Thursday, June 12, 2014

ဇီးပေါက်ရွာ သူကြီး အရိုးဆက်စာရင်း

ဇီးပေါက်ရွာ၏ သူကြီးအရိုးဆက်စာရင်း


ဇီးပေါက်ရွာ  ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းပုရပိုက်များထဲမှ ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်းကို ကံအားလျော်စွာ ရှာဖွေတွေ့ရှိခဲ့လေ၏။ ဤပုရပိုက်များမှာ ဘုန်းတော်ကြီး ဦးက၀ိ၏ ကောင်းမှုကြောင့် မီးရှို့မခံရပဲ အကောင်းပကတိ ကျန်ရစ်လေ၏။ပုရပိုက်များ၏ မူလတည်ရှိရာအရပ်မှာ ကန်များကျောင်း ဖြစ်၏။အဆိုပါ ကျောင်းသီတင်းသုံးခဲ့ဖူးသော  ဆရာတော် ဦးသီလ၀ံသသည် သစ်ရာပင်ရွာသစ်ရွာသို့ ပြောင်းရွှေ့ကျောင်းထိုင်တော်မူရာ မိမိမြတ်နိုးသော ပုရပိုက်များကိုပါ ယူဆောင်လာပြီး ကန်ကလေးကုန်းရွာရှိ ဆရာတော်၏မိဘများထံထားရှိခဲ့လေသည်၎င်းပုရပိုက်များကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြရာ ဥိးဖိုးခို၊ထိုမှတဆင့် သားဖြစ်သူ ဦးတိုက်ဦးက ဆက်လက်သိမ်းဆည်းထားရာ အိမ်ထဲတွင် အမှိုက်ရှုပ်သည်ဆိုပြီး  မီးရှိုပစ်ရန် စီစဉ်နေစဉ် ဘုန်းတော်ကြီး ဦးက၀ိနှင့် တွေ့ပြီး  ဦးက၀ိမှ ပုရပိုက်များကို သူ၏ကျောင်းသို့ ယူဆောင်ကာ သိမ်းဆည်းထား၍သာ ကျွန်ုပ်တို့တစ်တွေလည်း ဖတ်ရှုခွင့် ရကြပေတော့သည်။ကျေးဇူးကြီးလှပေ၏။ဤပုရပိုက်များသည် သမိုင်းအမွေအနှစ်များ ဖြစ်၍ လွန်စွာမှပင် တန်ဖိုးကြီးလှပေသည်။

အဆိုပါပုရပိုက်များထဲမှ ကောင်းနိုးရာရာ ပုရပိုက်များကို ဆရာတော် ဦးသီလ၀ံသထံမှ သရက်ခါးကျေးရွာ  ဘုန်းတော်ကြီးကလည်း ယူဆောင်သွားကြောင်း သိရှိရသဖြင့် သရက်ခါးကျောင်းသို့ လိုက်လံစုံစမ်းရာ အဆိုပါ ဘုန်းတော်ကြီးကျောင်း၍လည်း အနည်းငယ်သာ ကျန်ရှိတော့လေ၏။အဆိုပါ ဘုန်းတော်ကြီးကျောင်းမှတဆင့် မရမ္မိကျောင်း။သရက်ရင်းကျောင်းသို့ ဆက်လက်ရှာဖွေရာ မရမ္မိကျောင်း ဆရာတော်မှ မြေခုရွာ ဘုန်းတော်ကြီးကျောင်း၌ မြောက်မြားစွာရှိကြောင်း သိရှိရသဖြင့် အတော်ကလေး ၀မ်းမြောက်မိ၏။သို့သော်ငြားလည်း သရက်ရင်းကျောင်းသို့ ရောက်သော် ဘုန်းတော်ကြီးက အမိန့်ရှိသည်မှာ မြေခုရွာဘုန်းတော်ကြီးကျောင်း၌ရှိခဲ့သော  ပုရပိုက်များမှာ ဘုန်းတော်ကြီးမှ အမှိုက်ရှုပ်သည်ဆိုကာ အားလုံးကို မီးရှို့ပစ်လိုက်ပြီး ကြွင်းကျန်ရစ်သော ပြာများကို ဘုရားတွင် ဌာပနာပစ်လိုက်သည် ဆိုသဖြင့် ကျွန်ုပ်တို့လည်း ခဲလေသမျှ သဲရေကျ ဆိုသကဲ့သို့ပင်။

သို့နှင့် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းလာရောက်ဖတ်ခဲ့ဖူးသည်ဟုဆိုသော  မြန်မာဘုရင် လက်ထက်တော်အခါက ရွှေအလယ်ကြောင်းဆိုင်ရာ သမိုင်းအမွေအနှစ် ပုရပိုက်မှတ်တမ်းများလည်း နိဌိတံ သွားချေတော့၏။သမိုင်း၏အမွေအနှစ်များဖြစ်၍ နှမြေတသ ဖြစ်ရချေတော့၏။ဝမ်းနည်းဖွယ်ရာပင်။

ဇီးပေါက်ရွာ  ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းပုရပိုက်များအဆိုအရ ရွှေအလယ်ကြောင်းတွင် ရွှေကျင် ၁၃ရွာ ရှိခဲ့လေရာ မြေခုရွာမှာ ရွှေကျင် ၁၃ရွာ၏ခရိုင်စီရင်စု အကြီးအကဲ ဖြစ်လေ၏။ရွှေမှူးနှင့် မြေခုရွာ သူကြီးတို့်သည် ရွှေအလယ်ကြောင်း၏ အဓိကကျသော ပုဂ္ဂိုလ်များပင် ဖြစ်လေ၏။ထို့ကြောင့် မြေခုရွာဘုန်းတော်ကြီးကျောင်း၌ရှိခဲ့သော  ပုရပိုက်များမှာ မည်သည့်နည်းနှင့်မဆို ရွှေကျင် ၁၃ရွာသမိုင်းအတွက် ပိုမို အသုံးဝင် အဖိုးတန်မည်မှာ မလွဲချေ။ရှေးဟောင်းသုတေသီတို့ အရောက်အပေါက်နည်းခြင်း၊ယခင်က သွားရေးလာရေး ခက်ခဲခြင်း၊ဒေသခံပုဂ္ဂိုလ်တို့ အကြားအမြင် ဗဟုသုတနည်းပါးခြင်း စသည့် အကြောင်းကြောင်းတို့ကြောင့် သမိုင်း၏အဖိုးတန်အမွေအနှစ်များလည်း   မီးရှို့ဖျက်ဆီးခြင်းကို ခံရလေတော့သည်။ ၀မ်းနည်းဖွယ်ရာပင်။

ဆိုခဲ့သည့်အတိုင်း ဇီးပေါက်ရွာ  ဘုန်းတော်ကြီးကျောင်းမှ တွေ့ရှိခဲ့သော  ရှေးဟောင်းပုရပိုက်များထဲမှ ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်းကို ဖော်ပြထားလေသည့် ပရပိုက်တစ်ခုကို တွေ့ရှိရလေသည်။အဆိုပါ အရိုးဆက်စာရင်းကို ပုရပိုက် မုရင်းအတိုင်း ဖော်ပြရသော်
ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်း


သူကြီး ဘိုးးကော်လှ
သူကြီး သား ဘိုးဘု
ညီ ဘိုတင်
ဘိုတင်
သား ဘိုးလှောံ
သား မောင်ထွန်းဝ
၁မ
၁မ
၁မ
သူကြီး ဘိုးဘု
သား သူကြီး ဘိုးရွ
------------------------------------------------------
မယား ရှင်ဝက်
သမီး ရှင်ဘဲ
လင် မောင်ကျွယ်ဝ
သား မောင်ရန်နု
အကို မောင်ရန်နိုင်




------------------------------------------------------
ဦးရွ
နှမ ရှင်မြိုင် သား ငထွဋ်
ညီမ လှိုင်
လင် မောင်ကူ သား------







ဦးရွှေဇ
သား မောင်ကူ
မယား ရှင်လှိုင်

          
          လင် မောင်ကူ သား ဆိုသည့်နောက်တွင် ပုရပိုက်မှာ ပျက်စီးနေ၍ ဖတ်မရတော့ချေ။ထိုနေရာမှာ ဦးဘိုးသန်း ဟူ၍များ ဖြစ်လေမလား မဆိုသာချေ။ဇီးပေါက်ရွာ သူကြီးများထဲတွင် ဦးဘိုးသန်းကို တွေ့ရလေရာ ဖြစ်နိုင်ချေ ရှိပေ၏။ အခြားပုရပိုက်တစ်ခုတွင် သူကြီး ငရန်နု ညီငဘိုးသန်း ဟု ဆိုထားသဖြင့် ဦးရန်နုနှင့် ဦးဘိုးသန်းမှာ ညီအကို တော်သည်ဟု သိရပေသည်။(ဆက်ရန်)

No comments:

Post a Comment