ဖိုးရဲကျား(၂၈)
ရွာထဲက ကိုကျော်ငြိမ်းကြီး မြွေဟောက်က တံတွေးနဲ့ထွေးလိုက်လို့ မျက်စိကြီး နီလာပြီး ကောင်းကောင်းမမြင်ရတော့ချေ။သို့နှင် ဖိုးရဲကျားဆီ သွားတော့ ဖိုးရဲကျားက မျက်စိထဲ ကျင်ငယ်ရေ ခပ်ခိုင်းတာ တစ်ပါတ်လောက်နေတော့ ပြန်ကောင်းသွားတယ်။အဖိုးက ကျုပ် အိမ်လာလည်တော့ ပြောတယ်။ ငါ့မြေး မြွေဆိပ်ထက် လူဆိပ်က ပိုပြင်းတယ်ကွ။မြွေတံတွေး ထွေးခံရလို့ မျက်စိ မမြင်ရတော့ရင် လူ့တံတွေးနဲ့ ဖြစ်ဖြစ်ချင် မျက်စိထဲ ခပ်ရတယ်ကွ။အဲဒါဆို တောက်လျောက်ပျောက်တယ်တဲ့။
သူ့သမီး အငယ်ဆုံ မခင်ကြိုင် ကိုယ်ဝန်ဆောင်ကြီးနဲ့ စပါးရိပ် လိုက်ရာမှ မြွေပွေးက ကိုက်လွှတ်လိုက်သည်။ အိမ်ရောက်တော့ ဖိုးရဲကျားက သူ့သမီး မြွေကိုက်တဲ့ ခြေထောက်က ဒါဏ်ရာကနေ မြွေဆိပ်ကို ပါးစပ်နဲ့ စုပ်ပြီး ထွေး ပစ်သည်။အဲသလို ပါးစပ်နဲ့ မြွေဆိပ်ကို စုပ်ပစ်တဲ့ ဒါဏ်ကြောင် သူ့မျက်စိတွေ ၀ါးလားသည်
ဟု ဆိုသည်။မခင်ကြိုင်ကား ကိုယ်ဝန်ဆာင်ထားသဖြင်မြွေဆိပ်က အထက်မတက်ဟု ဆိုသည်။။သို့နှင် တန့်ဆည်ဆေးရုံငို့ တက်ရောက် ကုသရာ အသက်ချမ်းသာရာ ရခဲ့သည်။ဆရာဝန်ကတာ့ မှာလိုက်သည်။မြွေဆိပ်က ကလေးကို သွား၍ ထိခိုက်နိုင်သည် ဟု ဆိုသည်။ ထိုကလေး မွေးလာသောအခါ ခြေထောက်ကလေး တစ်ဖက် မသန်ရှာတော့ချေ။သို့နှင် ထိုကလေးမလေးကို မိဆိပ်ဟု ခေါ်ကြလေသည်။အခုဆို မိဆိပ်တောင် ၃၀နားနီးချေရော့မည်။ခြေထောက်တစ်ဖက်က တရွတ်တိုက် သွားနေရရှာသည်။ဘ၀ ၀ဋ်ကြွေး
ဟုသာ ဆိုရချေတော့မည်။

No comments:
Post a Comment