သူ့နာမည်အရင်းက ကျော်အောင်။
သို့သော်လည်း အများကခေါ်တော့ ရွှေမန်း။ရွှေမန်းကျော်အောင်ကလည်း နာမည်ကြီးတဲ့အချိန်။ကျုပ်တို့ရဲ့
ဇီးပေါက်ရွာသား အနှီ မောင်ကျော် အောင်ကလည်း မင်းသားရူး။ ပွဲလမ်း သဘင် ကစရာရှိလျင် ပန်တြာ
မြင့်အောင် ခွေဖွင့်ပြီး လှည်းပေါ်ကနေ အမြဲတန်း သူက ကစမြဲ။ တစ်ခါလာ လည်း သည်အက နောက်တစ်ခါလာ
လည်း သည်အက။ သို့နှင့် ကျုပ်က လည်း ရွာထဲ ပြုပြင် ပြောင်းလဲရေး သမားတစ်ဦးလို။ တစ်နှစ်
ကျနုပ် ဆယ်တန်းအောင်စ လူငယ်တွေစု၍ သင်္ကြန်တွင်း တစ်ခြားရွာတွေကို ရေလှူသွားတော့ ကျုပ်လည်း
ကျုပ်ညီမဝမ်းကွဲ တင်တင်ခိုင်နှင်
မြဆွေ မ က'ချင် နှစ်ယောက်ကို ကခိုင်း လိုက်သည်။ ထိုကတဲက မောင်ကျော်အောင်လည်း မင်းသားကြီး
ဘဝမှ အနားယူသွားရ တော့သည်။
လွန်ခဲ့သောနှစ် ၃၅နှခန့်က။ မောင်ကျော်အောင်တစ်ယောက် ဗုံသာတောမှာ ခိုင်းနွားတွေ ယူပြီး ယာထွန်သည်။(ဗုံသာတောဆိုသည်က ရှေးယခင် ဗုံကြီးသံများ လွှမ်းခဲ့စဉ် တစ်ဘက်လယ်တောနှင့် အပြိုင် ဗုံကြီးတီးကြရာ သည်ဘက်တောမှ နိုင်သဖြင့် ဗုံသာတော တစ်ဘက်က ရှုံးသဖြင့် ဗုံရှုံးတော ဟု ရှေးအစဉ် အဆက် မှည့်ခေါ်ခဲ့ကြခြင်းဖြစ်သည်။) နေ့ခင်းကြတော့ နွားတွေကို ယာဘေးက မြက်ခင်းထဲ မှာ လွှတ်ကျောင်းထား သည်။ ခိုင်းနွား တစ်ကောင်က အတော်ဆော့ ၏။ ဂဏှာကမငြိမ်။ဟိုပြေးသည်ပြေးနှင့်ဆိုတော့ မောင်ကျော်မောင် ဒေါသက ထိပ်တက်လာသည်။သို့နှင့် ဒေါသော အတ္တံ န ဇာနာတိ ဆိုသလို။ဒေါသက ထွက်လာတော့ ဘာမှ မစဉ်းစား သည်လောက်ဆော့တဲ့နွားဆိုပြီး ပါလာတဲ့ ဓားမကြီးနဲ့ နွားကြီး ဒခေါက် ကြော ကို ခုတ်ဖြတ်ချ လိုက်သည်။ ခိုင်းနွားကြီးလည်း နေရာတွင် ပုံလျက်လဲကျသွားပြီး မထနိုင်တော့။ မိဘများ လည်း အဆိုပ့ ခိုင်းနွားကြီးကို ဟင်း ပေါ်၍ ရောင်းစားလိုက်ရတော့သည်။
ဆောင်းရာသီ စပါးရိတ်ချိန်ရောက်လာ ချေ၏။အနှီ မောင်ကျော်မောင်လည်း စပါးရိတ်ကြရတော့သည်။သူက နွားချိုနှင့် လုပ်ထားသော တပိုး တတူတူမှုတ်၍ စပါးရိတ် ထွက်ဖို့ အချက်ပေးနေကျ။တမနက်တော့ သူက အနည်းငယ် နောက်ကျနေ၏။ရှေ့လူတွေနောက် မှီဖို့ တံဇဉ်ကို ကျောမှာ ချိတ်ပြီး အပြေးကလေး လိုက်သည်။တောက တံဇဉ်က အရိုးက အကောက်။ အသွားနှင့် အရိုးက အင်္ဂလိပ်စာလုံး အက်စ်s ကလေးလို။ မောင်ကျော်အောင် ပြေးယင်း လွှားယင်း ဒေါ်သိန်းရှင် အိမ်မြောက် ဘက်အရောက် တံဇဉ်က ပြုတ်ကျ သွားသည်။ကံကဆိုးချင်တော့ အရိုးက ရှေ့ခြေထောက်က ညှို့သကျေးရိုးကို ချိတ်မိပြီး အသွားဘက်က နောက်ခြေ ထောက် ခြေသလုံးကို ချိတ်မိသည်။ ပြေးယင်းနဲ့ ခြေထောက်ကလည်း အလှမ်းဆိုတော့ တံဇဉ်သွားက နောက်ခြေသလုံးက ဖနောင့်ကြောကို ဖြတ်ချလိုက်သည်။သွားပြီ။နေရာတင် ပုံလျက် လဲကျသွားပြီး မထနိုင်တော့။ ဆေးရုံကို ပြေးတင်ရသည်။ အနောပျောက်တော့ ခြေတစ်ဖက် မသန်ရှာတော့။ထော့နိုင်းထော့နိုင်းနဲ့။
ဝဋ်ဆိုသည်မှာ နှစ်မကူးချေတကား။

No comments:
Post a Comment