Thursday, February 26, 2015

ဗဟုသုတ

အုံတုံဟူသည်
ရှေးယခက်က ဘုရားတည်
ကျောင်းဆောက်ရာ၌ အင်္ဂတေ
ဖျော်စပ်ရာတွင် အုံတုံသည် မပါမရှိ ပါဝင်ရသော ပစ္စ ည်း တစ်မျိုးပင်။
ရွှေတိဂုံဘုရား အင်္ဂတေတွင
ကြစုဧက။ ဒွယတင်လဲ ၊ဆင့်ကဲသုံးဆ၊
ဥသျှစ်မျှလျင်၊ခြောက်ဆကော်ရည်၊ထည့်သည်မှန်လှ၊ဆယ့်နှစ်ဆသား။ယူလအုံတုံ၊ငါးပါးစုံကို၊ရောတုံပြီးမြဲ၊ထုံးနှင့်သဲကို၊မလွဲအမျှ၊ချင့်ပြီးမှလျင်၊ရောထကော်ရည်။ထောင်းသည်လေးခါ၊ညက်ပြီးစွာလျင်။မြတ်စွာရောင်ဟုံ၊ရွှေတိဂုံကို၊တည်တုံအစ၊ပထမ၌၊တည်ကြဘူးလေ။အင်္ဂတေသည် ၊မာထွေနိုင်လှ။
ကျောက်တမျှ၊ ဟုလည်းကောင်း။
ပုဂံခေတ်အင်္ဂတေတွင်
အုံတုံပဉ္စ။ကျွဲကော်ဆ ဥသျှစ်ဇက်ကေး
တင်လဲဒွေး ဟူ၍ တွေ့ရလေရာ အုံတုံသည် အင်္ဂတေစပ်ရာ၌ အရေးပါအရာရောက်သော အပင်တစ်ခုပင်။
ကျနုပ်တို့ငယ်စဉ်က လူတစ်ဦးသေဆုံးလျင် အဆိုပါရပ်ကွက်မှ လူတို့သည် အုံတုံခုတ်သွားကြရသည်။လက်မောင်းလုံးခန့်။ခြေသလုံးခန့် အုံတုံပင်များကို ခုတ်၍ အခေါက်ကို ဓာ့းဖင့်ခြစ်ယူရသည်။ပြီးလျင် သဲဆပ်ပြာရည်ဖြင့် နယ်ရသည်။ထိုသိုနယ်လိုက်လျင် အင်မတန်မှ စီးကပ်လာသည်။ပမာပြုရသော် ကောက်ညှင်းပေါင်းကို မောင်းဆုံတွင် ထည့်ထောင်းထားသကဲ့သို့ပင်။
ပြီလျင် အသုဘအခေါင်း၏အတွင်းဖက် နံရံနှင့်အောက်ခြေကို အဆိုပါ အုံတုံနှင့် တပြင်လုံး လိုက်ကပ်ရသည်။
ပြီးလျင် အသုဘအလောင်းကို ကျွန်းဖက်နှင် ကျပ်စည်း တုပ်နှောင်ကာ ထည့်ရသည်။ပြီးလျင် အပေါ်မှ မီးသွေးဖြင့် ဖုန်းပြီး အပေါ်ဆုံးတွင် နွားချီးမှုန့်ဖြင့် ဖုံးကြရသည်။
ရှေးက အသုဘကို ၅ရက်၇ရက် စသဖြင့် ထားလေ့ရှိသည်။ယခုသော်ကား ဤဓလေ့သည် တစ်ခါတစ်ရံမှသာ ရှိတော့သည့်။အသုဘကို တစ်ရက်နှစ်ရက်အတွင်း ပို့ကြတော့သဖြင့် အုံတုံခုတ်ဟူသော ဝေါဟာရပင် ပျောက်ကွယ်လု နီးနီးပင်။

No comments:

Post a Comment