုပြီး အုန်းမောင်းကြီး ပြေးပြီး အသားကုန် တီးချလိုက်တာ။
ကောင်းသဗျိုး။ရွာကလူတွေ အကုန်ထွက်ပြေး လာကြတာ။ကျုပ်အမအကြီးဆုံး မမိစန်းက အရင်ဆုံး တဘက်ကလေးပုခုံးပေါ်တင်
မျက်ရည်လေးကလယ်ကလယ်နဲ့ အရင်ဆုံး ရောက်ချလာခဲ့တာ။ကျုပ်အဒေါ် ဒေါ်ခင်ရကတော့ တံမျက်စည်းလှည်းနေရာက
အုန်းမောင်းခေါက်သံလည်းကြားရော တံမျက်စည်းကြီးလွှတ်ချပြီး ဘုန်းကြီးကျောင်းကို ပြေးလာလိုက်တာ။တစ်လမ်းလုံးလည်း
ငိုလာရဲ့။ကျောင်းလည်းရောက်ရော မောင်ကြီးက ဘယ်မှာတုန်း။ဘာလို့ သေတာတဲ့တုန်း။မန္တလေးမှာ သေခဲ့တာတဲ့လား တဲ့။
ဘုန်းတော်ကြီးက သူ့မောင်ကြီးကိုး။အဲဒီတုန်းက ရွာမှာမရှိဘူး။ဆယ်တန်းဖြေဖို့ မန္တလေး သွားနေတာ။ကျုပ်တို့က အုတ်တွေ ဖုံးလို့
မနိုင်တော့လို့အုန်းမောင်းကြီး ထခေါက်တာ။ရွာဓလေ့ ရပ်ဓလေ့က တုန်းမောင်းကြီးကို ခေါက်နေကြအချိန် မဟုတ်ပဲ
တစ်ခြားအချိန်ခေါက်ရင် ဘုန်းတော်ကြီး ပျံလွန်တော်မူတယ် လို့ မှတ်ကြတာကိုး။ကျုပ်တို့က ဘုမသိဘမသိ ထခေါက်တော့
တစ်ရွာလုံး ငိုကြရသပေါ့လေ။
ကျုပ်တို့လည်း တစ်ရွာလုံးရဲ့ မေတ္တာပိုတာ ခံရသပေါ့လေ။သေနာကောင်လေးတွေတဲ့။ဟီး ဟီး။
ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၃)
ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၃)
သီးသီးတွေကြွေတဲ့ အခုလို မိုးရာသီရဲ့ ညတစ်ညမှာပေါ့လေ။
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေလည်း ညဘုရားဝတ်တက် အမျှဝေပြီး အိပ်ကြတော့တာပေါ့။ညအိပ်ယာဝင်ကတဲ က မိုးကလည်း စရွာ
တော့တာပဲ။ ညသန်းခေါင်လောက်ရောက်တော့ ကျောင်းက ခွေးတွေကလည်း ကျောင်းအရှေ့ဘက်ကြီးပဲ ထိုးထိုးဟောင်လိုက်ကြတာ။ ဆူညံလို
့ပဲ။ ကျောင်းအရှေ့ဘက်မှာက သားရိုးဘုရားတွေ ထားတဲ့ ဘုရားဆောင် ကလေးရှိတာ။ဘုန်းကြီးကလည်း မိုးအေးအေးနဲ့ အိပ်လိုက်တာ
နိုးမလာဘူး။ကျုပ်တို့ ကလေးတွေကလည်း ခွေးဟောင်သံ ကြားပေမယ့် သူရဲကြောက်တော့ထမကြည့်ရဲဘူး။ဓာတ်မီးကလည်း မရှိဘူး။
ဓာတ်မီးမပြောနဲု့ မီးခြစ်ကိုမရှိတာ။မဆလခေတ်ကိုး။အကုန်ရှားပေါ့။ဒီလိုနဲ့
မနက်လင်းတော့ ထုံးစံ့အတိုင်း ရေတွင်းကနေ ရေခပ်ပြီး အိုးတွေ
လိုက်ဖြည့်ကြရတယ်။အဲဒီလို ရေတွင်းကနေ ရေခပ်နေကြတုန်း ကျုပ်တို့ကျောင်းမှာ တစ်ပါးတည်းသောကိုရင်ကြီး ဖိုးပုက
သီးသီးသွားရှာချေဥိးမယ်ကွ ဆိုပြီး သီးပင်ကြီးရှိရာ ထွက်သွားလိုက်တယ်။သီးပင်ကြီးက ကန်ရဲ့အရှေ့ဘက် ရေတွင်းက ကန်ရဲ့ အနောက်ဘက်။
ကန်ရဲ့မြောက်ဘက် ပေ၅၀လောက်မှာ သိမ်နဲ့ဘုရား ရှိတယ်။ကိုရင်ကြီးက ကန်ရဲ့မြောက်ဘက်ကနေ
ကပ်ပြီး သီးပင်ရှိရာကိုသွားပြီး
သီးသီးရှာရာကပြန်လာတော့ သိမ်ဘက်ကို လက်ညှိုးထိုးပြီးဖဲဝိုင်းကြီး ဖဲဝိုင်းကြီး ဆိုပြီး ငယ်သံပါအောင် အော်ပြေးလာတယ။
ကျုပ်တို့တစ်တွေလည်း ကြောက်ကြောက်ရွံရွံနဲ့ သိမ်ရှိတဲ့ဘက်ကို အသာသွားပြိး ချောင်းကြည်ကြတာပေါ့။ဘယ်ကလာ ဖဲဝိုင်းဟုတ်ပါလိမ့်မတုန်။
ဘုရားဆောင်ထဲက သားရိုးဘုရားကြီးငယ်တွေ အကုန်လုံး သိမ်ထဲ ရောက်နေပါပေါ့လား။ဘုရားအကြိးကြီးတွေ ငါးဆူလောက်ကို
မျက်နှာချင်းဆိုင်ချထားတော့ ဖဲဝိုင်းနဲ့ တူနေတာကိုး။ကျုပ်တို့ ဘုန်းကြီးကျောင်းသားပေါက်စတွေကေ တာ့ ငါတို့ဘုရားတွေ
တယ်တန်ခိုးကြီးသကိုး။
ဘုရားဆောင် မိုးမလုံတော့ နတ်တွေကမိုးလုံတဲ့ သိမ်ထဲ လာရွှေ့ထားသကိုးပေါ့။ဒါနဲ့ ကျောင်းသားကြီးတစ်ယောက်က ဘုန်းကြီး
သီးသီးတွေကြွေတဲ့ အခုလို မိုးရာသီရဲ့ ညတစ်ညမှာပေါ့လေ။
ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေလည်း ညဘုရားဝတ်တက် အမျှဝေပြီး အိပ်ကြတော့တာပေါ့။ညအိပ်ယာဝင်ကတဲ
တော့တာပဲ။ ညသန်းခေါင်လောက်ရောက်တော့ ကျောင်းက ခွေးတွေကလည်း ကျောင်းအရှေ့ဘက်ကြီးပဲ ထိုးထိုးဟောင်လိုက်ကြတာ။ ဆူညံလို
နိုးမလာဘူး။ကျုပ်တို့ ကလေးတွေကလည်း ခွေးဟောင်သံ ကြားပေမယ့် သူရဲကြောက်တော့ထမကြည့်ရဲဘူး။ဓာတ်မီးကလည်း မရှိဘူး။
ဓာတ်မီးမပြောနဲု့ မီးခြစ်ကိုမရှိတာ။မဆလခေတ်ကိုး။အကုန်ရှားပေ
လိုက်ဖြည့်ကြရတယ်။အဲဒီလို ရေတွင်းကနေ ရေခပ်နေကြတုန်း ကျုပ်တို့ကျောင်းမှာ တစ်ပါးတည်းသောကိုရင်ကြီး ဖိုးပုက
သီးသီးသွားရှာချေဥိးမယ်ကွ ဆိုပြီး သီးပင်ကြီးရှိရာ ထွက်သွားလိုက်တယ်။သီးပင်ကြီးက ကန်ရဲ့အရှေ့ဘက် ရေတွင်းက ကန်ရဲ့ အနောက်ဘက်။
ကန်ရဲ့မြောက်ဘက် ပေ၅၀လောက်မှာ သိမ်နဲ့ဘုရား ရှိတယ်။ကိုရင်ကြီးက
သီးသီးရှာရာကပြန်လာတော့ သိမ်ဘက်ကို လက်ညှိုးထိုးပြီးဖဲဝိုင်းကြီး ဖဲဝိုင်းကြီး ဆိုပြီး ငယ်သံပါအောင် အော်ပြေးလာတယ။
ကျုပ်တို့တစ်တွေလည်း ကြောက်ကြောက်ရွံရွံနဲ့ သိမ်ရှိတဲ့ဘက်ကို အသာသွားပြိး ချောင်းကြည်ကြတာပေါ့။ဘယ်ကလာ ဖဲဝိုင်းဟုတ်ပါလိမ့်မတုန်။
ဘုရားဆောင်ထဲက သားရိုးဘုရားကြီးငယ်တွေ အကုန်လုံး သိမ်ထဲ ရောက်နေပါပေါ့လား။ဘုရားအကြိးကြ
မျက်နှာချင်းဆိုင်ချထားတော့ ဖဲဝိုင်းနဲ့ တူနေတာကိုး။ကျုပ်တို့ ဘုန်းကြီးကျောင်းသားပေါက်စတွေကေ
ဘုရားဆောင်
သွားလျှောက်တော့ ဘုန်းကြိးလည်း
လိုက်လာပြီး ကြည့်တယ်။
ဟာ သွားပြီကွာ။ ဘုရားတွေ ရွှေပွတ်ခံလိုက်ရပြီ တဲ့။
ကဲ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ခိုးစရာရှားလို့ ဘုရားကရွှေမှ လာခိုးသွားရတယ်လို့။အခုထိ ရွှေပွတ်တဲ့သူကို မသိရသေးဘူး။
အဲဒီကတဲက ရွာက သားရိုး ဘုရားတွေ ရွှေမရှိတာပဲ။တစ်ဆူကတော့ မန္တလေး ပေါက်မြိုင်ကျောင်းနားက ဓမ္မာရုံမှာဆိုလား သစ္စေးပင်လှ
ရွာသားတွေ ပင့်သွားသတဲ့။တစ်ဆူကတော့ ရေဦးက ဒကာတစ်ယောက် ပင့်သွားတယ်ဆိုလားပဲ။ကျန်တဲ့ ဘုရားတွေလည်း ကျောင်းမှာမှ
ရှိသေးရဲ့လား မသိတော့ပါဘူး။အမရကပူရက ဗားကရာ ကျောင်းထဲက သားရိုးဘုရားတွေမြင်ရင် ကျုပ်မှာ ရွာက သားရိုးဘုရား
တွေ ရွှေပွတ်ခံရတာချည်းပဲ သတိယနေမိတော့တယ်။ —
ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၁)
ကျုပ်မှာ မောင်နှမသားချင်းက ကိုးယောက်တောင်ရှိတာဆိုတော့ မိဘတွေကလည်း အပြောရသက်သာပြီးရော ဆိုပြီး ငါးနှစ်သား
ကတဲက ဘုန်းကြီးကျောင်း ပို့လိုက်တာ ၁၂နှစ်သားထိ ဘုန်းကြီးကျောင်း နေခဲ့ရသဗျ။ဘုန်းကြီးကျောင်းဆိုလို့ ဘုန်းကြီးက တစ်ပါးနဲ့
ကိုရင်တစ်ပါးပဲရှိတာ။ကျန်တာက ဘုန်းကြီးကျောင်းသားတွေပဲ။ဘုန်းကြီးကလည်း ရသမျှသော မုန့်ပဲ ထန်းလျက်ခဲဘွယ် စားရေစာ
မှန်သမျှ နှစ်ပေါက်အောင် သိမ်းထားတယ်။အနုဆုပ် ထန်းလျက်ခဲ ဘီစကစ်တွေ မှိုသာတက်ရော ကျောင်းသားတွေကို
ထုတ်မကျွေးဘူး။
ကျုပ်တို့ ကျောင်းသားတွေကလည်း ဘုန်းကြီး တစ်ခြားရွာကို အာဂန္တုကြွသွားပြီဆို၇င် ခိုးစားဖို့ ကြံကြတော့တာပေါ့။တစ်ရက်မှာ
ဘုန်းကြီးကတောင်ကျောင်းရွာကို ညအိပ်ကြွသွားတယ်။ကျုပ်တို့လည်း နောက်ရက်နေ့လည်ကြတော့ သူ့အခန်းကို ဖွင့်ပြီး မုန့်ခိုးစားဖို့
ကြံတော့တာပဲ။အခန်းက သော့ခတ်ထားခဲ့တော့ ရှေ့က ၀င်မရဘူး။ဒါနဲ့ သူ့အခန်း ပြူတင်းပေါက်ကို လှေကါး အရှည်ကြီးထောင်၊
တုတ်ရှည်ရှည်တစ်
မှန်လည်ပေါက်ကလည်းသံတန်းကြီးခံနေတော့လူက၀င်မရဘူး။ဒီလိုနဲ့ တစ်ယောက်က ပြူတင်းပေါက်နားတက် ချိန်ကောက်နဲ့
မင်းတုန်းဆွဲဖွင့်။သုံးယောက်လော
ကင်းစောင့်တဲ့ကေ
ဖွင့်ကြတာ အထဲကိုလည်း မြင်ရတာ မဟုတ်တော့ ဖွင့်လိုကို မရဘူး။အဲဒီလိုနဲ့ သန်းရွန်းက တက်အဖွင့် ကျောင်းပေါက်ဝက ကင်းက
အချက်ပေးတာ ဘုန်းကြီး လာပြိဟေ့ တဲ့။ဘာပြောကောင်းမတုန်း ပြူတင်းပေါက်ကကောင်ကလည်းခုန်မချရုံတမယ်
ဆင်းပြေးလာတာ။ဒါနဲ့ လှေကား
အရှည်ကြီး မနိုင်တခဲ ပြာရိပြာယာ ရွှေ့ကြနဲ့ မုန့်မစားရပဲ အလုပ်ကို
ရှုပ်လို့ပေါ့။ဘုန်းကြီးလည်း
ရောက်လာရော ခပ်တီတီပေါ့ ကိုယ်မဟုတ်တဲ့ အတိုင်းပဲ နေကြရသပေါ့။ဘယ်ဟုတ်လိမ့်မလဲဗျိုး။ဟိုကောင်သ န်းရွန်းလေ ။
ဘုန်းကြီးလာပြီလို့ကင်းကအချက်ပေးရော ချိတ်ကောက်ကြီး လွှတ်ချပြီး ဆင်းပြေးခဲ့တာကိုး။မောင်ဘုန်းကြီးက မောမောနဲ့
အခန်းလည်း ဖွင့်လိုက်ရော ချိတ်ကောက်ကြီး တန်းတွေ့တော့တာကိုး။ဘာပြောကာင်း မလဲ ကျုပ်တို့ အကုန်လုံး မုန့်မစားရပဲ
ကြိမ်လုံးပဲ စားလိုက်ရရဲ့။
ရောက်လာရော ခပ်တီတီပေါ့ ကိုယ်မဟုတ်တဲ့ အတိုင်းပဲ နေကြရသပေါ့။ဘယ်ဟုတ်လိမ့်မလဲဗျိုး။ဟိုကောင်သ
ဘုန်းကြီးလာပြီလို့ကင်းကအချက်ပေးရော ချိတ်ကောက်ကြီး လွှတ်ချပြီး ဆင်းပြေးခဲ့တာကိုး။မောင်ဘုန်းကြီးက မောမောနဲ့
အခန်းလည်း ဖွင့်လိုက်ရော ချိတ်ကောက်ကြီး တန်းတွေ့တော့တာကိုး။ဘာပြောကာင်း
ကြိမ်လုံးပဲ စားလိုက်ရရဲ့။
ဘ၀အမော ပြေနိုင်ကြပါစေ။
ဘုန်းကြီးကျောင်းသားဘ၀ အမှတ်တရများ(၂)
အခုလို မိုးရာသီ ပိန္နဲသီးတွေ မှည့်တဲ့
အချိန်ပေါ့လေ။ဘုန်းကြီးကျောင်းထဲမှာ ပိန္နဲပင်က လေးပင်ရှိတာ။ကျောင်းအနောက်ဘက်က အပင့်က
အကြီးဆုံး။ပိန္နဲသီးတွေ မှည့်လာလို့ အမွှေးနံ့ကလေးရရင် ကျုပ်တို့တစ်တွေ ပိန္နဲသီး
တက်ခူးရတာ။သစ်ပင်တက် ကျွမ်းတဲ့ ကောင်က အပင်ပေါ်တက် ပိန္နဲသီး မှည့်လိုက်ရှာ၊အောက်က
ကျောင်းသား လေးယောက်က ခင်းနှီး (အိပ်ယာခင်းလို ဟာမျိုး)အကြီးကြီးကိုထောင့်တစ်ထောင့်စီကနေ
ဆွဲကိုင်ထားရတယ်။အပေါ်က
လူက အဲဒီိ ခင်းနှီးထဲကို တည့်တည့်ပစ်ချ အောက်ကလူတွေက ခင်းနှီးနဲ့
ဖမ်း၇တာပေါ့။တစ်ခါတစ်လေ အောက်ပြုတ်ကျရင် ဘုန်းကြီး အရိုက်က
ခံရသေးတယ်။်အဲဒီလို ပိန္နဲသီး ခူးရင် ဘုန်းကြီးက အောက်ကနေ အပေါ်ကကောင်ကို ဟိုအလုံးစမ်းကြည့်
ဒီဘက်အလုံးစမ်းကြည့်နဲ့ ခိုင်းတာပေါ့။တစ်မနက်တော့ အဲဒီလို ပိန္နဲသီးခူးနေတုန်း
အပေါ်ကလူက အောက်ကိုပစ်အချ။ချလိုက်တဲ့ အသီးက တည့်တည့်မကျလာပဲ အောက်က အကိုင်းပေါ်
ကျပြီး ဘေးကို လွင့်ထွက်သွားရော။သည်ပိန္နဲသီးကလ ည်း ဘယ်ဘ၀က အညိုးပါလာတယ်
မသိပါဘူး။အကိုင်းပေါ်ကနေဘေးလွင့်ကျရာ
ကနေ မောင်ဘုန်းကြီး ကတုံးကြီးပေါ် တည့်တည့်
ပြုတ်ကျပါလေရော။ပိန္နဲသီးက အမှည့်ဆိုတော့ ကတုံးပေါ်အကျ ကွဲသွားပြီး ကတုံးကြီး တစ်ခုလုံး
ဝါထိန် သွားရောဗျိုး။ကျုပ်တို့မှာ မှင်က
မသတ်နိုင်။ဘုန်းကြီးကို ကြည့်ပြီးရီ ဘုန်းကြိးက ဒေါသတွေ ထွက်။မရီအောင်ထိန်းလေလေ
ပိုပြီး ရီချင်လေဗျိုး။ဘုန်းကြီး ရေချိုးဖို့ ထွက် သွားမှ ကျုပ်တို့လည်း အားပါးတရ
ရီရတော့တယ်။
Friday, September 12, 2014
ကံထူးမ ပါတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ကျေးရွာများ(၇)
ကံထူးမ ပါတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ကျေးရွာများ
၇။နွားကောင်တင်ရွာ
သက္ကရာဇ် ၁၁၇၅ခု တပေါင်းလဆန်း ၅ရက်နေ့တွင် နွားဂေါင်တင်ရွာနေ
အသည်ကြီး မောင်မြတ်စိုက ကိုပိုင် ပင်မျှီလယ်တိုက် ၂၀င်္ကျဲ တောကျန် ၂၀င်္ကျဲ၊၂စု
လယ်တောကုန်း ၄၀င်္ကျဲကို ထိပယ်ရင်မြို့အုပ်ပါ ဆံဆွဲရွာနေ မောင်မြတ်ကောင်းထံမှာ ငွေ
ရွံ (ရွက် ဟု ဖတ်ပါ)၄၀၊ရွံနီ မှန်ပေါ် ၃၀ိ ၃၀၊၂ခုငွေ ရ၀ အလေးကိုင်ချိန်
၎င်းတရပ်၊စ္ပား(စပါးဟု ဖတ်ပါ)တင်းချင် ၅၀င်္ (၅၀တင်း)ငွေ စ္ပားများနှင့် ကျပေလယ်တောပေါ်
အနုခံပေါင်ထားသည်၊
သက္ကရာဇ် ၁၁၇၉ခု ကဆုံလပြည့်ကျော် ၃ ရက်နေ့တွင်
နွားဂေါင်တင်၇ွာသူကြီး မောင်သာဦး ရေယူမြေားင်အနက်ဘက်
အင်ကျားလယ်တော မျိုး၂၀င်္ ကျဲ၊တောကျန် ၂၀င်္ကျဲ ၂ခု လယ်တောမြေ ၄၀င်္ကျဲခန့်ကို ထိပယ်ရင်းအုပ်စုပါ ဆံဆွဲအရပ်နေ မောင်နိုးထံမှာ ငွေ ရွံနီချိန် ၄၀ စ္ပားတင်းချင် ၃၀င်္ နှခုများနှင့် ငွေ လယ်ပေါ်တောပေး အနုခံ ပေါင်ထားသည်။
အင်ကျားလယ်တော မျိုး၂၀င်္ ကျဲ၊တောကျန် ၂၀င်္ကျဲ ၂ခု လယ်တောမြေ ၄၀င်္ကျဲခန့်ကို ထိပယ်ရင်းအုပ်စုပါ ဆံဆွဲအရပ်နေ မောင်နိုးထံမှာ ငွေ ရွံနီချိန် ၄၀ စ္ပားတင်းချင် ၃၀င်္ နှခုများနှင့် ငွေ လယ်ပေါ်တောပေး အနုခံ ပေါင်ထားသည်။
သက္ကရာဇ် ၁၁၈၀ပြည့် တကူလဆန်း ၁၀ရက်နေ့တွင် နွားဂေါင်တင်ရွာ အသည်ကြီး
မောင်ငသာက ကျနုပ်ကိုပိုင် အင်းကြီးတောင်ဘက် အိုင်ပျဲတော လယ်မြေ ၂၀င်္ကျဲခန့် တောမြေ
၂၀င်္ကျဲခန့် ၂ခုပါ လယ်တော ၄၀င်္ကျဲခန့်များကို
ထိပယ်ဂင်မြို့ပါ ဆံဆွဲအရပ်နေ မောင်မြတ်တုပ်၊မောင်စိုးတို့ထံမှာ ငွေရွံနီ မှံပေါ် ၃၀ိချိန် ၅၀ိ၊ရွံနီ ချိန်၂၀၊၂ခုငွေ ၇၀ိ အတော်ကိုင်ချိန် စ္ပားတင်းချင်၃၀င်္။ငွေ စ္ပားများစွာနှင့် ပေါင်ထားသည်။
ထိပယ်ဂင်မြို့ပါ ဆံဆွဲအရပ်နေ မောင်မြတ်တုပ်၊မောင်စိုးတို့ထံမှာ ငွေရွံနီ မှံပေါ် ၃၀ိချိန် ၅၀ိ၊ရွံနီ ချိန်၂၀၊၂ခုငွေ ၇၀ိ အတော်ကိုင်ချိန် စ္ပားတင်းချင်၃၀င်္။ငွေ စ္ပားများစွာနှင့် ပေါင်ထားသည်။
သက္ကရာဇ် ၁၁၈၅ခု နယုန်လပြည့်ကျော် ၅ရက်နေ့တွင် နွားဂေါင်တင်သူကြီး
အမ ရှင်ဖြူက နွားဂေါင်တင်နယ်မြေအတွင်းရှိ ရိုးအနက်ဘက် အိုင်ဗျဲလယ်ချင်း
မျိုး၂၀င်္ကျဲခန့်။တောကုန်း ၂၀င်္ကျဲ၊၂ခု လယ်တော ၄၀င်္ကျဲများကို ဆံဆွဲရွာနေ
မောင်သာမှတ်၊မောင်ညီတို့ထံမှာ ငွေ မွေ ၂ိခံ၍ ချိန်၇၀ိနှင့်ပေါင်ထားသည်။ ငွေ ရသိ
အံ(အနက်ဟုဖတ်ပါ)၃၀ိသာရ၍ ကျံငွေ ၄၀ိ မပေး မရ။
သက္ကရာဇ် ၁၁၈၅ခု တပေါင်းလပြည့်ကျော် ၅ရက်နေ့
နွားဂေါင်တင်ရွာသူကြီး၊ကြေးတန်ကြီးတို့က ငွေသုံးရံ
လိုသောကြောင့်ကျနုပ်တို့နယ်မြေအတွင်း ၇ွာအေ၇ှ့ စလုပ်ကြီးတော သစ်ဝါးအစိုအချောံ
များပါ တောမြေ ၅၀င်္ကျဲကို အနုခံ ထိပရင်းမြို့ပါ ကုန်းစွာစီရင်စု ရွှေထုံရွာနေ
မောင်ကြိုင် မောင်နန်း မောင်လုံတို့ထံမှာ ငွေရွံနီ မှံပေါ် ၅၀ိ အချိန် ၅၀ိ၊ရွံနီ
မှံအခိန် ၃၀ိ။၂ခုငွေ ၈၀ိ နန်းဦးအလေးကိုင် စ္ပားတင်းချင် ၃၀င်္ ငွေ စ္ပားများနှင့်
ပေါင်ထားသည်။
ဘုရားးကျွန်တော်ကန်ကလေးကုန်းရွာခေါင်း ငပေါ်သစ် ရှိခိုး
အစီရင်တော်ခံပါသည် ဘုရား၊မြေခုရွာ စီရင်စု နွားဂေါင်တင်ရွာနေ
ငပေါ်ရောံ၊ငအောင်ကောင်တို့သည် ၁၂၃၀ခုနှစ် ၀ါခေါင်လဆန်း၁၀ရက်နေ့ ကျနော်ပိုင်နွားကို
နေ့အခါ စားရာစားချက်တွင် ပန်းစည်ခိုးယူသောကြောင့် ၎င်း ခိုးရာပါ နွားကို
လက်သို့ရောက်အောင် နွားဂေါင်တင်ရွာ သူကြီး ငပိန်သို့ ငွေပေး၍ ရွေးနုပ်မှ ငပေါ်ရောံ
အောင်ကောင်က ၎င်း ခိုးရာပါ နွားကို သူကြီး ငပိန်၊ငပေါ်ရောံ၊ငအောင်ကောင်က
အပ်ပေးရှိသည်နောက် ၁၂၃၀နှစ် တပို့တွဲလပြည့်ကျော် ၁၁ရက်နေ့အခါ စားရာစားချင်းတွင်
ကျွန်တော်ရောံခမပိုင် နွားကို နွားဂေါင်တင်ရွာနေ သူခိုးရွှေနီဂြီ၊ငပေါ်ရောံ၊သားငယ်အမည်သူ
လူ၂နှစ်တို့ ခိုးယူသွားရာ ကျွန်တော်နှင့်တွေ့မိရှိလျင်
သူခိုးရွှေနီဂြီ၊ငပေါ်ရောံ၊သား အမည်မသိ လူ၂ တို့က နွားကို လွှတ်ပြေးသောကြောင့်
နွားကိုရပါသည်၊အနည်ဘက်ကြေးရွာများမှာ နွားဂေါင်တင်သူကြီး
ငပိန်သူခိုးရွှေနီဂြီ၊ငပေါ်ရောံ၊ ငအောင်ကောင်တို့ ၁ခိုး ခိုးယူပြစ်စည်းလျင်
အရှင့်အမှုတော်မှ ထမ်းရွက်နိုင်တော့မည် မဟုတ်ဖြစ်ပါ၍ ဆင်းရဲသားတို့ အမှုတော်ကို
ထမ်းရွပ်နေနိုင်အောင် ကိုးကွယ်ရာ အရှင်သာဖြစ်ပါ၍ ရှိခိုး အစီရင်တော် ခံပါသည်ဘုရား။
၁၂၃၃ခုသီတင်းကျွတ်လဆန်း၁၃ရက်နေ့ ကန်ကလေးကုန်းရွာ အမယ်အိ
အသုဘကူငွေစာရင်း၌
ဤနွားဂေါင်တင်ရွာကို တွေရသည်။
ဤနွားဂေါင်တင်ရွာကို တွေရသည်။
ဤပုရပိုဒ်မှတ်တမ်းများအရဆိုသော် ၁၁၇၉တွင် နွားဂေါင်တင်ရွာကို
သူကြီး ဦးသာဦးကလည်းကောင်း၊၁၁၈၅တွင် သူကြီးမရှင်ဖြူကလည်းကောင်း၊၁၂၃၀တွင် သူကြီး
ငပိန်ကလည်းကောင်း အုပ်ချုပ်ခဲ့သည်ကို တွေ့ရပေသည်။နွားကောင်တင်
သူကြီးနှင့် သူ့သမီးမိဖြူတို့၏ အလှူမှတ်တမ်းကိုလည်း ဖတ်ခဲ့ရသော်လည်း မှတ်ထားသောစာအုပ် ခေါင်းနောက်အောင် ရှာသော်လည်း မတွေ့နိုင်ပါ၍ ဤရွာသည် တချိန်က ရှိခဲ့သည်ဟု သိရှိနိုင်စေရန်မျှသာ။
သူကြီးနှင့် သူ့သမီးမိဖြူတို့၏ အလှူမှတ်တမ်းကိုလည်း ဖတ်ခဲ့ရသော်လည်း မှတ်ထားသောစာအုပ် ခေါင်းနောက်အောင် ရှာသော်လည်း မတွေ့နိုင်ပါ၍ ဤရွာသည် တချိန်က ရှိခဲ့သည်ဟု သိရှိနိုင်စေရန်မျှသာ။
ဤရွာသည်
မြကန်သာ အိုင်လျား သွားရာလမ်း၏ အရှေ့ဘက် စည်ပတုန်းချောင်းကွေ့၌ ရှိခဲ့သည်။
နွားကောင်တင်ကွေ့ ဟုခေါ်ကြသည်။ယခုဇီးပေါက်ရွာ ဒေါ်လှရှိန်တို့၏ ယာတောနေရာဖြစ်သည်။
နွားကောင်တင်ကွေ့ ဟုခေါ်ကြသည်။ယခုဇီးပေါက်ရွာ ဒေါ်လှရှိန်တို့၏ ယာတောနေရာဖြစ်သည်။
ကံထူမ ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ကျေးရွာများ(၁၁)
ကံထူမ ပတ်ဝန်းကျင်မှ
ပျောက်ကွယ်သွားသော ကျေးရွာများ
၁၁။ရကဲရွာ
ဆရာကြီးဦးကျော်ရှင်း၏ ရွှေအလယ်ကြောင်းစာအုပ်တွင်၁၁၄၅ခု
ဘိုးတော်ဦးဝိုင်စစ်တမ်းအရ ရွှေကျင်၁၃ရွာကို
၁။မြေခု
၂။ဇီးပေါက်
၃။အင်းပက်လက်
၎။နွားကူး
၅။တောင်ကြောင်း
၆။ရေရှင်
၇။တဆန်း
၈။ခင်မင်
၉။ရငယ်
၁၀။အင်းကြီး
၁၁။ကန်သစ်
၁၂။အင်းရှေ
၁၃။ရကဲဟူ၍ဖြစ်သည်။
၂။ဇီးပေါက်
၃။အင်းပက်လက်
၎။နွားကူး
၅။တောင်ကြောင်း
၆။ရေရှင်
၇။တဆန်း
၈။ခင်မင်
၉။ရငယ်
၁၀။အင်းကြီး
၁၁။ကန်သစ်
၁၂။အင်းရှေ
၁၃။ရကဲဟူ၍ဖြစ်သည်။
သို့သော်
ကျွန်ုပ်ဖတ်ရှုခဲ့သော ပုရပိုက်တွင် ၁၂၃၈ခု၊၁၂၄၆/၁၂၄၇ခုနှစ် ရွှေကျင်၁၃ရွာစာရင်းတွင်
ရကဲ မပါဝင်တော့ချေ။
နွားကူးတောင်ကြောင်းမှာ တစ်ခုထဲ ဖြစ်သွားပြီး သဲထောင်နှင့် ကြောင်ဆင်းအိုင်တို့ ပါရှိ၏။ ထိုပုရပိုက်များအရဆိုသော်
ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင့်
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန် (တဆန်းဖြစ်မည်)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။
နွားကူးတောင်ကြောင်းမှာ တစ်ခုထဲ ဖြစ်သွားပြီး သဲထောင်နှင့် ကြောင်ဆင်းအိုင်တို့ ပါရှိ၏။ ထိုပုရပိုက်များအရဆိုသော်
ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင့်
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန် (တဆန်းဖြစ်မည်)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။
ရကဲရွာသည်
အင်ရေအိုးရွာဒအနောက်တောင်ဘက်။ပန်တိမ်ကုန်းရွာ၏တောင်ဘက်။ရကဲဆည်၏အနောက်တောင်ထောင့်၌
ရှိခဲ့သည်။ယခုလက်ရှိတွင် ဘုရားသုံးဆူနှင့် ကျင်ငယ်အိမ်ဟု .ယူဆရသော လေးထောင့်
အုတ်ရိုးကလေး ဘုရားသုံးဆူတန်၏ အနောက်ဘက်တွင် ခြုံနွယ်များ
ဖုံးလွှမ်းလျက်တွေ့ရသည်။ဘုရားပတ်ဝန်းကျင်တွင် ရှင်းလင်းနေပြီး လေးဘက်လေးတန်တွင် အင်တိုင်းတောဖြင့်
ဖူံးလွှမ်းလျက်ရှိသည်။
ဘုရားသုံးဆူမှာ တောင်ဘက်နှစ်တူသည် အကောင်းပကတိရှိနေပြီး မြောက်စွန်ဆုံး အဆူမှာ ပျိုကျ ပျက်စီးနေပြီး ခြုံနွယ်များ ဖုံးလွှမ်း၍ နေသည်။ကံထူးမ နယ်သူနယ်သားများ သွားရော၍ ပြုပြင် ထိန်းသိမ်းသင့်လှ၏။
ရှေကေ၇ွှကျင်၁၃ရွာအ၀င် ရွာတစ်ရွာ ဖြစ်ခဲ့၍ သမိုင်းဝင်နေရာတစ်ခုပင်။သမိုင်းကို လေ့လာသူများ သွားရောက်၍ လေ့လာနီုင်ပါသည်။ နယ်သူနယ်သားများ ဘုရားများကို သွားရောက်ဖူးမှော်နီုင်ပါသည်။စေတနာ သဒ္ဒါ တရား ထက်သန်ပါက ထုံးသင်္ကန်းကပ်၍ ကုသိုလ် ယူနှိင်ပါကြောင်း ။
ဘုရားသုံးဆူမှာ တောင်ဘက်နှစ်တူသည် အကောင်းပကတိရှိနေပြီး မြောက်စွန်ဆုံး အဆူမှာ ပျိုကျ ပျက်စီးနေပြီး ခြုံနွယ်များ ဖုံးလွှမ်း၍ နေသည်။ကံထူးမ နယ်သူနယ်သားများ သွားရော၍ ပြုပြင် ထိန်းသိမ်းသင့်လှ၏။
ရှေကေ၇ွှကျင်၁၃ရွာအ၀င် ရွာတစ်ရွာ ဖြစ်ခဲ့၍ သမိုင်းဝင်နေရာတစ်ခုပင်။သမိုင်းကို လေ့လာသူများ သွားရောက်၍ လေ့လာနီုင်ပါသည်။ နယ်သူနယ်သားများ ဘုရားများကို သွားရောက်ဖူးမှော်နီုင်ပါသည်။စေတနာ သဒ္ဒါ တရား ထက်သန်ပါက ထုံးသင်္ကန်းကပ်၍ ကုသိုလ် ယူနှိင်ပါကြောင်း ။
ဇီးပေါက်ကျေးရွာ ကောက်စိုက်သူမ တေးသံများ
ဇီးပေါက်ကျေးရွာ ကောက်စိုက်သူမတို့၏
ကောက်စိုက်တေးသံများ
ဗုံရှေ ဗုံရှေ ဗုံ ဗုံရှေ ဘိုးတော့် ဗုံရှည်
ဗုံတို ဗုံတို
ဗုံ ဗုံတို ဘိုးတော့် ဗုံတို
ဝေဇယန္တာနန်းဗုံ
မြမန်းလေး မြမန်း ဇေယျဗုံ
ရဂုံနွယ်ရယ်လေ တောင်ငွေကျွန်း
မြောင်ဖီလာ
သီတာ ရီကာချွေ
မြောင်ဖီလာ သီတာ ရီကာချွေ ရွှန်းရွှန်းဝေ
နေရောင်ဝါတယ်လေ သာသနာထွန်းရှေ
ထွန်းပ ထွန်းပ ရှေ ထွန်းပ ထွန်းပ ရှေ။ ။
ကောင်မကလေးကိုနော် စာပေးလို့ခေါ်
သန်းခေါင်လောက်ကို ရောက်အောင်လာခဲ့နော်
နှာယောင်ကောက်ပေမယ့် ကြံမကြောက်ပေါင် ဆရာရေ
ကံတော်ရေးကြောင့် တွေးချဲ့ ပါလို့နေ။ ။
ဗာရာဏသီ သာကီလေ တင်စား
အနီးတစ်ပါးဆောင် မီးရထားပေါင်
သံချောင်းခေါက်သံ နားခံလေပါရဲ့
ရှင် ရှင် ရှင်
နားခံလေပါရဲ့ ရှင် ရှင် ရှင် ။ ။
ကိုဘအုန်းရဲ့ ဆေးတံတို တစ်ညှိုးတစ်ထွာ
သောက်တော့လို့ ပေး လိုက်တာ
မသောက်ရင် မိုက်တယ်ဆိုမှာ
သောက်ရင် ကြိုက်တယ် ပျိုကညာ
အမိုက်မကညာ ရှိုက်ကာဖွာ အူရိုင်းမို့
မူးလိုက်မော်လိုက်တာ။ ။
ဥယျာဉ်ကို ထွက်စို့လေးလေး ထွက်စို့ မယ်ယုံရေ
ထန်းရေချို သုံးဖန်လေးလေး သုံးမှတော်ရှာမလေ
အိုလေး လူတစ်ယောက်မှ
မယ်ယုံရေ
တစ်မြူလောက်သာ လိုတော့တယ်
ထန်းတစ်ရာ မာလာတောဝယ်
မော မောသလား အမိရယ်
ထဲမှာ ဘုံဆိုင်ထဲကို သွား သွားချေစို့ဟေ။ ။
မယ် မယ်ဝီ မော ပြီလား ဟော သီတာရေ ယောင်ရှိန်ကြိုက်သလား မေ မေ မေ
မောင်စိန် တိုက်မယ်ဗျ ရေ ရေ ရေ။ ။
စက်လယ် ဘီးလေး ဟေ ပမာဏ ပမာဏ ဆိုးဝယ်ခင့်ကညာ ကိုးကြွယ်ဆင့်မယ်ဗျာ
မောင်ခေါ်ရာ ကန္တာရှင့် ကန္တာမြေပြင်ချေ။ ။
ကန်သာမှာ ရေတွေ ဖွေးလို့ ကြာမျိုးစုံဝေ မျိုးစုံဝေ
ကြာမျိုးစုံ ပုံနရိတ်ကယ့် ကြာမျိုးစုံ ပုံနရိတ်ကယ့်
လေသိမ့်ရာမွှေး သိမ့်ရာမွှေး ။ ။
နွားကလေးရဲ့ ဖယောင်းပုံ နွားကလေးရဲ့ ဖယောင်းပုံ ဖယောင်းပုံလို ချောတဲ့နွားရဲ့
ဖယောင်းပုံလို လှတဲ့နွားရဲ့
တို့လိုက်တိုင်းခုန် တို့လိုက်တိုင်းခုန်
လှည်းကလေးရဲ့ ခြောက်စထောင် လှည်းကလေးရဲ့
ခြောက်စထောင်
နွားကလေးရဲ့ ညီညီနောင် နွားကလေးရဲ့
ညီညီနောင်
ပွဲလိုက်ရအောင် ပွဲလိုက်ရအောင်။ ။
မိုး စို စို ထင့်
တောင်ကလေးညိုညို မိုးဆင်သလို
တောင်ညိုညို ဟိုဘက်ကမ်းက
တောင်ညိုညို သည်ဘက်ကမ်းက
မင်း ငုံလို့ပေး မင်းငုံလို့ပေး မိုးရွာရင် ဘာကို ဘာကို မိုးပါရ ဘာကိုလေးလေးလေးလေး
ဘာကို ဘာကို မိုးပါရ
ပဒုမ္မာ ရွှေကြာဖက် ကားကျက်လို့ ဘာတဲ့ ဘာတဲ့ မိုး
ပဒုမ္မာရွှေကြာရိုးမှာ ပဒုမ္မာရွှေကြာရိုးမှာ
ထီးလုပ်လို့ မိုး မိုး မိုး မိုး ထီးလုပ်လို့
မိုး မိုး မိုး မိုး
ပဒုမ္မာ ရွှေကြာဖူး အတွေ့တော်ထူး စိန်ခြူးရွှေကြာပင်
ကျော်အုန်းလှိုင် မင်္ဂလာတွင်။ ။
လှေပေါ်က ကြက်တူရွေးရယ် လှေပြေးတိုင်းလှော်
ရွှေခဲရေ တော်တော်လှော်ပါ့ အားတော်ကသေးပါသေး။ ။
သုံးပင်တိုင် ရွှေခနွဲနဲ့ ရေနက်အောင်ထိုး နက်အောင်ထိုး
ရေနက်အောင်ပါ့ ပျို့ မောင်ထွေးရဲ့
ထိုးပလေးလေး နက်အောင်ထိုး။ ။
သနပ်ခါး နံ့သာရေ ချွေးတွေဥလို့ ကုန်ပြီဟေ
ဘောက်သူကြီးဆရာရေ အနားပေးမှ တော်မယ်လေ။
။
လယ်ညိုရွှေတုံး ပိတ်ပေပေါ့ လုံး လုံး
ပိတ်ပြီလားဟေ့ မိရွှေတုံးရေ ပြန်အုန်းမယ်လေ။ ။
ရွှေဗျိုင်းဖြူရယ်လေ ရေချိုကန်ရိုး
ဖားကောက်ခဲ့ ဗျိုင်းရေ ဗျိုင်းရေ
ဗျိုင်းရေ ဗျိုင်းရေ ရေ။ ။
ပိုးစုန်းကြူ ဖြူငယ်လေ တစ်ကောင်ထဲ
အရောင်အ၀ါတွေ နည်းလိုက်ပါတဲ့မှ ပိုးစိမ်းဖြူငယ်လေလေ
ဖြူငယ်လေလေ
ပိုးစုန်းကြူ တစ်ဖြူသား မယ့်လက်ဝါးနှင့်
ဆားရက်လှဲ့ ပိုးစုန်းကြူ ငယ်လေလေ ဖြူငယ်လေလေ။
။
နွဲမဒီ ကညာရယ်လေ တစ်ကလှဲ့ တစ်ခါဆီ ပုန်းကြပါစို့ ပုန်းကြပါစို့ဟေ
တကယ်အဆီတုံးလေးလေကိုလ ပါတ်ကုန်းလယ်လို့ ရှာဦးမယ်ဗျို
့ စုံတောမြိုင်ဝါဟေ
အမူပို သာကြွ တူတူဆို ရှာမရ ဟောဒီမယ်ဗျ ချိုပြုံးစွာ ပျိုပုန်းတာ
လွှတ်ပါဦးကွယ်မောင်ဖုန်းရယ် တဘက်ဖုန်း
စုံစုံကန်းက နေ့လား ညလားဆို။ ။
မဲကရာဆိုး သူ့ချိပ်အို ဘာလီမိုက်က ကိုက်၍ပါတဲ့ ငို
တို့နှစ်ကိုယ် ဖူးစာကနှယ် ဟေ မခိုင်လို့
လဲ ကျုပ်အသဲ နှုတ်ဆွဲ။ ။
မှော်ရုံမြိုင်ရိုး နဂရာနီ နှစ်သွယ် ဒဿ ကို ကျော်ဆွေး ဟန်မရသေး
နလန်ထကလေးပါဘုရာ့ လူမမာမေးမှ သူမလာ
စိမ်းကားတယ် ကိုဘဇာရေ အသစ်ကညာကို တွေ့ရော့လေလား
ဆရစ်ကညာကို မေ့တော့တာလား ယနေ့ထက်ထိ သူမလာ
မာပါစေ လက်ဟောင်း ကိုဘိုကေ။ ။
ဘုရားကြီးရယ် အိမ်တော်ရာကို တမင်လည်လို့ ဖူးလိုက်ချင်တော့
ရွှေစေတီတစ်ဦးရယ်နဲ့ အထူးပါလှဲ့ စေတနာ
ရွှေရပ်တော်နှင့် ပူဇော်ရာကို စုံအောင်ဖူး။ ။
မန္တလာဈေးချို ဟန်သနှစ်ပြေးတုံ
ရွှေလုံမြို့ နယ်ခရိုင်မကျန်
တစ်မြို့လုံး အုန်းအုန်းကြွက်ကြွက်ညံ
ကားပေါ်တက်စီး ထွက်ခရီး မနီးစပ်ပ ခရီးကလည်း
ပုံကွာ
အလုံပြေးနယ်ခရိုင်ကို ရောက်ရပြန်သပေါ့
အံ့သြ အံ့သြ အံ့သြလောက်စရာ
အထက်ကောင်းကင်သို့ အာကာ စက်မောင်းဆင်းလို့
လာတာ
ဒုတိယထပ်တဲ့ အံ့သြပါ ထီးနန်းနှင့် မီးရထား မြင်ရတာ။ ။
မှော်ရုံတောမှာ တောမှာ
မယ်ဂမ္ဘီ သမင်ယောင်ဆောင်သည့်ဟန်
သီတာမကြံ သိန်းဃိုပြည်ဝဲတဲ့
လေယာဉ်ပျံ။ ။
တောင်သီလာစောင်းပါလို့ ရသေ့တွေအောင်းတယ်
ကျောင်းကူးရိပ်လေ ကျောင်းကူးရိပ်လေ
တောရလေလေ တောရစံနေ
ဗန်းကုံးခွက်နီ ရွက်သည် မယ်ကေသီ ရွက်တယ်လေး တောထွက်ပါတော့မယ်။ ။
နဒီ နဒီ မြစ်မှာလ ထမီတိုတို ၀တ်ပါလို့ ကူးစို့ ကူးစို့
ကူးစို့ မစိန်ရေ
နဒီ နဒီရိုးမှာလ ရေအိုးပင့်ပါ အိုးပင့်ပါ နဒီ နဒီပေါက်မှာလ ရေသောက်ပါဆို သောက်ပါဆို။ ။
မနှင်းနွယ်ရယ်လေ ကိုသာဂရလိုပ
ဟိုရွာကျခါမှ နားကြပါစို့ဟေ။ ။
မင်းတို့မောင် လာရင်ကွယ် ပုဆိုးရှန်ညိုကွက်တွေနဲ့
တစ်မျိုးကြံလို့ ယက်မယ်ပါ့ လက် လက်
လက်ခတ်သံ ကြွက် ကြွက် ကြွက်ကြွက်ညံ
လက်ခတ်သံ ကျွန်းဖိုသား သောင်းထိုက်ကကြား
သောင်းကျော်လို့
ကြားတယ်မောင်ရေ သောင်းကျော်လို့ ကြားတယ်မောင်ရေ
လက် လက် လက်ခတ်သံ ကြွက် ကြွက် ကြွက်ညံ
ရွှေစောင်ညို ယက်ပါလို့ ရွှေလေလေလေလေလေလေ စောင်ညိုယက်ပါလို့
မြလက်ခတ်စိန်ခြူးသံ ဂွမ်း ဂွမ်း
ဂွမ်း။ ။
ပြုံးလျှက်မူယာ ခုံးမျက်စကတော့ သုံးရက်လ ပုံပမာ
မမုန်းရက်စရာပါ့ ဂမုန်းခက်ကယ် ရူပကာလို
အုန်းစက်ကယ်မှ တူမကွာတယ် ဆုံးတစ်သက်နွှဲရအောင်လေ
စိန်မောင်း စိန်မောင်း ဟန်။ ။
ပွဲလာသူတွေ အောင်စေ(စည်)တီးတော့ သဟာဆွေ ကျန်းမာတော်မူကြပါစေ
ချမ်းသာတော် မူကြပါစေ
အထွေထွေ အရာရာ ရွှေငွေရတနာ စပါး ဆန်ရေ
ပေါများကြပါစေ
ကိုသောင်းစိန် လာပြီလေ မောင်သောင်းစိန် လာပြီလေ
တို့ရွှေကြိုင် ဇာတိဖွား ဘောက်တော်သားက
ပို့တဲ့ မေတ္တာရေ ရေ ရေ
ကိုသောင်းစိန် လာပြီလေ မောင်သောင်းစိန် လာပြီလေ
တို့ရွှေကြိုင် ဇာတိဖွား ကမ္ဘာသောင်းက ပို့တဲ့
မေတ္တာရေ ရေ ရေ။ ။
Subscribe to:
Posts (Atom)