Saturday, January 9, 2016

ဘ၀ဇာတ်ခုံ

ဘုံဘဝမှာ ကြုံရပါ (၄)
၁၉၉၂ကုန်ပိုင်း လောက်ကပေါ့။ဆရာမှိုင်းလည်း ဘဝတကွေ့မှာ တက္ကသိုလ် ကျောင်းစရိတ်ရှာယင်း လုံးခင်းမှာ ကွန်းခိုနေရတဲ့အချိန်တုန်းကပေါ့။လက်သမားလုပ်တာက တစ်ရက်မှ ၁၈၀ ရတဲ့အချိန်။စက်လှေပေါ်လုပ်တော့ လုံးခင်းဖားကန့် တစ်ခေါက်ပြေး ၂၀၀ကျပ်ရသမို့ ဆရာမှိုင်းလည်း စက်လှေစပယ်ယာဘဝမှာ ကျင်လည်နေရသပေါ့။
အဲသည်အချိန်မှာ စက်လှေပိုင်ရှင်ရဲ့ မောင်ဝမ်းကွဲ ဦးအောင်သန်းက။ကျုပ်တို့ကတော့ စိုင်းလုံလို့ ခေါ်ကြသပ။သူက လက်သမားခ ကုန်မှာစိုးတော့ သူ့အိမ်ကို သူ့ဖာသာဆောက်တယ်။ပြူတင်းပေါ့က်တွေ လှေကားတွေကြတော့ မလုပ်တတ်တော့ ကျုပ် လုပ်ခိုင်းနဲ့ လေးငါးရက်လောက် စက်လှေပေါ် မလိုက်ပဲ အိမ်ကလေး အစသတ်ပေးလိုက်ရတယ်။ကျုပ်ကလည်း လက်သမားဆရာဘဝနဲ့ ကျင်လည်ခဲ့ရသေးသကိုးဗျ။
သည် စိုင်းလုံခေါ် ဦးအောင်သန်းက တစ်ညမှာ ကိုကျာ်ငွေ ကျုပ်နဲ့ ခဏလောက် လိုက်ခဲ့စမ်းပါ။သူက ဒီဇယ်ကလည်း ရောင်းသေးသကိုး။ ဒါနဲ့ ဥရုချောင်းထဲက လှေပေါ်ကို ဆင်းသွားရော။ကျုပ်လည်း ဘုမသိဘမသိနဲ့ လှေဥိးကနေ ထိုင်လိုက်သွားတာပေါ့။စကားတစ်လုံးမှ မပြေနဲ့နော် လို့ ဆိုပြီး သူက နောက်ကနေ လှေကို လှော်ပြီး ဥရုချောင်းကို နှစ်ပြလောက် စုန်လာခဲ့ကြတယ်။ချောင်းကွေ့နးရောက်တော့ အရှေ့ဘက်ကမ်းကို တိတ်တိတ်ကလေး လှော်လာခဲ့ကြတယ်။ဟိုဘက်ကမ်းရောက်တော့ ကမ်းပေါ်ကလူက ဆေးလိပ်မီးကလေး သောက်ပြတယ်။စိုင်းလုံလည်း လှေကို အဲသည် နား ထိုးစိုက်လိုက်တယ်။ပြီးတော့ ဒီဇယ်ပုံးတွေကို လှေပေါ်ကို ပြာရိပြာယာ တင်ပြီး သည်လဘက်ကမ် မြန်မြန် ပြန်လှော်ပြေး လာခဲ့ကြတယ်။အစိုးရ ကျောက်စိမ်းရုံးက ဝန်ထမ်းတွေ ဒီဇယ်ခိုးရောင်းတာတဲ့ဗျာ။ကျုပ်တို့ လှေရပ်တဲ့နေရာက ကျောက်စိမ်းရုံးတည့်တည့်။အဲသည်နေရာနဲ့ မလှမ်းမပမ်းမှာ စစ်တပ်က လုံခြုံရေးကင်း။ဘုရား ဘုရား။အသံကြားလို့ သေနတ်နဲ့ လှမ်းပစ်လိုက်မှဖြင့် ခက်ချေဦးမည်။ သူတို့တိုင်းပြည်ရဲ့ ဒီဇယ်ခိုးရောင်းတာရယ် စိုင်းလုံ အချောင်ဝယ်ချင်တာရယ်နဲ့ ကျုပ် ကြားထဲက ဘုမသိဘမသိ သေနတ်နဲ့ အပစ်မခံရတာပဲ ကံကောင်းလို့ ဆိုရမည်။သူတို့ကိုလည်း နှုတ်ပိတ်ပြီးသား နေမှာပါလေ။ပထမနှစ်မတက်ခင် ၃လလောက်အလိုက ဥရုချောင်းထဲ ည ကိုးနာရီလောက် ဘဝတစ်ကွေ့ ကြုံခဲ့ရတဲ့ အကြောင်းပေါ့လေ။ု

No comments:

Post a Comment