သူငယ်ချင်း ရန်နိုင်ထွန်းကလည်း မနက်က ကျုပ်ရေးတဲ့ စာဖတ်ပြီး သူငယ်ချင်း အသက်ကြီးလာလို့ ဂိုက်မလိုက်တော့ရင် ဗေဒင်ဟောစားကွာတဲ့။သူက အစဖော်ပေးတော့ ကျုပ်ကလည်း ဟိုဟာပေါ်လာ သည်ဟာပေါ်လာနဲ့ဗျ။
ကျုပ်ငယ်တုန်းက အဒေါ်တွေနဲ့ ဇာတ်ပွဲလိုက်လိုက်ကြည့်ရတယ်ဗျ။ကျုပ်အဒေါ် ဒေါ်ထီမေနဲ့ ဒေါ်ငွေစိန်က ဇာတ်ပွဲက အတော်ဝါသနာ ပါကြတာကိုး။ကျုပ်လည်း သူတို့နဲ့ ရောလိုက်ပြီး နောက်ပိုင်းဇာတ်ထုပ်ကို နေထွက်အောင် ကြည့်တတ်တာကိုး။ကျုပ်အဒေါ်က တစ်ရက် နောက်ပိုင်းဇာတ်ကြည့်နေတုန်း လူကြမ်းက မင်းသားလေးကို နှိပ်စက်တော့ ဘေးနားက ပုဇွန်ကျစ်စာခဲနဲ့ ကောက်ထုတာ မောင်လူကြမ်း ခေါင်းမှန်လေရော။အဲဒါ လူကြမ်းက ကျုပ်အဒေါ်ကို လှမ်းပြောတယ်။မသာမကြီး နင့်လင်ကို သေအောင် မသတ်ဖူးဟ တဲ့။
ငယ်တုန်းက ဗေဒင်စာအုပ်ဖတ်နေတော့ ကျုပ်အဒေါ်တစ်ယောက်က ငါ့ကို ဗေဒင် တွက်ပေးစမ်းဟေ့။ ဖင်ဖွားဆိုလား ။ဖင်ကဖွားဆိုလား။ဘုတ်ဖွားဆိုလားလားတဲ့။အဒေါ်ကလည်း ဘင်္ဂဖွားလို့ပဲ ရှိပါတယ်။ဖင်ကဖွားလို့ မရှိပါဘူး။မဟာဘုတ်ပဲ ကြားဖူးပါတယ်။ဘုတ်ဖွားလို့လည်း မကြားဖူးပါဘူး လို့ပြောရတယ်။ကြားကြားဖူးပေါင်ဘူး။ကျုပ်အဒေါ်ပြောမှ ဖင်ကဖွားတဲ့။ဘုတ်ဖွားတဲ့။ဟီးဟီး။
ရန်နိုင်ထွန်းက ဒေင်ဟောစားဆိုလို့ လူရွှ့င်တော်တွေ ပြောတဲ့ စကားပေါ်လာတယ်။ငယ်တုန်းက ဇာတ်ကြည့်တော့ လူရွှင်တော်တွေက ကိုယ်တတ်ရာကိုယ်လုပ်ပြီး ရောင်းကြကွာဆိုတော့
တစ်ယောက်က ဗေဒင် ဟောတယ် ဗေဒင်ဟောတယ် တဲ့။
နောက်တစ်ယောက်က ထွက်လာတယ်။မှန်ဘောင် မှန်ဘောင် တဲ့။မှန်ပေါင်ရောင်းတာတဲ့။
နောက်တစ်ယောက်က ထွက်လာတယ်။ခံချဉ်သယ် ခံချဉ်သယ် တဲ့။သူက ခံသီးအချဉ်လုပ်ရောင်းတာတဲ့။
နောက်တစ်ယောက်က ထွက်လာတယ်။ နာနို့ချဉ်၊နာနို့ချဉ် တဲ့။နွားနို့ချဉ် ရောင်းတာဆိုပဲ။
နောက်တစ်ယောက်က ထွက်လာပြန်ရော။စားတော်ပဲပြုတ် တဲ့။
တစ်ယောက်က ဗေဒင် ဟောတယ် ဗေဒင်ဟောတယ် တဲ့။
နောက်တစ်ယောက်က ထွက်လာတယ်။မှန်ဘောင် မှန်ဘောင် တဲ့။မှန်ပေါင်ရောင်းတာတဲ့။
နောက်တစ်ယောက်က ထွက်လာတယ်။ခံချဉ်သယ် ခံချဉ်သယ် တဲ့။သူက ခံသီးအချဉ်လုပ်ရောင်းတာတဲ့။
နောက်တစ်ယောက်က ထွက်လာတယ်။ နာနို့ချဉ်၊နာနို့ချဉ် တဲ့။နွားနို့ချဉ် ရောင်းတာဆိုပဲ။
နောက်တစ်ယောက်က ထွက်လာပြန်ရော။စားတော်ပဲပြုတ် တဲ့။
သူငယ်ချင်း ရန်နိုင်ထွန်းရေ ငါတော့ ဗေဒင် မဟောချင်ပါဘူးကွာ။နင့် ဘသစ်က နောက်ကနေ မှန်ဘောင် လုပ်နေပါ့မယ်။ဟီး ဟီး။
No comments:
Post a Comment