Tuesday, November 22, 2016

ဖိုးရဲကျား(၃၁)


ဖိုးရဲကျား(၃၁)
ပြုံးတော်မူ စာအုပ်ကလေး ထုတ်တော့ ဖိုးရဲကျား အကြောင်းအချို့က ထုတ်ဝေသူက ငြိမည်ဆိုပြီး ချန်ထားပစ်ခဲ့သည်။ကျနုပ်၏ အဖွား ဒေါ်အောင်မှိထဲက စာသား အချို့ကလည်း ဖြုတ်ပစ်ထားခဲ့သဖြင့် စာက ရှေ့နောက်မဆက်မိ။ယဖိုးရဲကျားငယ်တုန်းက ကန်များကျောင်း ဘုန်းကြီးကျောင်းသားဘ၀က အခုရွာစာသင်ကျောင်း အရှေ့ဘက်က လှည်းလမ်းဘေးက သစ်ပင်ကြီးတစ်ပင်ပေါ် တက်ပြိး ဆော့နေကြသည်။သူတို့ ဘုန်းကြီးကျောင်းသား ပေါက်စတွေ သစ်ပင်ပေါ်ဆော့နေတုန်း ကျုပ်အဖွား ဒေါ်အောင်မှီတို့ကလည်း ဆယ့်သုံးလေးနှစ်အရွယ် မယ်သီလ ပေါက်စလေးတွေပေါ့။မယ်သီလ ပေါက်စလေးတွေက သစ်ပင်ပေါ်က ဖိုးရဲကျားတို့ ကောင်လေးပေါက်စတွေကို မမြင်ပဲ သီချင်း အော်ဆိုလာကြသည်။
ကျမ အမယ်သီပါရှင်
ရွယ်တူမရတာကြောင့် မယ်သီလကိုတဲ့
လုပ်ရပါသရှင် တဲ့။
အဲသည်လို အော်ဆိုတော့ ဖိုးရဲကျားတို့ကျဝး ဟေး ဟေး ဆိုပြီး အပင်ပေါ်က စ လိုက်တော့ အဖွားမအောင်မှီတို့ မယ်သီလလေးတွေ ရှက်ပြီး ထွက်ပြေးကြရောတဲ့။
အဖိုးက ကျုပ်အိမ်လာလည်ရင် ကျုပ်ကို ဟိုဟာဘေးဆိုပြ သည်ဟာလေးဆိုပြ ဒါလေးဖြင့် မှတ်ထားစမ်းကွ ငါ့မြေးရ ဆိုပြီး လိုက်မှတ် ခိုင်းလေ့ရှိသဗျ။
တစ်နေ့တေု့ အဖိုးက ငါ့မြေး မယ်သီလဆိုတာ သိလား တဲ့။ဘယ်သိမှာတုန်း အဖိုးရ ဆိုတော့ မှတ်ထား ငါ့မြေးရ
သားသေ လင်ဆုံး
ကုန်ရှုံး ကြွေးတင်
လိုလင်မရ
လဝေး လ၀ မယ်သီလ တဲ့ကွဲ့ တဲ့။
အဖိုးရာ လဝေးလ၀က ဘာပြောတာတုန်းဗျ ဆိုတော့ သူကတော့ ရွာထဲက အမျိုးသမီးနှစ်ဦးရဲ့ နာမည်နဲ့ တပ်ပြီး ပြောပြတယ်။လဝေးက ယောက်ျားနဲ့ ကွဲနေတဲ့ဟာကွ။လ၀ ဆိုတာ ယောက်ျားတွေ အများကြီး ယူတဲ့ မိန်းမကို ခေါ်သကွတဲ့။
ဖိုးရဲကျား ပြောတာလေး ကျုပ်စာအုပ်ထဲ ပါမသွားလို့ ပြန်ပြောင်းပြောပြတာပါ။ကျုပ်သူငယ်ချင်းတွေ စိတ်မရှိကြကုန်နှင့်။စာဆိုတာ ဘာဖြစ်ဖြစ် မှတ်ထားတော့ ဗဟုသုတ ရတာပေါ့။

No comments:

Post a Comment