အတိတ်။နိမိတ်။တဘောင်။စနည်း
တဲ့။
ယနေ့ခေတ် လူငယ်ကလေးများကား ဤပညာရပ်များကို စိတ်မဝင်စားကြ တော့ချေ။ လေ့လာလိုက်စားသူ လည်း မရှိတော့ချေ။ကျနုပ်တို့တိုင်းပြည်ကား ဤပညာရပ်များနှင့် ကင်း၍ မရချေ။ခေတ်နောက်ပြန်ဆွဲနေသည်ဟု ဆိုချင်ကြပေမည်။
ကျနုပ်တို့ ဒုတိယတန်းကျောင်းသား ဘဝက ဖြစ်သည်။ တစ်ယောက်ယောက်က မိမိနာမည်ကို ခေါ်လိုက်လျင် ဗျို ဗျာ ဟု မည်သုမျှ မထူးကြ။နာမည်ခေါ်လျင် အနံ့ အသက် ဟု ထူးကြသည်။လူကြီးသူမများက သည်ကလေးတွေ နိမိတ်မရှိ နမာမရှိ ဟု ဆဲကုန်၏။ထိုနှစ်က စ၍ မိုးသုံးနှစ်ခေါင်လေရာ တစ်နယ်လုံး ဆန်ရေစပါး ရှားပါးကုန်ပြီး ဆန်ပြုတ်သောက်ကြရကုန်၏။ဆန်ပြုတ်တွင် ဆန်ကား ပါသည်ဆိုရုံ အနံ့အသက်ပမာမျှသာ။
၈၈ ဖြစ်ခါနီးတွင် ကလေးတွေ ဆိုကြပြန်ပြီ။ အတုံးအတစ်တဲ့။မကောင်းလိုက်သည့်နိမိတ်။၈၈ဖြစ်လာပြီး အတုံးလိုက်အတစ်လိုက် ခုတ်ကုန်ကြတော့ရာ ရဲကိုသတ် အသည်းကြော်စားသည်ထိ ဖြစ်ကုန်၏။
၂၀၀၇ ရွှေဝါရောင်မတိုင်မီက ကျနုပ်ကလေးနှစ်ယောက်နှင့် အရပ်ထဲက ကလေးများ ကစားရင်း
ရဲဘော်တွေတန်းဆီ ဗိုလ်ကြီး အီးပေါက်သည်။
ရှေ့ပိုင်းက ရဲဘော် ခါချဉ်ကိုက်လို့အော်
နောက်ပိုင်းက ရဲဘော် ချီးပေါက်လို့အော် တဲ့။
မကြာပါချေ ။ရဟန်းသံဃာတော်များ မြို့ထဲတန်းစီကြွပြီး မေတ္တာသုတ်ရွတ်ကြကုန်ရာ ခါခဉ်ကောင်မက များပြားလှသော စစ်သားများ ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးခံကြရတော့သည်။နောက်ပိုင်းကရဲဘော် ချီးပေါက်လို့အော် ဆိုသည့်အတိုင်း ကျောင်းတွေ ညပိုင်းဝင်စီးခံကြရပြီး ဘုန်းကြီးတွေ ထောင်ချခံရတော့သည်။
အချို့သော တဘေါင်များကား မကြာသောကာလတွင် တဘောင်အတိုင်းဖြစ်လာတတ်ပြီး အချို့မှာ အချိန်ကြာမှ ဖြစ်လာ တတ်သည်။ ရှေးလူကြီးများက
တဘောင်ဆိုသည်မှာ ဆွေးမှ တဲ့။တဘောင်ပေါ်ပြီး လူတွေမေ့လောက်မှ တဘောင်ထဲကအတိုင်း ဖြစ်လာတတ်သည်တဲ့။
ကျနုပ်တို့ကလေးကတဲက ဆိုခဲ့သည့်
တရုတ်ကပိ ရှမ်းကအိ
ရှိသည့်ဗမာ အနောက်မှာ ဟူသည့် တဘောင်ကား ယခုမှန်လာတော့သည်။ရှမ်းပြည်ကား ပြောစရာမလိုတော့။မန္တလေးကား မြို့လယ်ခေါင် စကားထဲထည့် ပြောမနေနဲ့တော့။သင်ပန်းကုန်း ထွန်တုံး အောင်ပင်လယ် အကြိုအကြားမကျန် တရုတ်တို့ ဝါးမျိုကုန်ပြီ။အနောက်တခါးက်ုသာ လက်ညှိုးတထိုးထိုး အော်နေကြသည်။အရှေ့တံခါး ပေါ်က်မှ ကြောက်ခမန်းလိလိ ဝင်လာသည်ကိုတော့ မမြင်ကြချေ။
တဘောင်အရဆိုသော်
ကုလားနှင့် ငါး အရုပ်ရေးပြရမည် ဟုဆို၏။
ရနကုန် မန္တလေးတွင် စွယ်တော်နှစ်ဆူ တည်စဉ်က
ဘုရားနှစ်ဆူ ဘွဲ့တော်တူ
ပြည်သူလည်းမွဲ တပ်လည်းကွဲ ဟူသော တဘောင်ပေါ်လာ၏။ တပ်ဆိုသည်မှာ အစုအဖွဲကို ညွှန်းဆိုခြင်းပင်တပ်ဟုဆိုတိုင်း စစ်တပ်ကို မဆိုလိုချေ။
ယခုသော် တပ်ကား ကွဲချေပြီ။မည်သည့်တပ်ကို ညွှန်းသနည်းဆိုသော် သံဃာတော်တပ်ကြီးပင်။ဖွတ်တွေ သပ်လျှိုသည့်ဒါဏ် မရှုမလှ ခံလိုက်ရချေပြီ။သူတို့ခါးပိုက်ထဲရောက်သွားသည့် မယောင်ရာ ဆီလူးနေသည့် အဖွဲ့ကတစ်ဖက်။ ရွှေဝါရောင်ကတစ်ဖက်။
ဗုဒ္ဓဘာသာမှန်လျင်တော့ ကံကြီးငါးပါး ထိုက်သည့် ကိစ္စကို သိတန်ရာသည်။ သံဃာဂိုဏ်းခွဲလျင် မြင်ရမည်ကား အဝီဇိမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ကမ္ဘာမပျက်မချင်း သင့်အား လက်ခံထားမည် ဟူသော ဆိုင်းဘုတ်ကြီးပင်။ လူ့ဘဝခဏလာ အကုသိုလ် ဗလဗွနှင့် ပြန်ကြဦးမှာပါတကား။

No comments:
Post a Comment