ဘုရားကျွန်တော် ရွှေကျင်စီရင်စု ကန်ကလေးကုန်းရွာနေ လွှတ်စည်အမှုထန်း ငပေါ်သစ် ရှိခိုးသံတော်ဦးတင်ပါ သည်ဘုရား။ရွှေအလယ်ကြောင်းဝန်ဟောင်းငထောံက ပစိပ်စားဘက်ပါသူ။သူပုန်ဆို၍ သူကြီးငရွှေဘီနှင့် လူ
ပေါင်း ၈ရောံသားတို့ ပန်းဇည်းပြီး ထောင်အချင်းထား၍ ငွေခွက် ၁၀ကျော် ပေးဆောင်ရမည်တောင်းရာ ၇ရောံ သားတို့က အသိအသိဆောင်ပေး၍ ကျွန်တော် အကို ငတေဇမှာ ငွေကို မဆောင်မပေးနိုင် သောကြောင့် အမိန့်တော်ကိုတင်ပျ၍ ကိုင်သင်္ဃာတော်တို့ တားစည်း လုယူရာ။မရ။ ရွှေအလယ်ကြောင်းဝန်ဟောင်းသည် အမိန့်တော်အာဏာတေည်ကိုမတည် ငတေဇကို သတ်ပြတ်သေဆုန်းရှိပါသည်။ရွှေအလယ်ကြောင်းဝန် ထောံနှင့် ရှေ့တော်မှာမှန်ရာဖြစ်ပါရမည့်အကြောင်း အမှုထမ်းဆင်းရြုသားတို့ ကိုးကွယ်ရာ အရှင်ဖြစ်ပါ၍ ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။

သက္ကရာဇ် ၁၂၂၈ခုနှစ် အရေးတော်အတွင်း မြင်ကွန်း စားငယ် ပတိမ်းစာငယ်တို့ဘက်ပါသူ သူပုန်ဖြစ်သည်ဆို ၍ အတင်အလျောံ အပြောအဆိုဘအနှောင့်အယှက် မရှိစေနှင့်။ငြိမ်ဝပ်စွာ နေထိုင်စေ။
၁၂၃၄ခု နယုန်လဆန်း ၃ရက်နေ့ နာခံတော် ပြော့ကြီးမှူး မဟာမင်းလှ မင်းကျော်ပြန် အမိန့်တော်
၁၂၃၄ခုနယုန်လဆန်း ၄ရက်နေ့ ရွှေလွှတ်တော်တွင် စာရေးတော်ကြီး မင်းထင်စည်သူရာဇာထံ ကူးယူသည့် အမိန့်တော်လက်ခံ
၁၂၂၈ခုနှစ် ၁၈၆၆ခု သြဂုတ်လ ၂ရက်နေ့တွင် မြန်မားသမိုင်း၌ ဧရာမ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။(ရာဇ၀င်ဘီးသည် တစ်ပါတ်လည်၏ ဟု ဆိုသလို ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် မြန်မာ့သမိုင့း၌ ဒုတိယအကြိမ် ဧရာမ ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ကြုံတွေ့ကြရပြန်၏။) မိမိဘုရင်ဖြစ်လိုသည်ကိုသာတွေးပြီး တိုင်းပြည်၏ရှေ့ရေး စိုးစဉ်းမျှ ထည့်မတွက်သော မြင်ကွန်းနှင့် မြင်းခုံတိုင်း မင်းသား မိုက်ညီနောင်ကြောင့် တိုင်းပြည် ခေတ်မီတိုးတက်ရေးအတွက် ကြိုးပမ်းနေရှာသော အိမ်ရှေ့စံ ကနောင်မင်းကြီး ကျဆုံးရရှာသည်။
အိမ်ရှေ့စံကနောင်မင်းကြီး ကျဆုံးရှာလေသော် ကနောင်မင်း၏ သားတော်များ ဖြစ်ကြသော ပတိမ်းမင်းသား ထန်းတပင်မင်းသား ကြေးမြင့်မင်းသာစသော သားတော်တို့သည် ရွှေဘိုဘက်သို့ ထွက်ပြေးလာကြပြီး လူသူစုဆောင်းကာ မင်းတုန်းမင်းအား ပုန်ကန်ကြကုန်သည်။
အထက်ပုရပိုက်ပါ ကန်ကလေးကုန်းရွာသား ငတေဇကား အိမ်ရှေ့မင်း၏ အိမ်တော်တွင် အမှုထမ်းနေသူဖြစ်သည်။ထို့ကြောင့် အိမ်ရှေ့မင်း၏သားတော်များ ပုန်ကန်လျင် သူသည်လည်း မလွဲမသွေ အိမ်ရှေ့မင်းသားနော်များဘက်မှ အမှုနော်ကို ထမ်းရွက်မည်ဖြစ်သည်။
ကျနုပ်တို့ ယခင်တစ်ခေါက် မိတ်ဆွေများ ၀ိုင့်းဝန်းလှုဒါန်းပြုပြင်
ကြသည့် ဇီးပေါက်ရွာတောရကျောင်းသို့ သူပုန်မင်းသား ညီနောင် ၀င်ရောက် တည်းခိုသွားသည်ဆိုသည်မှာ ဤ
အိမ်ရှေ့ စံ ကနောင်ကိုယ်တော်ကြီး၏ သားတော်များဖြစ်ပေ မည်။ကန်ကလေးကုန်းဇီးပေါက်သားများလည်း အမှုတော်ကို ၀င်ရောက်ထမ်းရွက်ခဲ့ကြဟန်တူသည်။ပုရပိုက်တစ်ခုတွင် ၁၂၃၄ခုနှစ် နေ့စွဲဖြင့် ဇီးပေါက်ရွာမှာ ရွာရှိလူများ အဖမ်း အဆီးများသဖြင့် ထွက်ပြေးကြသဖြင့် ရွာပျက်လုနီးြုဖစ်နေ ကြောင်း ဇီးပေါက်တောရဆရာတော်မှ ကံထူမမြောက်ကျောင်း ဆရာတော်ထံ လျောက်တင်ထားသည်ကိုလည်း တွေ့ရသည်။လိပ်ခြံမြောက်ဘက် စံနန်းတော်ဆိုသည့်နေရာမှာလည်း ဤမင်းသားများ တောပုန်းခိုလှုံစခန်းချရာနေရာပင် ဖြစ်ချေမည်။သူပုန်မင်းသားများ ပုန်းအောင်းနေရာကို စံနန်းတော်ဟု ခေါ်သည်။မက္ခရာမင်းသားဟု ပြောဆိုခဲ့ကြသော်လည်း မက္ခရာမင်းသားကြီးမှာ မင်းသား၆၀ကျော်အသတ်ခံ ရသည့် အထဲတွင် ပါသွားသဖြင့် မက္ခရာမင်းသား မဖြစ်နိုင်ပေ။
သို့ကလို မိမိနှင့်မတည့်လျင် ပတိမ်းစားဘက်ပါသူဟူ၍ ဂုံးချော ဖမ်းဆီးအမှုလုပ်ကြကုန်သဖြင့် မြို့ရွာမငြိမ်မသက်ဖြစ်လာပြီး ကျေးရွာအများမှာ ထွက်ပြေးတိမ်းရှောင်ကြကုန်သဖြင့် နောက်ဆုံးတွင် အဖမ်းအဆီးမရှိစေရ ဟူ၍ ဘုရင့်ရုံးတော်မှ ၁၂၃၄ခုနှစ် နေ့စွဲဖြင့် အမိမ့်တော် ထုတ်ပြန်ခဲ့သည်ကို ပုရပိုက်များထဲမှ ရှာဖွေတွေ့ရှိရလေသည်။
ပုရပိုက်တွင် ပါသည့် ပစိပ်စား ဆိုသည်မှာ ပတိမ်းစားကို ခေါ်ခြင်းပင်။ပတိမ်းစားကား နောင်တွင် အရေးတော်ပုံ ရှုံးနိမ့်ပြီး အသတ်ခံလိုက်ရသည်။

No comments:
Post a Comment