Tuesday, November 22, 2016

ပြုံးတော်မူ(၅၃)


ပြုံးတော်မူ(၅၃)
ကျုပ်တို့ ကံထူးမကျောင်းကို ငါးတန်းခြောက်တန်းတက်တုန်းဆီက ကံထူးမမှာ ရွာသစ်ကနေ လာနေတဲ့ ဦးလူမင်းက ဘယဆေးဖော်ပြီး ရောင်းချနေထိုင်တယ်။တစ်ခါတစ်လေ ကျုပ်အမေက မှာလို့ရှိရင် သူ့ဆိုင်သွားပြီး လျာပွတ်ဆေး လေပုတ်ထုတ် လျက်ဆား စသဖြင့် ဘယဆေး သွားဝယ်ခဲ့ရသေးရဲ့။
တစ်နေ့တော့ ကျုပ်အရီးအေ ဒေါ်စစ်မြိုင်က ကံထူးမ ရောက်တုန်း ဦးလူမင်းဆီ ၀င်ပြီး ဘယဆေး ၀င်ဝယ်တာပေါ့။ဦးလူမင်းကို ရွာရပ်ဘက်က လူတွေက ဖိုးလေးမင်း ခေါ်ကြတယ်။ကျုပ်အရီးအေလည်း ဖိုးလူမင်းဆီက လေသာခ ဆိုတဲ့ ဆေးဝင်ဝယ်သတဲ့။ဦးလူမင်းရှေ့လည်းရောက်ရော ဆေးနာမည်နဲ့ လူနာမည်က ရောသွားရော။ကျုပ်အရီးအေက ဆိုသတဲ့ ဖိုးသာခ လေသာမင်းလေး နည်းနည်းလောက် ရောင်းပါဦး တဲ့။

No comments:

Post a Comment