ပြီးခဲ့တဲ့ တစ်ပါတ်က အမေ့မောင်
တစ်ဝမ်းကွဲ ဦးလေးဦးဖိုးရှိန် ဆုံး၏။အမေ့အဖေဦးလှရင်နှင့် သူ့အဖေဦးလူတုတ်က
ညီအကိုအရင်း။မောင်နှမ ရှစ်ယောက်ရှိသတဲ့။မောင်နှမ ရှစ်ယောက်မှာ
မိန်းကလေးတစ်ယောက်ပဲပါတာ။ကျန်တာက ညီအကိုချည်းပဲ ၇ယောက်။
၁။ဦးအောင်မာ
၂။ဦးဖိုးလှ
၃။ဦးလူတုတ်
၎။ဒေါ်အေးရင်
၅။ဦးလှဖေ
၆။ဦးလှရင်
၇။ဦါ်းလှတင်
၈။ဦးလှခင်။
၁။ဦးအောင်မာ
၂။ဦးဖိုးလှ
၃။ဦးလူတုတ်
၎။ဒေါ်အေးရင်
၅။ဦးလှဖေ
၆။ဦးလှရင်
၇။ဦါ်းလှတင်
၈။ဦးလှခင်။
ဦးလူတုတ်+ဒေါ်ဖွားတော် မှ
၁။ဦးလူစ
၂။မတင်နု
၃။ဦးလူရ
၎။ဦးဖိုးစိန်
၅။ဦးဖိုးအိမ်
၆။ဦးဖိုးရှိန် တို့ကို မွေးလေ၏။
လွန်ခဲ့သော အနှစ် ၆၀ခန့်ကပင်။ရဲဘော်ဖြူတို့ အုပ်စိုးမှုအောက်မှ လွတ်စ။အစိုးရ အာဏာ စတည်ခါစ အချိန်လောက်ပင်ဖြစ်မည်။
အနှီဦးလေး ဦးဖိုးရှိန်၏ အဖေ ဦးလူတုတ်မှာ ထန်းပင်ပေါ်မှ ပြုတ်ကျပြီး ပေါင်ကျိုးသွားသဖြင့် ဆွေမျိုးသားချင်းများ အနှီခေတ်အခါကာလက ကံထူးမဒေသ၌ တစ်စင်းထဲသာရှိသေးသော ကံထူးမရွာမှ ဦးခင်မောင်၏ ကားကို ငှား၍ ကားဆရာဦးငပုမှ မောင်းနှင်ကာ တန့်ဆည် ဆေးရုံသို့ ဆေးကုရန် ဦးလူတုတ်အား သယ်လာခဲ့ကြသည်။ဆေးရုံရောက်သော် ဆရာဝန်ကြီးမှ လူနာ၏ ဒါဏ်ရာပြင်းလွန်းသည်။သူ့တန့်ဆည် ဆေးရုံ၌ ခွဲစိတ်ပစ္စည်းမစုံ။သူ့ထက် ပိုစုံသော ရေးဦးဆေးရုံသို့ ဆက်သွားကြဖို့ ညွှန်ကြား၏။ကားဆရာမှ ရေဦးသို့ ဆက်မောင်း၍ လမ်း၌ မတော်တဆ လူနာ သူ့ကားပေါ်သေမည် စိုးသဖြင့် ရေဦးကို လိုက်မပို့နိုင်ဟု ငြင်းဆိုပြီး ကားကို ကံထူးမသို့ ပြန်မောင်းသွား၏ ။ဆရာဝန်ကြီးလည်း အရေးကြီးလူနာကို လိုက်မပို့နိုင်ရကောင်းလား ဟု ရဲစခန်းအား အကြောင်းကြားကာ ထိုကားကို လိုက်ဖမ်းစေ၏။ ခဏနေသော် ကားလည်း ပြန်ရောက်လာ၏။ဆရာဝန်ကြီးမှ အမှုလုပ်သဖြင့် အဆိုပါကားမှာ ထောင် သုံးလကျသွားပြီး ရဲစခန်း၌ သုံးလ ဘယ်မှ မမောင်းရပဲ ထိုးထားရချေ၏။
ဆရာဝန်ကြီးလည်း မိမိ၏ ကားဖြင့် ဦးလူတုတ်အား ရေဦး ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေး၏။ ထိုခေတ်က ဆရာဝန်ကြီးများကား အတုယူလေးစားဖွယ်ပင်။
သို့သော်လည်း အနှီအဖိုး ဦးလူတုတ်မှာလည်း ရေဦးဆေးရုံ၌ မကြာမီ သေဆုံးသွားချေ၏။သို့နှင့် အသုဘချရန် ရွာသို့ ပြန်သယ်ခဲ့ကြလေသည်။
အသုဘချမည်ဟု ဆွေမျိုးသားချင်းများ တိုင်ပင်ကြသောအခါ သားများက ဆိုင်းနှင့် အငြိမ့်ငှား၍ အသုဘချချင်၏။ဦးကြီးဦးထွေများက ကျန်ရစ်သူ ခယ်မအား အကြွေးပိုမည် ဖြစ်သောကြောင့် မငှားဖို့ ပြော၏။သို့နှင့် သားဖြစ်သူများမှာ ဆိုင်မငှားရသဖြင့် စိတ်ကွက်နေကြ၏။
အသုဘချမည်ဆိုပြီး ဘုန်းကြီးများလည်း ကြွလာကြပြီး သင်္ချိုင်းကုန်းသို့ သွားကြမည်လုပ်တော့ အသုဘအခေါင်းကြီးကား မရှိတော့ချေ။ဘယ်ရောက်သွားမှန်း မသိကြ။ရေဦးသေခဲ့တာဆိုတော့ ရွာပြင်မှာ ထုတ်ထားရခြင်းဖြစ်သည်။သို့နှင့် ဒေါင်းတောက်အောင်ရှာကြတော့ သင်္ချိုင်းကုန်းထဲမှာ အသုဘကို မမြုပ်တမြုပ် မြှုပ်ထားကြတော့သည်။သို့နှင့် အကြောင်းစုံ လိုက်လံ စုံစမ်းတော့ သားတွေက ဆိုင်းမငှားရလို့ ဆိုပြီး အသုဘခေါင်းကြီးကို ညသန်းခေါင်ကျော် လှည်းနဲ့တိုက်ပြီး သင်းချိုင်းထဲ သွားမြှုပ်ကြသတဲ့။ရှုပ်ပါပေ့ ငါ့ဦးရအေတွေနှယ်။
သို့နှင့် ရွာက မကျေနပ်သဖြင့် တိုင်ကြားရာ ဦးလူစ ဦးလူရ ဦဖိုးအိမ်နှင့် ညီတစ်ဝမ်းကွဲ ဦးသန်းရှောင်တို့ ထောင် ခြောက်လဆီ ကျသွားချေတော့၏။အခုကား အဆိုပါ ဦးလေးများအားလုံး အကုန်ဆုံးကုန်ကြချေပြီ။သည်ဇာတ်လမ်းကိုလည်း ကျနုပ်မှ မှတ်တမ်းမတင်လျင် မည်သူမျှ သိကြတော့မည် မဟုတ်ချေ။
ကျနုပ်၏ အဖိုးနှင့်ဦးလေးဦးကြီးများကား ဤသို့လျင် ရှိခဲ့ချေသည်တကား။

No comments:
Post a Comment