ဒါနသည်ကား မျိုးစေ့စပါးနှင့်တူ၏။
သီလကား လယ်နှင့်တူ၏။
ဘာဝနာကား မိုးနှင့်တူ၏။
ဒါန သာရှိ၍ သီလဘာဝနာကင်းသောသူသည် မျိုးစပါးသာရှိ၍
လယ်လည်းမရှိ မိုးလည်းမရွာသောသူနှင့်တူ၏။
သီလသာရှိ၍ ဒါနဘာဝနာကင်းသောသူသည် လယ်သာရှိ၍ မျိုးစပါးလည်းမရှိ၊မိုးလည်းမရွာ
ဘာဝနာသာရှိ၍ ဒါနသီလ ကင်းသောသူသည် မိုးသာရွာ၍
မျိုးစပါးလည်းမရှိ လယ်လည်း
မရှိသောသူနှင့်တူ၏။
တနည်းဆိုရသော် ဒါနသည် ရိက္ခာနှင့်တူ၏။သီလသည် လမ်းခရီးနှင့်တူ၏။ဘာဝနာကား မျက်စိနှင့်တူ၏။
ဒါနသာရှိသောသူကား မျက်ကန်းနှင့်တူ၏။မျက်ကန်းသည် ရိက္ခာ
သာပါ၍ ခရီလမ်းမှန်ကိုလည်း မသွားတတ်။ချုံတောကိုသာ ၀င်လေ၍ ကျား၊သစ်၊ခြင်္သေ့ဘေးအန္တရာယ်နှင်သ
ဒုက္ခတွေ့ရသကဲ့သို့ ၀ဋ်၌သာကျင်လည် မဂ်ဖိုလ်ကိုမရနိုင်ပဲဒုက္ခတွေ့လျ
ရှိပြန်ပါလည်း ဘာဝနာ ကင်းချေက ရိက္ခာ လည်းပါ၏။လမ်း
ကိုလည်းသွားပါ၏။ခရီးအပိုင်းအခြာ
ဘာဝနာသာ အားထုတ်၍ ဒါနသီလ မပါချေကလည်း
မျက်စိကသာမြင်၍ ရိက္ခာလည်း
မပါ လမ်းကိုလည်းမသွားတတ်။စိတ်ကိုသာ အားကိုး၍ သွားသောကြောင့် အငတ်ငတ်အမွတ်မွတ်နှင့် နေရသောသူနှင့်တူ၏။ထို့ကြောင့် ဒါနသီလဘာဝနာ
သုံးခုလုံး ညီညွတ်မှသာ လျောက်ပတ်ပေ၏။
No comments:
Post a Comment