ပြုံးတော်မူ(၄၇)
ဦးဇင်းကြီး ဦးဝါယမက ကန်ကလေးကုန်း အရှေ့ကျောင်းက ခန်းနေဦးဇင်းကြီး။သူတို့ဆရာတော်က ဦးဣန္ဒာသဖ။တစ်ရက်တော့ ဦးဇင်းကြီးဦးဝါယမရဲ့ မယ်တော်ကြီး သေပါလေရော။ဒါနဲ့ ရွာဓလေ့ရပ်ဓလေ့အတိုင်း မယ်တော်ပျံဆိုပြီး အသုဘ ချကြသပေါ့လေ။အိမ်ကနေ သင်္ချိုင်း ကုန်းကို ရထားတွေ ဘာတွေနဲ့ တွန်းပို့ပြီး အသုဘချကြသပေါ့။ရွာရပ်ကတော့ ရထားတွန်းတယ် ခေါ်တာပေါ့။ဘုန်းကြီးပျံတွေမှာ အသုံးပြုကြတဲ့ ကရ၀ိတ်ဖောင်လိုမျိုး
ပြသဒ်ကြီးကို ခေါ်တာ။
အဲသည်လိုနဲ့ သူ့မယ်တော်ကြီး တွန်းလာကြတော့ ဦးဇင်းကြီး ဦးဝါယမလည်း တစ်လမ်းလုံး ငိုလာပါရော။ဒါနဲ့ ဘေးက တကာတွေကလည်း ဘုန်းကြ်ီးတန်မဲ့ ငိုယိုနေတော့ မြင်လို့က
မကောင်းဘူး။ဒါနဲ့ ဘေးက တကာက ပြောတယ်။ဦးဇင်းကြီး ကလည်း သင်္ကန်းကြီးလည်း အားနာပါဦး ဘုရာ့။သူများအမေတွေသေတော့ အနိစ္စသဘော ဘာညာနဲ့ တရားတွေချပြီး
အခုမှ ဘာပြုလို့ ငိုကြီးချက်မ လုပ်နေရတာတုန်း လို့ပြောလိုက်ရော ဦးဝါယမက ပြန်ပြောတယ်။
အဲဒါက သူများအမေဟ။ဒါက ငါ့အမေဟ တဲ့။

No comments:
Post a Comment