နောက်ဆုံးအကြိမ် မဲစာရင်းဇယားကို
အပြင်းသွားကာ မြောင်းကူးပြီးကြည့်မိတော့
အကြောင်းမထူးပေါင်ကွယ်
ခေါင်းမူးအောင်ရှာရသဟဲ့ ကိုမင်းရာရဲ့။
ခေါင်းမူးအောင်ရှာရသဟဲ့ ကိုမင်းရာရဲ့။
ရှစ်တစ်ဆယ်ဆယ့်နှစ်မှာ မဲဇယားက
အပစ်တကယ်မဖြစ်ကာ မလွဲမှားခဲ့ပါဘူး ကိုမင်းရာရဲ့။
အပစ်တကယ်မဖြစ်ကာ မလွဲမှားခဲ့ပါဘူး ကိုမင်းရာရဲ့။
သည်ဆယ့်ငါးမှာ အနှီတကယ့်ငနွားတွေ ပြုတ်မှာသေချာလာမှ ယုတ်မာစွာ ဖွေရှာလာတဲ့
ဖုတ်မသာ မေတ္တာတုံး(မြစ်တတုံး)တွေရဲ့
အယုတ်တမာ ညစ်လုံးတွေပေါ့ ကိုမင်းရာရဲ့။
သည်တစ်ခါ မပြင်မိရင်ဖြင့်
ပြည်မြန်မာတစ်ခွင် မချိလောက်စရာမို့
ဦးနှောက်မနည်းကြနဲ့ဟဲ့
ကုန်းကောက်စရာမရှိအောင် မွဲသွားပြန်ဦးမယ်။
ပြည်မြန်မာတစ်ခွင် မချိလောက်စရာမို့
ဦးနှောက်မနည်းကြနဲ့ဟဲ့
ကုန်းကောက်စရာမရှိအောင် မွဲသွားပြန်ဦးမယ်။
ငရဲဆင်းမယ့် ငနဲတစ်သင်းရဲ့ မလွဲမချင်း အပြန်ပြန်ပြုထားတဲ့
မဲစာရင်း မမှန်ကန်မှုကို
လဗြဲစားတစ်သင်းရဲ့ အကြံအဖန် မဖြစ်စေဖို့
မဲဇယားစာရင်းကို အပြန်အလှန် စစ်ချေပါကွဲ့
မဲစာရင်း မမှန်ကန်မှုကို
လဗြဲစားတစ်သင်းရဲ့ အကြံအဖန် မဖြစ်စေဖို့
မဲဇယားစာရင်းကို အပြန်အလှန် စစ်ချေပါကွဲ့
နွားငညစ်တွေ ပေါင်းကြံကြလို့
ဇယားအသစ်ကလည်း ကပြောင်းကပြန်နဲ့
အမှားစနစ်တွေရဲ့ မကောင်းတဲ့ဒါဏ်ကို
သားမြစ်တွေပါ ထောင်းလို့ မခံရအောင်
ဟန်မကျတဲ့ မဲစာရင်းကို
ဇွဲတင်းကာ အရေးထားလို့
ဇွဲတင်းကာ အရေးထားလို့
အပြေးသွားကာ ပြင်ကြပါကွဲ့လို့
မှိုင်းသခင် ဖေဆရာက တိုင်းတစ်ခွင် ဆွေသဟာအများကို
ပြေမြန်မာ စနစ်ယုတ်ကနေ ဝေးစေဖို့
စေတနာနဲ့ ကညစ်ထုတ်ကာ ရေးလိုက်ရပါတယ် ကိုမင်းရာ။ (၁၆.၉.၂၀၁၅)
No comments:
Post a Comment