Monday, February 2, 2015

ပြုံးတော်မူ (၂၉)

ကျုပ်မှာ ဆယ်တန်းအောင်ပြီးတော့ မိုးကောင်းမြို့မှာ ၂နှစ်လောက် လက်သမား လုပ်နေခဲ့ရသေးတယ်။လက်သမားလုပ်ပေးတဲ့အိမ်က
ရှမ်းနီ ကလေးတွေကို ညပိုင်း အင်္ဂလိပ်စာ သင်ပေးရင် ညနည်းနည်း မိုးချုပ်လာပြီဆို အဲဒီကလေးတွေက ခနွမ်း မံရောက် ခနွမ်း မံရောက် တဲ့။တစ်ယောက်ကလည်း ခ နီးရောက် မလိုက်ရား တဲ့။ကျုပ်လည်း အဲဒီတုန်းက ရှမ်းစကား နားမလည်ဘူးဗျ။နောက်ပိုင်းကြတော့ သူတို့ ကျုပ်ကို အတင်းမတုတ်ရဲတော့ဘူး။တော်တော်နားလယ်လာတယ်။အခုတော့ အကုန် မေ့သွားပြီ။ဒါနဲ့ သူတို့အဖေအမေတွေ လာရင် ပြောရတာပေါ့။ခင်ဗျားတို့ ကလေးတွေက ကျုပ်ကို မိုးချုပ်ရင် အဲဒီလို ပြောတယ် ဆိုတော့ ရီကြတယ်။ဘာအဓိပ္ပါယ်လဲ မေးတော့ အိပ်ချင်လာပြီ။ပျင်းလို့လည်း မနေရဘူး တဲ့။ကောင်းရောဗျား။မိုးကောင်းက ကချင်ပြည်နယ်သာဆိုတယ် ရှမ်းတွေချီးပဲဗျ။ရှမ်းနီတွေ ရှမ်းကြီးတွေ မိုးကောင်း မိုးညှင်း ဖားကန့် လုံးခင်း ကန်စီး လုံးတုံ ဟိုပင် ကားမိုင်း အကုန်ရှမ်းနာမည်တွေချီးပဲ။ကချင်တောင် ရှမ်းလောက် မရှိဘူး။ရှမ်းနီတွေ များတာပေါ့။ တစ်ရက်မှာ ရှမ်းမကြီး ၃ယောက် ရထားစီးလာကြတယ်တဲ့။ ရှမ်းနီမကြီးတွေပေါ့။ ဘူတာ ရောက်တော့ ဆင်းမလို့ ပြင်နေတုန်း ရထားဘေးက အော်သံကြားလိုက်ရတာ။မလိုင်လုံး တလုံးတမတ် မလိုင်လုံး တလုံးတမတ် တဲ့။ အဲဒီမှာတင် ရှမ်းမကြီးတွေက မဆင်းရဘူးတဲ့။ကြိုးနဲ့တုပ်မယ် တဲ့။ခက်ပြီတော့ ဆိုပြီး ရထားပေါ်က မဆင်းရဲလို့ နောက်ဘူတာထိ ဆက်စီး သွားရသတဲ့။မလိုင်လုံး လိုက်ရောင်းတဲ့ ကောင်လေးက မလိုင်လုံး တစ်လုံးတစ်မတ် လို့ အော်တာ ရှမ်းနီစကားက မဆင်းရဘူး။ကြိုးနဲ့

တုပ်မယ် လို့ အဓိပ္ပာယ်ရသတဲ့လေ။

No comments:

Post a Comment