သူတို့လင်မယားက ရွာမှာမနေပဲ စည်ပတုန်းချောင်းမြောက်ဘက်က တောထဲမှာပဲ နွေမိုးဆောင်း နေကြတယ်။တစ်နေ့တော့ ဒေါ်မိရင်က အင်ဥတွေ ပေါက်တယ်ဆိုလို့ အင်ဥရှာ ထွက်လာတယ်။ဝေးဝေးသွားရှာစရာ မလိုပါဘူး။သူ့ယာတော မြောက်ဘက်တောထဲ ထွက်ရှာရုံပါပဲ။ဒါပေမယ့် အင်ဥတို့ မှိုတို့ ရှာတယ်ဆိုတာ အင်ပင်တွေအောက် ခြုံပုတ်တွေအောက် တငုံ့စိုက်စိုက် လိုက်ရှာရတာဆိုတော့ မျက်စိအင်မတန် လည်တတ်တာကိုး။ဒေါ်မိရင်လည်း အင်ဥတွေက တော်တော်တွေ့တော့ လောဘဇောနဲ့ ခေါင်းတငုံ့ငုံ့နဲ့ ရှာလိုက်တာ မျက်စိလည်သွားပါလေရောဗျိုး။ဒါနဲ
Thursday, June 26, 2014
ပြုံးတော်မူ(၂၂)
အခုလို မိုးရာသီ ဈေးထဲက အင်ဥတွေမြင်တော့ ကန်ကလေးကုန်းရွာက ဦးညိမ်းနဲ့ သူ့အမျိုးသမီး ဒေါ်မိရင်ကို သွားသတိယမိတယ်။
သူတို့လင်မယားက ရွာမှာမနေပဲ စည်ပတုန်းချောင်းမြောက်ဘက်က တောထဲမှာပဲ နွေမိုးဆောင်း နေကြတယ်။တစ်နေ့တော့ ဒေါ်မိရင်က အင်ဥတွေ ပေါက်တယ်ဆိုလို့ အင်ဥရှာ ထွက်လာတယ်။ဝေးဝေးသွားရှာစရာ မလိုပါဘူး။သူ့ယာတော မြောက်ဘက်တောထဲ ထွက်ရှာရုံပါပဲ။ဒါပေမယ့် အင်ဥတို့ မှိုတို့ ရှာတယ်ဆိုတာ အင်ပင်တွေအောက် ခြုံပုတ်တွေအောက် တငုံ့စိုက်စိုက် လိုက်ရှာရတာဆိုတော့ မျက်စိအင်မတန် လည်တတ်တာကိုး။ဒေါ်မိရင်လည်း အင်ဥတွေက တော်တော်တွေ့တော့ လောဘဇောနဲ့ ခေါင်းတငုံ့ငုံ့နဲ့ ရှာလိုက်တာ မျက်စိလည်သွားပါလေရောဗျိုး။ဒါနဲ့  ရမ်းသန်းပြီး လာလိုက်တာ သူ့တဲနား ရောက်သွားရောဗျား။သူ့ယောက်ျား ဦးညိမ်းက တဲထဲမှာ လျှော်သပ်နေတာ။ဒေါ်မိရင်ကလည်း သူ့တဲနား သူပြန်ရောက်နေတာကို မျက်စိလည်က မပြေဘူး။ဒါနဲ့ ဟိုတဲထဲက လူကြီးကို လမ်းမေးပြီးပြန်မှပဲဆိုပြီး သူ့ယောက်ျားကြီးကို ဗျိုး ဦးလေးကြီး ကန်ကလေးကုန်းက ဦးညိမ်းတောက ဘယ်ကနေ သွားရတာတုံး တဲ့။ဦးညိမ်းကလည်း မိန်းမလုပ်တဲသူက သူ့ကို ဦးလေးကြီးလာခေါ် တဲနားပြန်ရောက်နေတာကို လမ်းမေးတော့ ဒေါသထွက်ထွက်နဲ့ ဟဲ့ သေနာမကြီး အဲဒီလမ်းအတိုင်း ဆင်းသွားဟဲ့ တဲ့။ ဒါလည်း ဒေါ်မိရင် သူ့ယောက်ျားအသံကို မမှတ်မိသေးဘူး။သူပြောတဲ့ လမ်းအတိုင်း ဆင်းသွားလိုက်တယ်။ချောင်းထဲရောက်တော့မှ ဒီလမ်းကလည်း ငါ့တောသွားတဲ့လမ်းနဲ့တူလိုက်တာ ဒီရေတွင်းကလည်း ငါ့ရေတွင်းနဲ့တူလိုက်တာဆိုပြီး လမ်းအတိုင်းပြန်တက်လာမှ သူ့တဲသူ ပြန်မှတ်မိသတဲ့။မျက်စိလည်ပုံများတော့ သူ့ယောက်ျားသူတောင် မမှတ်မိဘူးတဲ့လေ။
သူတို့လင်မယားက ရွာမှာမနေပဲ စည်ပတုန်းချောင်းမြောက်ဘက်က တောထဲမှာပဲ နွေမိုးဆောင်း နေကြတယ်။တစ်နေ့တော့ ဒေါ်မိရင်က အင်ဥတွေ ပေါက်တယ်ဆိုလို့ အင်ဥရှာ ထွက်လာတယ်။ဝေးဝေးသွားရှာစရာ မလိုပါဘူး။သူ့ယာတော မြောက်ဘက်တောထဲ ထွက်ရှာရုံပါပဲ။ဒါပေမယ့် အင်ဥတို့ မှိုတို့ ရှာတယ်ဆိုတာ အင်ပင်တွေအောက် ခြုံပုတ်တွေအောက် တငုံ့စိုက်စိုက် လိုက်ရှာရတာဆိုတော့ မျက်စိအင်မတန် လည်တတ်တာကိုး။ဒေါ်မိရင်လည်း အင်ဥတွေက တော်တော်တွေ့တော့ လောဘဇောနဲ့ ခေါင်းတငုံ့ငုံ့နဲ့ ရှာလိုက်တာ မျက်စိလည်သွားပါလေရောဗျိုး။ဒါနဲ
Labels:
Humour
Subscribe to:
Post Comments (Atom)
No comments:
Post a Comment