Wednesday, November 11, 2015

ပြုံးတော်မူ(၃၁)

ပြုံးတော်မူ(၃၁)


သီတင်းကျွတ်ဖို့ကလည်း နီးလာပြီ။
သည်ရာသီ ရောက်ပြန်တော့ မွေးရပ် မြေကို လွမ်းချင်လာ၏။ကောက်ညှင်းစပါးကို သဲဒယ်အိုးထဲထည့်လှော်ပြီး ရလာတဲ့ ပေါက်ပေါက်ပွင့်တွေကို မောင်းဆုံနဲ့ ထောင်း။ရလာတဲ့ အမှုန့်ကိုမှ ထန်းလျက်နဲ့နယ်ပြီး ဆုပ်ရတဲ့ အနုဆုပ်ကလေးကိုလည်း တမ်းတ လာပြန်၏။တစ်ရွာနဲ့တစ်ရွာ မီးသွား လှူကြရတဲ့ တောဓလေ့လေးကိုလည်း လွမ်းမိပြန်၏။မိဘဘိုးဘွားတို့အား အနုဆုပ်၊လဘက်အုပ်၊ဖယောင်းတိုင်စသဖြင့် လက်ဆွဲခြင်းလေးထဲထည့်၍ တောဓလေ့အလျောက်ကလေးဘဝက သွားရောက်ကန်တော့ ခဲ့ကြရသည် 
ကိုလည်း လွမ်းမိပြန်၏။
စိတ်အစဉ်ကား လျင်မြန်လွန်းလှချေ တကား။ သီးတင်းကျွတ် အကြောင်း တွေးရင်းမှ ဒေါ်အုန်းမြိုင်အကြောင်း ကလည်း ပေါ်လာပြန်၏။
တစ်ခုသော သီတင်းကျွတ်၌ မဝင်းစိန်တို့ ညီအမတစ်တွေ သူတို့ ဒွေကြီး ဒေါ်အုန်းမြိုင်ကို သွာရောက် ကန်တော့ကြ၏။ဒေါ်အုန်းမြိုင်ကလည်း ရာဇဝင်က မသေး။ အရာရာနဲ့ အကြောင်းကြောင်း ဆိုသလို။ တောသူတောင်သားဆိုတော့ ရိုးလွန်းအလွန်း လှသည်။သူ့တူမတွေ လာကန်တော့ကြတော့ ဆုကလည်း မပေးတတ်။သို့နှင့် ကြားဖူးနားဝရှိသမျှ ပါးစပ်ထဲပေါ်ရာ ပေးချလျုက်သည်။ဤကဲ့သို့ လူကြီးသူမတို့ အား ကန်ျတာ့ရသော အကျိုးအားကြောင့် အနာမျိုး ၉၆ပါးတို့နှင့် ပြည့်စုံကြပါစေဗျား တဲ့။ဟိုတူမတွေကလည်း ကြောင်ပြီး ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဆိုပြီး နောက်ပြန်ထွက်အလာ တစ်ယောက်က ခွေးနက်ကြီး တက်နင်းတော့ ခွေးနက်ကြီးက ကိုက်လိုက်ပါလေရော။ပေးတဲ့
ဆုနဲ့များ ချက်ချင်းပြည့် လေရောသလားပါ့။

No comments:

Post a Comment