အတတ်နိမိတ်တို့သည် ရှေ့က လာ၏။ရှေ့က ကြိုပြောခဲ့၏။ကျနုပ်တို့ကား နားမလည်ခဲ့ချေ။နားလည်နိုင်စွမ်းလည်း မရှိခဲ့ကြချေ။အတိတ်နိမိတ်ကို နားလည်ဖတ်ကြားနိုင်သော ပညာရှိများလည်း မရှိကြတော့ ရှေ့ဘာတွေ ဖြသ်တော့မည်ကို လူတွေလည်း နားမလည်ကြတော့။
ဘိုးတော်ဦးဝိုင်းလက်ထက်တွက် ပညာရှိကြီး အယူတော်မင်္ဂလာ ဦးနိုးဆိုသူ ရှိခဲ့၏။တစ်နေ့တွင် ရွာတစ်ရွာသို့ အသွား ရွာထဲ၌ အရူးကြီးတစ်ယောက်သည် လက်တစ်ဖက်၌ ပြောင်းပင်ကိုကိုင်လျက် အခြားလက်တစ်ဖက်တွင် ပျိုးပင်(ကောက်ပင်ပျို)ကိုင်လျက် ကွေးနေအောင် က၏။ထိုအခြင်းအရာကို မြင်သော် ဦးနိုးလည်း အို ရွာသူရွာသား အပေါင်းတို့ သင်တို့ တစ်ရွာလုံး ကုန်းမြင့်ရာ အရပ်သို ရွှေ့ကြကုန်လော့။ရွာအသစ်တည်ကြလော့ ဟု ဆို၏။ဘာကြောင့်တုန်း ဆိုသော် ပြောင်းပင်ကို ကိုင်ထားသည်အလိုကားပြောင်းကြရွှေ့ကြ ဟု ဆိုသည်။ပျိုးပင်ကို ကိုင်ထားသည်ကား ပြန်လည်အစပျိုး၍ ရွာတည်ထောင်ကြဟု ဆို၏။ပြောင်း ပျိုး ဆိုသည်ကာ ကြာသာပတေးနံ မိုးဟု အဓိပ္ပါယ်ရ၏။သင်တို့်ရွာကား ခုနစ်ရက်မြောက်သော် မိုးသည်းထန်စွာ ရွာသဖြင့် ရွာပျက်မည် ဟု ဆို၏။ ဤကား သူရူးကသည်ကို မြင်သော် အယူတော်မင်္ဂလာဦးနိုး၏ အတိတ်နိမိတ် ကောက်ခြင်းပင်။ရွာသားအချို့ကား ဤပုဂ္ဂိုလ်ကြီးကား ဘုရင့်ပညာရှိကြီးဖြစ်သည်။သူပြောသမျှသည်လည်း မှားခဲ့သည်မရှိ။ပြောင်းမှ ဖြစ်မည် ဆိုကား ပြောင်းရွှေ့ကြလေသည်။အချို့ကာ မိမိတို့် သည်ဒေသနေသည်မှာ နှစ်ပရိစ္ဆေဒ ကြာချေပြီ။ဘယ်တုန်းကမှ မိုး သည့်းသည်မရှိ မဖြစ်နိုင် ဟုဆိုကာ မပြောင်းကြချေ။ခုနစ်ရက်ကြာသော် တစ်ခါမှ မကြုံဘူးသော မိုးကြီးလေကြီးကြကာ တောင်ပေါ်မှ ရွှံ့ နွံများ စီးဆင်းလာပြီး ရွာလည်း ရွံ့နွံ့အောက် မြုပ်သွားလေသည်။ဦးနိုးစကား ယုံသဖြင့် ပြောင်းရွှေ့ကြသူများသာ လွတ်ချေ၏။
ဖဆပလခေတ်က မြောင်းမြဘက်၌ သင်္ဘောမှောက်၏။သင်္ဘောမထွက်ခင် အရူးကြီးတစ်ယောက် တက်လာကာ ခေါင်းလောင်းကိုတီးလျက် မှောက်တော့မယ်ဟေ့ မှောက်တော့မယ် ဟုဆိုကာ ကပြီး ဆင်းသွား လေသည်။အဘိုးကြီးတစ်ယောက်ကား သူ့တူကို လက်မှဆွဲကာ နိမတိမကောင်း ဟုဆိုကာ ဆင်းသွား၏။ထိုသင်္ဘောသည် မြစ်လယ်ခေါင်ရောက်သော် မှောက်သွားကာ လူအများ အသက် ဆုံးရှုံးရလေသည်။
ကလေးစကား သီချင်းသည်စကား သဘင်သည်စကား သူရူးစကား တဲ့။ထိုသူတို့၏ စကားများ လူအများကြား၌ ကျော်ကြားလာလျင် သေချာသည် ထိုစကားလုံးများကား ရှေ့လာမည့် အခင်းကို ပြောနေသည်။ကျနုပ်တို့ နားမလည်နိုင်၍မျှသာ။
မောင်ခင်ညွန့်ပြုတ်ကာနီးသော် တစ်နိုင်ငံလုံး သေပြီဆရာ သေပြီဆရာ ဟူသည့် သီချင်း ခေတ်စားလေ၏။နာဂစ်မုန်တိုင်း မတိုင်မီ တစ်နိုင်ငံလုံး အိုလေ့ လုပ်ပါဟေ့ အိုလေ့ လှုပ်ပါဟေ့ ဟု ဆိုကြကုန်၏။အတတိနိမိတ်များပင်။
ပြီးခ်ဲသော လက ချင်းတွင်းမြစ်ရေတွေ အနီရောင်ပြောင်းသွားသည် ဟု သတင်းတွေတက်လာသည်။မည်သည့်အတွက်ကြောင့် အနီရောင်ပြောင်းသည် ဟု အဖြေမထုတ်နိုင်ခဲ့ကြချေ။အနီရောင်ကား သွေးရောင် အနိဌာရုံပင်။အခုကား အဆိုပါ နိမိတ်ကြီးကား ဖြစ်းသွားချေပြီ။စက်လှေမှောက်၍ အလောင်းချင်း ထပ်မျှ ရှိခဲ့ချေပြီ။
နိမိတ်တို့သည် ရှေ့က ပြခဲ့ချေသည် တကား။ဦးနိုးကဲ့သို့ ပညာရှိကြီးများ မရှိတော့၍ ပြည်သူပြည်သားတို့အား သတိမပေးနိုင်ခဲ့ချေတကား။ဝမ်းနည်းပါသည်။အားလုံး ၀ဋ်ကြွေးရှိသမျှ ကျေကြပါစေ။ကောင်းရာသုဂတိ လားကြပါစေဟုသာ ဆုတောင်းရတော့သည်။

No comments:
Post a Comment