ပြုံးတော်မူ(၄၉)
ကျုပ်တို့ပြည်သူတွေကလည်း
ကောင်းကိုမကောင်းဘူးဗျ။ထစ်ကနဲရှိ ရက်တစ်ရာအတွင်း ဘာပြောင်းလဲ သလဲ။ ထစ်ကနဲရှိ
ကိုဖီအာနန်း အကြံပေးကော်မတီ ဥက္ကဋ္ဌ ခန့်လို့ အသံတွေက ထွက်လာရော။အမေစု
သူ့တိုင်းပြည်ကောင်းအောင် သူ့အကြံအစည်နဲ့သူ လုပ်နေတာ
ဘာပြောစရာရှိလဲ။မကြိုက်တဲ့သူ ဘလော့သွာကြ။ဒါပဲ။ရှင်းတယ်နော်။
ကျုပ်ကတော့
ကျုပ်လိုချင်တဲ့အစိုးရ ရပြီ။ သု့ဟာသူ တိုင်းပြည်ကြီး မှောက်မှောက်လှန်လှန်
လုပ်ချင်ရာ လုပ်ပလေ့စေ။တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်မှာမှ
မဟုတ်ပဲ။အနှစ်၆၀လောက် ဖျက်ဆီးခံရတဲ့ တိုင်းပြည် နေ့ချင်းညချင်း ပြောင်းသွားအောင်တော့ သိကြာမင်းတောင် မတတ်နိုင်ဘူး။
ကြာတော့ ဟိုဟာပြောသည်ဟာပြောနဲ့ နားငြီးလာပြီ။နားငြီး တာ မဟုတ်ဘူး။မျက်စိ
ငြီးလာပြီ။ကြာတော့ ကျုပ်တို့ရွာအရှေ့ ဘက်က မသန်းခင် ပြောသလိုသာ
ပြောလိုက်ချင်တော့တယ်။
ကျုပ် ဘုန်းကြီးကျောင်းသားဘ၀က ကျောင်းကို
အုတ်ဖုတ်သမား တွေလာတော့ ကိုမြသန်းဆိုတဲ့ ဘုန်းကြီး လူထွက်ကြီးက ကျုပ်ကို
အတော်လေး ခင်ရှာတာ။ဦးဇင်းဝတ်နေရာက သူ့အဖေ ဦးရွှေအေးက သေတော့ နှမလေးက
တစ်ယောက်ထဲ ရှိတာ။စိတ်ကလည်း သိပ် မှန်ချင်တာ မဟုတ်ဘူး။ပြီးခဲ့တဲ့
တစ်ပါတ်ရွာ
ပြန်တော့ ကျုပ်အပင်တွေ စိုက်နေတော့တောင် သူ့ဟာသူ တစ်ယောက်ထဲ
စကားတွေပြောနေတာ ကြားခံသေးရဲ။ဒါနဲ့ ခမည်းတော်က ဆုံးသွားတော့
အမျိုးတွေက နှမလေး တစ်ယောက်ထဲ အပျိုမတစ်ယောက်ထဲ စောင့်ရှောက်မယ့်လူ
မရှိဘူ။လူထွက်လိုက်တော့ဆိုလို့ လူထွက်ပြီး အုတ်သမားတွေ နောက် တောက်တိုမယ်ရ
လုပ်ဖို့ လိုက်လာရှာတယ်။ကျုပ်က လည်း ပုံတိုပတ်စက အင်မတန် နားထောင်းချင်
သူကလည်း ဟိုပြောသည်ပြောဆိုတော့ ကျုပ်တို့ကလေးတွေကလည်း
သူ့နားချည်းကပ်ကြကုန်သည်။
သည်လိုနဲ့ ဘုန်းကြီးလူထွက်မောင်ကြီး နဲ့ နှမ
ရူးတူးပေါတောနဲ့ မောင်နှမလေးနှစ်ယောက် လယ်လုပ်စားသောက်နေကြတော့ ဟိုက
ဘုန်းကြီးလူထွက်ဆိုတော့ နှမက အချိုးကမကျလေ သူကမာန်လေပေါ့။အဲသည်လို ခနခန
အမာန်ခံရတော့ မသန်းခင်က တစ်ရက်တော့ အိမ်ဘေးက လူတွေကို ပြောတယ်။
မောင်ကြီးကလည်း ထစ်ကနဲရှိ မာန်ဖို့ မဲဖို့ပဲ သိတယ်။စိတ်ညစ်တယ်။စိတ်ညစ်တယ်။ မြန်မာပြည် မနေချင်တော့ဘူး။ရေဦးပဲ သွားနေတော့မယ်တဲ့။
No comments:
Post a Comment