ကျုပ်လည်း
အိပ်မရတော့ ဟိုဟာပေါ်လာ သည်ဟာပေါ်လာနဲ့ဗျ။ကျုပ်တို့မ်ြန်မာပြည် နိုင်ငံရေးကလည်း ကျုပ် ဖားကန့်နားက နန်းမဖြစ်ရွာနေတုန်းက ရှမ်းမကြီး
သုံးယောက် အော်သလိုသာ အော်လိုက်ချင်တော့တယ်။ကျုပ်ဆယ်တန်းအောင်တော့ တက္ကသိုလ် ကျောင်းစားရိတ်
ရအောင်လို့ ဖားကန့်တက်သွားပြီး ပိုက်ဆံစုတယ်။စပေါ့ချောင်းဖျား
အရေးအခင်းပြီးခါစဆိုတော့ အလုပ်အကိုင်က ရှား ဝင်ငွေကမကောင်းနဲ့။ နန့်မဖြစ်ရွာကနေ
ရှမ်းမကြီးတွေနောက် ကုန်စိမ်းထမ်းပြီး ဖားကန့် လိုက်ပို့ရတယ်။ တစ်ခေါက်မှ ၁၅၀
ပဲရတယ်။စစချင်း တစ်ခေါက်ရလို့ လိုက်သွားပါတယ်
။ညသန်းခေါင်ကျော်လောက်မှာ။ထမ်းစမရှိပဲ ထမ်းတော့ ပခုံးတွေ ပူလာလို့ ညာဘက်ကနေ
ဘယ်ဘက်ပြောင်းလိုက်တာ ဘယ်ဘက်က လက်ပြင်အုံက ဒိုးခွက်က အံချော်ပြီး လွဲသွားရောဗျာ။ ကျုပ်က
နောက်ဆုံးက ဆိုတော့ ကျုပ်နောက်မှာ ဘယ်သူမှ မရှိဘူး။နန့်မဖြစ်ရွာ သင်းချိုင်းကုန်းဘေး။
ကူမယ့်ကယ်မယ့်လူ မရှိနဲ့။ ဒုက္ခရောက်ပုံများဗျာ။ကျုပ် ရုန်းကန်ခဲ့ရတာတွေ
ပြန်ပြန်တွေးမိရင် မျက်ရည်တောင် ကျချင်ရဲ့။အဲဒီ နန့်မဖြစ် သင်းချိုင်းကုန်း ကျော်ရင်
ဖားအီတောက်ဆိုတဲ့ တောင်နားရောက်တယ်။တောင်ခြေမှာ ရေချောင်းလေး ဖြတ်ဖို့ရာ
သစ်တုံးကြီး ကန့်လန့်ဖြတ် ချထားတယ်။တစ်မနက်မှာ မိုးကလည်းရွာထားတော့
ချောနေတာ။နန့်မဖြစ်က ရှမ်းမကြီး ၃ ယောက် အထမ်းတွေနဲ့ တုံးပေါ်က ဖြတ်အလျောက်
တစ်ယောက်က ချော်ကြရော။ကျတဲ့လူက ဆွဲမိဆွဲရာ ဆွဲတော့ သူ့အဖော်၂ယောက်ပါ ဆွဲမိပြီး ၃
ယောက်လုံး ရေချောင်းထဲ ပြုတ်ကြပါလေရော။အဲဒါ သုံးယောက်သား ရေချောင်းးထဲကနေ တုံးကြီး
ဖက်ပြီး ကယ်အုန်းကြပါ ကယ်အုံးကြပါ တဲ့။ဗမာစကားက ကောင်းကောင်းမတတ်တော့
ကယ်ကြပါဦးလို့ မအော်ပဲ ကယ်အုန်းကြပါ ကယ်အုန်းကြပါ တဲ့။
No comments:
Post a Comment