ပြုံးတော်မူ(၂၄)
ကျေးဇူးမတင် လင်မရ
ကျုပ်အဖွားဒေါ်အောင်မှီက မယ်သီလလူထွက် အပျိုကြီးဗျ။ရွာထဲက ဖိုးရဲကျား ပြောဖူးတာကတော့ အောင်မှီတို့
မယ်သီလဘ၀တုန်းက လမ်းမှာ သီချင်းဆိုသွားကြတာ။မယ်သီလပေါက်စ အပျိုပေါက်ကလေးတွေပေါ့။ဖိုးရဲကျားတို့နှင့်က အသက်ကလည်း ရွယ်တူကိုး။
ကျမအမယ်သီပါရှင်
ရွယ်တူမရတာကြောင့် မယ်သီလကိုတဲု့ လုပ်ရပါသရှင် တဲ့။
ကြီးလာတော့ မယ်သီလဘ၀က စုတေပြီး လူ့ဘ၀ပြန်ရောက်လာ ပိုးမယ့်ပန်းမယ့်သူက မရှိတော့ အပျိုကြီးဘ၀နဲ့ နေသွားရတယ်။
အသက် ၈၀ကျော်လာ မျက်စိကမမြင် တစ်ယောက်ထဲု ပြုစုမယ့်သူက မရှိနဲ့ အတော် ဒုက္ခရောက်ရှာသကိုး။တစ်နေ့တော့ အဖွားကပြောတယ်။ကန်ကလေးကုန်းရွာကတင်လေးကို ခေါ်ပေးကြစမ်းပါဟဲ့ တဲ့။သူကလည်း အပျိုကြီးကို။၃၀ကျော်၄၀နားနီးနီးပေါ့။ဒါနဲ့ မတင်လေးကို ခေါ်ပေးကြရတယ်။အိုကြီးအိုမ သေခါနီးမှ ဘာများပြောချင်ရှာပါလိမ့်ပေါ့။မတင်လေးလည်း ရောက်လာပြီး ဖွားကြီးမှီ ကျုပ်ကို ခေါ်တယ်ဆို။ကျုပ် တင်လေးပါ လို့ဆိုတော့ အဖွားက သေခါနီး မှာသွားရှာတယ်။ဟဲ့ တင်လေး ငါ့လိုများ အပျိုကြီး မလုပ်နဲ့နော်တဲ့။အသက်ကြီးလာတော့ ဒုက္ခရောက်လိုက်တာ ဟဲ့ တဲ့။ကဲ ကျုပ်သူငယ်ချင်း အပျိုကြီးတွေ မှတ်ကြလဟဲ့နော်။မတင်လေးလည်း အဖွားစကားနားထောင်ပြီး ပလူစ၀သားနဲ့ အိမ်ခေါင်ပြုသွားတာ။အခုတော့ မြေးတွေတောင်ရပေါ့။
အဖွားဆုံးတော့ ညနေ၄နာရီလောက်မှာ။ကျုပ်ကလည်း ကိုးတန်းရောက်ပြီ။ကျောင်းကအပြန် အဖွားကဆုံးတာ။သူ့တူမ ကျုပ်အဒေါ်ကလည်း နေ့ချင်းသဂြို ဟ်ချင်တာနဲ့ အသုဘချကြရတာပေါ့။ရွာဓလေ့ ရပ်ဓလေ့များ တယ်ရှုပ်သကိုး။ဘုန်းကြီးလူထွက်၊မယ်သီလလူထွက်၊ဘုန်းကြီးမိဘ၊ရဟန်းတကာတကာမသေရင် မီးရှို့ရမယ်ဆိုလို့ ကျုပ်မှာ အဖွားကို မီးရှို့မယ့်လူမရှိလို့ ရွာထဲက ဦးထွန်းပိုင်ရယ် ကိုကျော်မောင်ရယ် ကျုပ်ရယ် သုံးယောက်သား နေ၀င်ပြီးမှ မီးသဂြိုဟ် ရတယ်။လူတစ်ကိယ်လုံးပြာကျအောင် ရှို့ရတာဆိုတော့ ၁၀နာရီကျော်တာတောင် မပြီးသေးဘူး။တင်ပဆုံရိုးနဲ့ အဆုတ်ဆိုလား ရှို့လို့ကို မရနိုင်ဘူး။နောက်ဆုံးတော့ မိုးကလည်း ချုပ်လာတာနဲ့ အဲဒါကြီး နှစ်ခု တွင်းတူးပြီး မြှုပ်ပစ်ခဲ့ရတယ်။ကျုပ်ကလည်း အဖွားအကြောင်း လျောက်ပြောနေတာနဲ့ ကျုပ်ဇာတ်လမ်းတောင် ပျောက်သွားပြီ။
ကျုပ်ငယ်တုန်းက အားရင် အဖွားဒေါ်အောင်မှီဆီပဲ ရောက်သွားသဗျ။ပုံပြင်နားထောင်ချင်တာကိုး။အဖွားက ကျေးဇူးမတင် လင်မရ တဲ့။ဒီပုံပြင်ကိုပဲ
ခဏခဏ ပြောပြတတ်တယ်။သူကိုယ်တိုင်ပဲ ကျေးဇူးမတင် လင်မရခဲ့လို့လား မသိပါဘူး။
တစ်ခါက ဘုရင်ကြီးတစ်ပါးက နန်းတော်အသစ်ဆောက်မယ်လို့ အမတ်တွေကို တောထဲ သစ်ရှာခိုင်းတယ်။အမတ်တွေလည်း တောထဲရောက်ဘာပြီး သစ်ရှာကြတော့ ရုက္ခစိုး မင်ကြိးနေတဲ့ သစ်ပင်ဖြောင့်ဖြောင့်ကြီးကို ဘုရင့်နန်းတော်တိုင်ဆိုပြီး မှတ်ထားခဲု့ကြတယ်။ရုက္ခစိုးကြိးကလည်း သူ့ဘုံဗိမာန်ပျောက်ရတော့မယ်ဆိုပြီး မစားနိုင်မသောက်နိုင် တမှိုင်မှိုင်ဖြစ်နေတာပေါ့။အဲဒီလို မှိုင်နေတာကို ဘေးနားကသစ်ပင်က ရုက္ခစိုး မကြီးကမြင်တော့ ရှင်ဘာပြုလို့ နေ့တိုင်းမှိုင်နေရတာလဲ တဲ့။ရုက္ခစိုးကြိးက ငါ့သစ်ပင်ကို နန်းတော်တိုင်လာပြီး ခုတ်ကြတော့မှာ။သူတို့လာခုတ်ရင် ငါ့ဘုံပျောက်တော့မှာ ဆိုတော့ ရှင် သူတို့မခုတ်အောင် မလုပ်နိုင်ဘူးလားတဲ့။အဲဒီတော့ ရုက္ခစိုး ကြီးက ငါမတတ်နိုင်ဘူးဟ တဲ့။ဒါဆိုရင် ရှင့်သစ်ပင်ကို မခုတ်အောင် လုပ်ပေးမယ်။ရှင်ကျမကို ယူနိုင်မလား တဲ့။ဒီ ရုက္ခစိုးမက အရုပ်က နည်းနည်းဆိုးဆိုပဲ။အာကြမ်းလျှာကြမ်း၊ ပတ်ဝန်းကျင်နဲ့ကလည်း သိပ်မတည့်ဘူး။ဒါနဲ့ ရုက္ခစိုး မင်းကြီးကလည်း မတတ်နိုင်တဲ့အဆုံး သဘောတူ
လိုက်သတဲ့။
ဘုရင့်လူတွေ သစ်ပင်ခုတ်ဖို့ရောက်ဘာတော့ ရုက္ခစိုးမကြီးက ရှူးပျံကြီး ဖန်ဆင်းပြီး လူတွေမြင်အောင်ပျံပြီး ရုက္ခစိုး မင်းကြိးရဲ့ သစ်ပင်ပေါ် တက်ပြလိုက်တယ်။ခပ်မြင့်မြင့်ရောက်တော့ ကိုယ်ယောင်ဖျောက်လိုက်တယ်။ဘုရင့်လူတွေလည်း ငါတို့မှတ်ခဲ့တုန်းက ကောင်းသလားလို့ဟာ အခုတော့ ရှူးပျံကြ်ီးတောင် ပျောက်သွားပြီ။သစ်ပင်က အခေါင်းရှိတယ်။မခုတ်ကြနဲ့တော့ ဆိုပြီး ပြန်သွားကြတယ်။ဘုရင့်လူတွေ ပြန်သွားတော့ ရုက္ခစိုး မကြီးက ရုက္ခစိုး စိုးကြိးကို ကဲ ရှင့် ဘုံဗိမာန်ကို မဖျက်စီးအောင် လုပ်ပေးပြီးပြီ။ရှင့်ကတိအတိုင်း ရှင်ကျမကို ယူပေတော့လို့ဆိုတော့ ရုက္ခစိုး မင်းကြိးက ဘာဆိုင်လို့လဲ ။သူတို့ဟာသူတို့ မကြိုက်လို့ မခုတ်ပဲ သွားကြတာ။နင့်ကို ငါ မယူနိုင်ပါဘူးတဲ့။ကဲ ပြီးကြရော။ရုက္ခစိုးမကြီးမှာ ကျေးဇူးလည်း အတင်မခံရဘူး။လင်လည်းမရဘူးတဲ့။
အဲဒါပဲ ဗျာ ကျေးဇူးမတင် လင်မရ
ဆိုတဲ့ စကားပေါ်ပေါက်လာတာ။
ပုံပြောခိုင်းသော သူငယ်ချင်းများသို့။
No comments:
Post a Comment