Tuesday, November 22, 2016

ပြုံးတော်မူ(၅၄)


ပြုံးတော်မူ(၅၄)
ဒေါ်အုန်းမြိုင်ကြီး မနက်ဖန် ကောက်စိုက်သူမတွေ နေ့လည်စာ ကျွေးရမှာမို့ ကံထူးမကနေ ငါးမန်ကလိန်ခြောက်ကလေး တစ်ပိသာဝယ်ကာ အိမ်ရောက်တော့ ဗန်းထဲ ထည့်ထားလိုက်သည်။မနက်ကြမှ ချက်မယ်ပေါ့။
ဗန်း ဆိုတာက စကောထက် သုံးလေးဆခန့် ကြီးသည်။စကောကား ဆန်ပြာ ပဲပြာ စသဖြင့် သုံးပြီး စဥ့်အိုးအပေါ်မှ မှောက်လိုက်လျင် စဥ့်အိုးဖုံးဖြစ်သွားသည်
ဗန်းကား ကျနုပ်ငယ်စဉ်က ဘုန်းကြီးကျောင်း၌ တွေ့ခဲ့ဖူးသည်။
ကျနုပ်တို့ရွာ၏ အနောက်ဘက်ရှိ ပကာရွာမှာ ရှေးတုန်းက ဓားပြ လာတိုက်ရာ ရွာပေါက်ဝကို ဗန်းနဲ့ ကာထားသဖြင့် ဓားပြများ ရွာပေါက်ဝကို ရှာမတွေ့ ဟုဆိုသည်။သို့ဖြင့် အဆိုပါရွာကို ဗန်းကာ ဟု ခေါ်ရာမှ ယနေ့တွင် ပကာ ဟု ခေါ်ကြသည် ဆို၏။စကားချပ်။
ဒေါ်အုန်းမြိုင်လည်း မနက်လင်းသော် ငါးခြောက်ချက်မည် ဆိုပြီး ရှာတော့ ငါးခြောက်ထုပ်ကား မရှိတော့ချေ။ သိုနှင့် ဒေါ်အုန်းမြိုင်ကြီးလည်း သွားပါပြီး ငါ့ ငါးခြောက်ကလေး ခွေးချီသွားပြီ လို့. အော်တော့ သူ့အမျိုးသား ဦးကြိုင်က နင်က ဘယ်ထဲ ထည့်ထားတာတုန်း အုန်းမြိုင်ရ ဆိုတော့ သည်ဗန်းထဲ ထည့်ထားတာ တဲ့။ဦးကြိုင်လည်း နင့်ဟာက ခွေးခေါင်းတောင် ဆန့်ပါ့မလားဟဲ့။နည်း နည်းသေးတယ် တဲ့။

No comments:

Post a Comment