သူတို့လင်မယားက ရွာမှာမနေပဲ စည်ပတုန်းချောင်းမြောက်ဘက်က တောထဲမှာပဲ နွေမိုးဆောင်း နေကြတယ်။တစ်နေ့တော့ ဒေါ်မိရင်က အင်ဥတွေ ပေါက်တယ်ဆိုလို့ အင်ဥရှာ ထွက်လာတယ်။ဝေးဝေးသွားရှာစရာ မလိုပါဘူး။သူ့ယာတော မြောက်ဘက်တောထဲ ထွက်ရှာရုံပါပဲ။ဒါပေမယ့် အင်ဥတို့ မှိုတို့ ရှာတယ်ဆိုတာ အင်ပင်တွေအောက် ခြုံပုတ်တွေအောက် တငုံ့စိုက်စိုက် လိုက်ရှာရတာဆိုတော့ မျက်စိအင်မတန် လည်တတ်တာကိုး။ဒေါ်မိရင်လည်း အင်ဥတွေက တော်တော်တွေ့တော့ လောဘဇောနဲ့ ခေါင်းတငုံ့ငုံ့နဲ့ ရှာလိုက်တာ မျက်စိလည်သွားပါလေရောဗျိုး။ဒါနဲ
Thursday, June 26, 2014
ပြုံးတော်မူ(၂၂)
အခုလို မိုးရာသီ ဈေးထဲက အင်ဥတွေမြင်တော့ ကန်ကလေးကုန်းရွာက ဦးညိမ်းနဲ့ သူ့အမျိုးသမီး ဒေါ်မိရင်ကို သွားသတိယမိတယ်။
သူတို့လင်မယားက ရွာမှာမနေပဲ စည်ပတုန်းချောင်းမြောက်ဘက်က တောထဲမှာပဲ နွေမိုးဆောင်း နေကြတယ်။တစ်နေ့တော့ ဒေါ်မိရင်က အင်ဥတွေ ပေါက်တယ်ဆိုလို့ အင်ဥရှာ ထွက်လာတယ်။ဝေးဝေးသွားရှာစရာ မလိုပါဘူး။သူ့ယာတော မြောက်ဘက်တောထဲ ထွက်ရှာရုံပါပဲ။ဒါပေမယ့် အင်ဥတို့ မှိုတို့ ရှာတယ်ဆိုတာ အင်ပင်တွေအောက် ခြုံပုတ်တွေအောက် တငုံ့စိုက်စိုက် လိုက်ရှာရတာဆိုတော့ မျက်စိအင်မတန် လည်တတ်တာကိုး။ဒေါ်မိရင်လည်း အင်ဥတွေက တော်တော်တွေ့တော့ လောဘဇောနဲ့ ခေါင်းတငုံ့ငုံ့နဲ့ ရှာလိုက်တာ မျက်စိလည်သွားပါလေရောဗျိုး။ဒါနဲ့  ရမ်းသန်းပြီး လာလိုက်တာ သူ့တဲနား ရောက်သွားရောဗျား။သူ့ယောက်ျား ဦးညိမ်းက တဲထဲမှာ လျှော်သပ်နေတာ။ဒေါ်မိရင်ကလည်း သူ့တဲနား သူပြန်ရောက်နေတာကို မျက်စိလည်က မပြေဘူး။ဒါနဲ့ ဟိုတဲထဲက လူကြီးကို လမ်းမေးပြီးပြန်မှပဲဆိုပြီး သူ့ယောက်ျားကြီးကို ဗျိုး ဦးလေးကြီး ကန်ကလေးကုန်းက ဦးညိမ်းတောက ဘယ်ကနေ သွားရတာတုံး တဲ့။ဦးညိမ်းကလည်း မိန်းမလုပ်တဲသူက သူ့ကို ဦးလေးကြီးလာခေါ် တဲနားပြန်ရောက်နေတာကို လမ်းမေးတော့ ဒေါသထွက်ထွက်နဲ့ ဟဲ့ သေနာမကြီး အဲဒီလမ်းအတိုင်း ဆင်းသွားဟဲ့ တဲ့။ ဒါလည်း ဒေါ်မိရင် သူ့ယောက်ျားအသံကို မမှတ်မိသေးဘူး။သူပြောတဲ့ လမ်းအတိုင်း ဆင်းသွားလိုက်တယ်။ချောင်းထဲရောက်တော့မှ ဒီလမ်းကလည်း ငါ့တောသွားတဲ့လမ်းနဲ့တူလိုက်တာ ဒီရေတွင်းကလည်း ငါ့ရေတွင်းနဲ့တူလိုက်တာဆိုပြီး လမ်းအတိုင်းပြန်တက်လာမှ သူ့တဲသူ ပြန်မှတ်မိသတဲ့။မျက်စိလည်ပုံများတော့ သူ့ယောက်ျားသူတောင် မမှတ်မိဘူးတဲ့လေ။
သူတို့လင်မယားက ရွာမှာမနေပဲ စည်ပတုန်းချောင်းမြောက်ဘက်က တောထဲမှာပဲ နွေမိုးဆောင်း နေကြတယ်။တစ်နေ့တော့ ဒေါ်မိရင်က အင်ဥတွေ ပေါက်တယ်ဆိုလို့ အင်ဥရှာ ထွက်လာတယ်။ဝေးဝေးသွားရှာစရာ မလိုပါဘူး။သူ့ယာတော မြောက်ဘက်တောထဲ ထွက်ရှာရုံပါပဲ။ဒါပေမယ့် အင်ဥတို့ မှိုတို့ ရှာတယ်ဆိုတာ အင်ပင်တွေအောက် ခြုံပုတ်တွေအောက် တငုံ့စိုက်စိုက် လိုက်ရှာရတာဆိုတော့ မျက်စိအင်မတန် လည်တတ်တာကိုး။ဒေါ်မိရင်လည်း အင်ဥတွေက တော်တော်တွေ့တော့ လောဘဇောနဲ့ ခေါင်းတငုံ့ငုံ့နဲ့ ရှာလိုက်တာ မျက်စိလည်သွားပါလေရောဗျိုး။ဒါနဲ
Thursday, June 12, 2014
ဇီးပေါက်ရွာ ကျောင်းထိုင်ဘုန်းကြီးများ
ဦးကေသရလူထွက်ပြီးနောက် ၁၃၀၉ခုနှစ်တွင် ဦးပညောဘာသသည် ဇီးပေါက်ရွာကျောင်း၏
စတုတ္ထမြောက် ကျောင်းထိုင်ဆရာတော် ဖြစ်လာ၏။ဦးပညောဘာသ၏ငယ်မည်မှာ မောင်သက်ပြန် ဟုခေါ်လေ၏။
ငယ်စဉ်က သေပြီအထင်နှင့်အသုဘချကြရာ မြေကြီးထြဲမြှုပ်ခါနီး၌ နောက်ဆုံးအကြိမ် ခေါင်းကို
ဖွင့်ကြည့်ကြရာ မျက်လုံးများ ဖွင့်၍ ကြည့်နေသဖြင့် မသေသေးမှန်းသိကာ
ရွာသို့ ပြန်သယ်လာခဲ့ကြပြီး နောက်ပိုင်းတွင် ကိုရင် ၀တ်ပေးလိုက်ကြသည်။ဦးပညောမှာ စာသိပ်မတတ်ဟု
ဆိုကြ၏။သို့သော် ဦးပညောခေါ် ဖိုးပြင်ချောမှာ
ရွာကိုလည်း ဒုက္ခမပေးဟု ဆို၏။အနှီ ဖိုးပြင်ချောသည် ကျောင်းမိုးမလုံ၍လည်း ရွာကို အမိုးပြင်ပေးဖို့
မခိုင်းဟုဆို၏။ ဤဘက်မှာ မိုးယိုလျှုင် ဟိုဘက်ပြောင်း၍ ကျိန်းစက်၏။သည်ဘက်မှာ မိုးယိုလျှင်
ဟိုဘက်မှာ ပြောင်း၍ နေသည်ဟုဆို၏။ ဆွမ်းဟင်း
မကောင်း၍လည်း မငြီးငြူ။ရွာထဲ၌ ဟင်းပေါ်သည်ဆိုလျှင် သူ့ကျောင်းသားများ စားရန် ၀ယ်ချက်ပေးလေ့ရှိသည်
ဟု ဆို၏။ထန်းရည်ခါးလည်း အတော်ကြိုက်ရှာသည်ဟုဆို၏။ရွာထဲမှ ဦးတင်မောင်နှင့်ကား အတော်ကလေး
ခင်မင် ရင်းနှီးသည်။(ဦးတင်မောင်ကား ဦးရွှေလွန်၏ သားအကြီးဆုံး ဖြစ်၏။ငယ်စဉ်က သားအဖနှစ်ယောက်
စကားများကြရာ မင်းသေလည်းငါမလာဘူး။ငါသေလည်း မင်းမလာနှင့် ဟု ခွန်းကြီးခွန်းငယ် စကား
များကြသည်ကိုသာ မှတ်မိတော့၏။ ဥိးတင်မောင်ကား ဦးရွှေလွန်၏အရင် သေသွား၏။)အနှီ ဦးတင်မောင်ကား
ညနေကြလျှင် ဦးပျင်ချောရှိရာသို့ ရောက်လာပြီး ကိုယ်တော် လန်ကျက် ဟု ဆိုလျှင် ဖိုးပျင်ချောမှ
ဖယောက်အား ဟု ပြန်၍ ဆို၏။သူတို့ အထာနှင့် သူတို့ပင်။ တစ်ယောက်က လက်ကျန်ချမယ်ဟု ဆို၏။တစ်ယောက်က ဘုရားအောက်မှာ ဟု
ဖြေ၏။ ဖိုးပျင်ချောသည်
၁၃၃၂ခုတွင် သက်တော် ၅၁နှစ် ပျံလွန်တော်မူ၏။(ဖိုးမြတင်ထက် တစ်နှစ်ငယ်သည်ဟု ဆို၏။ဖိုးမြတင်ကား
၁၂၇၉တွင် ဖွားမြင်၏။) ရွာဘုန်းကြီးကျောင်း၌ ဖိုးပျင်ချောတစ်ပါးသာလျှင်အနှစ် (၂၀)ကျော်အောင်
ကျောင်းထိုင်ဖူးချေ၏။ ကျန်ဘုန်းတော်ကြီးများအနက်
ဖိုးနန္ဒိယ ၁၆နှစ် ထိုင်သည်မှ လွဲ၍ ၁၂နှစ်ကျော်အောင်
ကျောင်းထိုင်ဖူးသည်မရှိချေ။ ကျောင်းရေတွင်းခန်းမှ ဘုန်းကြီးမြဲတော့မည်ဟု အဆိုတော့ ရှိလေ၏။ယခု
ရေတွင်းကို မသုံးကြတော့ချေ။သို့သော် ဘုန်းကြီးကား မမြဲချေတကား။
ပျံလွန်တော်မမူမီ
ကျွန်ုပ်၏ ဦးလေးဖြစ်သူ ဦးသာဂရမှ သွားရောက်
လည်ပတ်ဝတ်ဖြည့်ရာ ဖိုးပညောမှ မောင်သာဂရ မင်း ကျောင်းမထိုင် သေးဘူးလား ဟု မေးသည်။မောင်သာဂရမှ
ဘယ်ကျောင်းထိုင်ရမှာလဲ။ ကိုယ်တော့်ကျောင်း ပေးမှာလား ဟု မေးမြန်းမိသည် ဆို၏။ ဖိုးပညောမှ မင်းထိုင်ချင်ရင် ရပါတယ် ဟုဆို၏။စကားထိပ် နိမိတ် ဟုဆိုသည့်အတိုင်း ဖိုးပညောလည်း
ထိုနှစ်မှာပင် ပျံတော်မူလေ၏။ဤအကြောင်းကို ဦးလေးမှ စကားစပ်မိတိုင်း ကျွှန်ုပ်အား ခဏခဏ
ပြောပြဖူးလေ၏။ ဖိုးပျင်ချော ပျံတော်မူလျှင်
ဖိုးကျောက်တင်တို့ ရင်ခွဲ၍ မီးကင်ကြရာ မူးမူးနှင့် မီးကင်ကြသည့်အတွက် အလောင်းမှာ မီးလောင်
သွားသဖြင့် အတော်ကြာအောင် မီးသတ်ရသည် ဆို၏၊ရွာနှင့်လည်း အတော်ကလေး စကားများကြသည်ဟုဆိုသည်။(ရွာရပ်တို့၏ဓလေ့သည်
မကောင်းချေ။ဘုန်းကြီးပဲ သေပြီးလျှင် သင်္ဂြိုဟ် ရန်သာ ရှိသည်။သို့သော် ဘုန်းကြီးပျံပွဲ
ကျင်းပရန် ဘုန်းကြီးအလောင်းကို လေးငါးခြောက်လ သိမ်းထားကြခြင်းသည် မကောင်းချေ။ကျန်းမာရေး
ရှုထောင့်မှ ကြည့်လျင် ပို၍ပင် အဆင်မပြေလှချေ။သို့ဖြစ်၍ ဤစံနစ်ကို ပြုပြင် သင့်လှပေ၏။)
ဘုန်းကြီးပျံ မကျင်းပမီ ဘုန်းကြီးအလောင်းခေါင်းကို အနောက်ဘက် ဇရပ်ပေါ်၌ ထားကြသည်ဆို၏။ယခုကား
အဆိုပါ ဇရပ်သည်လည်းကောင်း၊ အရှေ့ဘက် ဇရပ်သည်လည်းကောင်း မရှိတော့ချေ။
ဦးပျင်ချော၏ အနွယ်များ မှာ
ဤသို့တည်း။
ဦးဖိုးရိတ် (ရွာသစ်)
ဦးဖိုးရင်(ရွာသစ်ကုန်း)
မစိန်ရင်+ဦးလှဘော်
ဦးဖိုးရှင်+မစောရင်
မစိန်တင်+ဦးဖုန်းငို
ဦးသက်ပြန်(ဦးပညောဘာသ)
ဦးဖိုးရှင်+မစောရင် -------ဦးတင်ရှောင်၊ဦးတင်အောင်
မစိန်တင်+ဦးဖုန်းငို ------ဦးဖဲမောင်၊ဦးငွေမောင်း၊ဦးငွေသောင်း၊မဂွက်တော်၊မလုံး၊မပြုံး။ (ဆက်ရန်)
ဇီးေါက်ရွာ ကျောင်းထိုင်ဘုန်းကြီးများ
ဇီးေါက်ရွာ ကျောင်းထိုင်ဘုန်းကြီးများ
ဇီးပေါက်ရွာ
ဘုန်းတော်ကြီးကျောင်း၏ ပထမဦးဆုံး ကျောင်းထိုင်ဆရာတော်မှာ ဦးဖိုးနွယ်ခေါ် ဆရာတော် ဖိုးနန္ဒိယပင်ဖြစ်သည်။ဖိုးနန္ဒိယသည်
ဦးချစ်ပေါ ရှစ်နှစ်သား အရွယ်တွင် တောရကျောင်းမှ မောင်ချစ်ပေါ စသည့် ကျောင်းသား သူငယ်များဖြင့်
ထွက်ခွါလာခဲ့ကာ ဇီးပေါက်ရွာကျောင်းသို့ စတင် ကျောင်းထိုင်ခဲ့သည်။
ဦးချစ်ပေါမှာ
ရွာထဲမှ ဒေါ်ပွဲမှီနှင့် အိမ်ထောင်ကျသည်။ဦးချစ်ပေါသည် ဒေါ်ပွဲမှီထက် အသက်(၂)နှစ်ကြီးသည်ဟု
သူတို့ သမီးကြီး ဒေါ်ခင် ပြောပြသဖြင့် သိရှိရသည်။ဒေါ်ပွဲမှီမှာ သက္ကရာဇ် ၁၂၆၈ခုနှစ်တွင်
ပျံလွန်တော်မူသော ဦးဥက္ကံသခေါ် ဘုန်းတော်ကြီး ဦးဖိုးသိန်း၏ဘုန်းကြီးပျံပွဲ အမှီ မွေးဖွားသဖြင့်
ပွဲမှီ ဟု အမည်ပေးခဲ့ကြခြင်းဖြစ်သည်။ဦးချစ်ပေါသည် ဒေါ်ပွဲမှီထက် နှစ်နှစ်ကြီးသည်ဆိုသော်
ဦးချစ်ပေါသည် ၁၂၆၆ ခုနှစ်တွင် မွေးလေ၏။ဇီးပေါက်ကျောင်း ဘုန်းကြီးကျောင်းမှာ ဦးချစ်ပေါ
၈နှစ်သားအရွယ်က စတင် တည်ထောင်ခဲ့ထောင်ခဲ့သည်ဟု ဆိုသဖြင့် ကျောင်းစတင်တည်ထောင်သည့်နှစ်မှာ
၁၂၇၄ခုနှစ်ပင်ဖြစ်သည်။
သိုနှင့် ကျွန်ုပ်လည်း ဘုန်းတော်ကြီးကျောင်းအတွင်းရှိ
ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်နိုင်သည့် မှတ်တမ်းမှတ်ရာများ ရှာဖွေကြည့်ရှုနေစဉ်
ကန်ကလေးကုန်းမှ ဦးမြသန်းက ခေါင်းလောင်းပေါ် သွားကြည့်ပါလား၊ ရှိတတ်တာပဲ ဟု ဆိုလေမှ ကျွန်ုပ်လည်း ခေါင်းလောင်းကို
အမှတ်ရတော့၏။သိုနှင့် ငယ်စဉ်က ကြောက်ကြောက်နှင့် ညတိုင်း ထိုးခဲ့ရသော ခေါင်းလောင်းကြီးပေါ်၌
ရှာဖွေ ဖတ်ကြည့်ရာ ၁၂၇၄ ဟူ၍ ရေးထိုးထားလေ၏။ဤသက္ကရာဇ်မှာ ခေါင်းလောင်းကြီး ၀ယ်ယူ လှူဒါန်းသောနှစ်ပင်
ဖြစ်၏။ကျောင်းစတင် တည်ထောင်သည့်နှစ်၌ပင် ၀ယ်ယူလှူဒါန်ခဲ့ကြပြီး နှောင်းလူတို့ အလွယ်တကူ
မှတ်မိနိုင်စေရန် ခုနှစ်သက္ကရာဇ်များ ရေးထိုးထားခဲ့ခြင်းဖြစ်မည်။ခေါင်းလောင်းစာများမှာ
များသောအားဖြင့် အလှူရှင်နှင့် လှူဒါန်းသည့်နှစ်တို့ကို ရေးထိုးလေ့ရှိကြသည်။ သို့ဆိုလေသော်
ဦးချစ်ပေါပြောပြသည့် ခုနှစ်နှင့် ခေါင်းလောင်းကြီးက ပြောပြသော သက္ကရာဇ်တို့မှာ အတူတူပင်။သို့ဖြစ်၍
ဇီးပေါက်ရွာဘုန်းတော်ကြီးကျောင်းမှာ ၁၂၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရှိရပေသည်။
ကျွန်ုတို့ငယ်စဉ်က ရွာထဲမှ ဘိုးလှဘော်တို့ ဥပုသ်စောင့်လာလျင်
ပြောပြဖူးသည်မှာ ဘုန်းတော်ကြီးကျောင်းဆောက်သည့်နှစ်မှာ သူမွေးသည့်နှစ်ဟုဆို၏။ဦးလှဘော်ကား
၁၂၇၈ခုနှစ်တွင် မွေးဖွား လေသည်။ကျောင်းဆောက်သည့်နှစ်ဟုဆိုသာ
ဆိုသည်။ကျောင်းစတင် တည်ထောင်သည့်နှစ်ဟု မပြောချေ။ သူပြောသည့်ကျောင်းမှာ ဦးပညောဘာသ
ပျံတော်မူအပြီး ဦးသာဂရ လက်ထက်တွင် ဖျက်ပစ်လိုက်သော ကျောင်းဟောင်းကြီးကို ဆိုချင်ဟန်တူပေသည်။
ဇီးပေါက်ရွာကျောင်း၌ ကျောင်းထိုင်ခဲ့သော
ဆရာတော်များမှာ
၁။ဖိုးနန္ဒိယ(၁၂၇၄-၁၂၉၀)သက်တော်၇၆နှစ်တွင်ပျံလွန်တော်မူသည်။
၂။ဦးသုန္ဒရ(ဦးပြူး)(၁၂၉၁-၁၂၉၈)
၃။ဦးကေသရ (၁၂၉၈-၁၃၀၈)(ဦးမွှေး)
၎။ဦးပညောဘာသ(၁၃၀၉-၁၃၃၂)
၅။ဦးသာဂရ(၁၃၃၂-၁၃၄၄) ၆။ဦးဇနက(၁၃၄၅-၁၃၅၆)
၇။ဦးနန္ဒ၀ံသ(၁၃၅၇-၁၃၆၅)
၈။ဦးက၀ိဓဇ(၁၃၆၆-လက်ရှိ ) တို့ဖြစ်၏။
ဖိုနန္ဒိယခေါ်ဦးဖိုးနွယ်မှာ
ဦးကြိုင် ဦးစိန်ဖေတို့၏ အနွယ်များပင်။ညီအကိုမောင်နှမများမှာ
၁။ဦးထယ် ၂။ဦးနွယ် ၃။ဦးရန်ပြေ ဦး။လွင် ဟူ၍ ဖြစ်၏။
၁။ဦးထယ်+မခန့် ---ဦးထွန်းခိုင်၊ဦးထွန်းမှီ၊ဦးထွန်းပြည့်၊မအေးမှီ။ ၂။ဦးနွယ်(ဖိုးနန္ဒိယ) ၃။ဦးရန်ပြေ+မအေးလှ----ဦးအောင်ပေါ၊မပေါမြ
၎။ဦးလွင်+မမဲချို----ဦးစံလူ၊ဦးစံကျော်၊ဦးချစ်ပေါ၊ဦးစံညွှန်း
တို့ ဖြစ်၏။
ဦးထွန်းပြည့်+မအေးဆော်------ဦးတင်ဦး၊ဦးတင်ထွေး၊ဒေါ်သာချစ်
ဦးထွန်းမှီ+မစံရ------ မအိမ်တင်၊ဦးမြတင်၊ဦးမြရင်၊၊ဒေါ်မြရှင်၊ဒေါ်မြရီ(ရွာသစ်ကုန်း))
ဦေးအာင်ပေါ+မငြိမ်းမြ-------ဦးဘကြွယ်၊မမိလှိုင်၊ဦးဘသင်၊မမိစိန်၊ဦးဘရင်
ဦးအောင်ပေါ+မချစ်ပု(ချွေးတပ်သေ)-------မမိသိန်း၊ဦးသိန်းမောင်၊မမိခွေး ဦးအောင်ပေါ+မရွှေလှ(ချွေးတပ်သေ)--------ဦးစောဖေ
ဦးစံလူ+မမယ်မှီ-------မသက်ညွန့ှ်၊ဦးကျော်စိန်(သေ)၊ဒေါ်တွေး
ဦးစံကျော်+မအေးကောင်း
ဦးချစ်ပေါ+ဒေါ်ပွဲမှီ---ဒေါ်ခင်၊ဒေါ်ခင်လေး၊ဦးကြိုင်၊ဦးစိန်ဖေ၊ဦးလှိုင်(ချပ်သင်း)၊ဒေါ်တင်အေး၊ ဦးစံညွှန်း+မကံသာ---ဦးဖုန်းငို၊ဒေါ်ဖွားဇော်၊ဦးဖုန်းခို၊ဒေါ်အေးငို၊ဒေါ်အေးပျို၊ဦးဖုန်းချို
ဤပုဂ္ဂိုလ်များကား ဆရာတော် ဖိုးနန္ဒိယ၏ အဆက်များပင် ဖြစ်၏။
ဖိုးနန္ဒိယသည် ၁၂၉၀ခုနှစ် တန်ဆောင်မုန်းလဆန်း (၆)ရက်နေ့ ညနေ ၃နာရီ။သက်တော် ၇၆နှစ်တွင်
ပျံလွန်တော်မူသည်။ဇီးပေါက်ရွာဘုန်းတော်ကြီးကျောင်းသမိုင်း၌ ဖိုးနန္ဒိယနှင့် ဦးပညောဘာသနှစ်ပါးသာလျင်
ပျံတော်မူသည်အထိ ကျောင်းထိုင်ခဲ့ကြဖူးလေ၏၊ဖိုးနန္ဒိယ ပျံလွန်တော်မူပြီး နောက်တွင် ဦးဇင်းကြီး
ဦးဖိုးဟန်မှ ကျောင်းစောင့်ရင်း ခေတ္တကျောင်းထိုင်ရသည်။
ဖိုးနန္ဒိယမှပျံလွန်တော်မမူမီ
ရွာသစ်ရွာသို့ သွားရောက်ကျောင်းထိုင်သော ဦးသီလ၀ံသသို့ ပစ်တောင်း(၃)စုံ၊ ဒေါင်းလန်းတစ်ချပ်၊ပန်းကန်၊ ခွက်ယောက်များ ပေးလိုက်သည်ဟု ဆိုသည်။အဆိုပါ ဦးသီလ၀ံသမှာ
ဇီးပေါက်ရွာကျောင်း၌ ကျောင်းထိုင်ရန် ရှိသော်လည်း အများစုက ဦးသုန္ဒရကို ပို၍ နှစ်သက်ကြသောကြောင့်
မန္တလးသို့ ကားနှင့် သွား၍ ပင့်ခဲ့ကြပြီး ဘုန်းတော်ကြီး အပါး(၃၀)ပင့်ကာ ဦးသုန္ဒရကို
ကျောင်းတင်ခဲ့ကြသဖြင့် ဦးသုန္ဒရသည် ဇီးပေါက်ရွာကျောင်း၏ ဒုတိယမြောက် ကျောင်းထိုင်ဆရာတော်ဖြစ်လာသည်။ သို့သော်
ဦးသုနန္ဒရမှာလည်း ရှစ်နှစ်ခန့်သာ ကျောင်းထိုင်ခဲ့ပြီး ၁၂၉၈တွင် လူထွက်၍ ရွာထဲမှ ဒေါ်ဖွားကျော်နှင့်
အိမ်ထောင်ကျသည်။ဦးသုနန္ဒရ၏လူမည်မှာ ဦးပြူးဖြစ်သည်။ဦးပြူးနှင့် ဒေါ်ဖွားကျော်မှ ဦးလှရွှေနှင့်
ဒေါ်တင်ရွှေတို့ကို ဖွားမြင်သည်။ဦးသုန္ဒရမှာ ကန်ကလေးကုန်းရွာဇာတိ ဖြစ်သည်။
ဦးသုန္ဒရလူထွက်ပြီးနောက်
ဦးကေသရသည် တတိယမြောက် ကျောင်းထိုင်ဆဆရာတော်ဖြစ်လာ၏။လူမည်မှာ ဦးမွှေးဖြစ်၏။ဦးကေသရသည်
ကံထူးမမြောက်ကျောင်းသိမ်၌ ရဟန်းဒကာဖိုးရွှေအိုင်(အိုင်လျားရှည်ရွာ)၏ ပစ္စယာနုဂ္ဂဟဖြင့်
ရဟန်းဘ၀ကို ရရှိခဲ့သည်။သို့သော် ဦးကေသရမှာလည်း ရွာထဲမှ သူကြီးဦးဖိုးချစ်၏သမီး အငယ်ဆုံး မရွှေသင့်နှင့် ငြိစွန်းကြပြန်သည်။ရွာထဲမှ
လာရှာသောအခါ ဘုရားကြီးအောက် အုပ်၍၀ှက်ထားသဖြင့် ရှာမတွေ့ကြဟုဆိုသည်။ တစ်ညတွင် ရွာထဲမှ
ဦးဖုန်းငို၊ဦးဖုန်းချို၊ဦးကျောက်တင်တို့မှ ကျောင်းကို ခဲနှင့် ၀ိုင်းပေါက်ကြသဖြင့်
မောင်အေးမောင်၊ မောင်ခင်မောင် စသော ကျောင်းသား သူငယ်လေးများမှာ ကျောင်းမြောက်ဘက် ခြောက်တင်းကျေး
သစ်ဆိမ့်ပင်ကြီး ရှိရာသို့ ထွက်ပြေးကြရသည်ဟုဆို၏။သို့နှင့် ဦးကေသရလည်း ၁၃၀၈ခုနှစ်တွင်
လူဝတ်လဲလိုက်ရကာ ဒေါ်ရွှေသင့်နှင့် အကြောင်းပါ သွားချေတော့၏၊ ဦးမွှေးနှင့်ဒေါ်ရွှေသင့်တို့မှ ဦးအောင်ဌေး၊ဦးကျော်သိန်း၊ဦးကျော်ငြိမ်း ၊ဦးကျော်သန်း၊
မစေညွန့်၊ မစေကွန့် နှင့် မစေပွန့်တို့ကို မွေးဖွားလေ၏။ဦးကေသရမှာလည်း ကန်ကလေးကုန်းရွာဇာတိ
ဖြစ်သည်။(ဆက်ရန်)
ဇီးပေါက်ရွာ သူကြီး အရိုးဆက်စာရင်း
ဇီးပေါက်ရွာ၏
သူကြီးအရိုးဆက်စာရင်း
ဇီးပေါက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းပုရပိုက်များထဲမှ
ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်းကို ကံအားလျော်စွာ ရှာဖွေတွေ့ရှိခဲ့လေ၏။ ဤပုရပိုက်များမှာ
ဘုန်းတော်ကြီး ဦးက၀ိ၏ ကောင်းမှုကြောင့် မီးရှို့မခံရပဲ အကောင်းပကတိ ကျန်ရစ်လေ၏။ပုရပိုက်များ၏
မူလတည်ရှိရာအရပ်မှာ ကန်များကျောင်း ဖြစ်၏။အဆိုပါ ကျောင်း၌ သီတင်းသုံးခဲ့ဖူးသော ဆရာတော်
ဦးသီလ၀ံသသည် သစ်ရာပင်ရွာသစ်ရွာသို့ ပြောင်းရွှေ့ကျောင်းထိုင်တော်မူရာ
မိမိမြတ်နိုးသော ပုရပိုက်များကိုပါ ယူဆောင်လာပြီး ကန်ကလေးကုန်းရွာရှိ ဆရာတော်၏မိဘများထံ၌
ထားရှိခဲ့လေသည်။၎င်းပုရပိုက်များကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြရာ
ဥိးဖိုးခို၊ထိုမှတဆင့် သားဖြစ်သူ ဦးတိုက်ဦးက ဆက်လက်သိမ်းဆည်းထားရာ အိမ်ထဲတွင် အမှိုက်ရှုပ်သည်ဆိုပြီး မီးရှိုပစ်ရန် စီစဉ်နေစဉ် ဘုန်းတော်ကြီး
ဦးက၀ိနှင့် တွေ့ပြီး ဦးက၀ိမှ ပုရပိုက်များကို သူ၏ကျောင်းသို့ ယူဆောင်ကာ သိမ်းဆည်းထား၍သာ
ကျွန်ုပ်တို့တစ်တွေလည်း ဖတ်ရှုခွင့် ရကြပေတော့သည်။ကျေးဇူးကြီးလှပေ၏။ဤပုရပိုက်များသည်
သမိုင်းအမွေအနှစ်များ ဖြစ်၍ လွန်စွာမှပင် တန်ဖိုးကြီးလှပေသည်။
အဆိုပါပုရပိုက်များထဲမှ ကောင်းနိုးရာရာ
ပုရပိုက်များကို ဆရာတော် ဦးသီလ၀ံသထံမှ
သရက်ခါးကျေးရွာ ဘုန်းတော်ကြီးကလည်း
ယူဆောင်သွားကြောင်း သိရှိရသဖြင့် သရက်ခါးကျောင်းသို့ လိုက်လံစုံစမ်းရာ အဆိုပါ
ဘုန်းတော်ကြီးကျောင်း၍လည်း အနည်းငယ်သာ ကျန်ရှိတော့လေ၏။အဆိုပါ
ဘုန်းတော်ကြီးကျောင်းမှတဆင့် မရမ္မိကျောင်း။သရက်ရင်းကျောင်းသို့ ဆက်လက်ရှာဖွေရာ
မရမ္မိကျောင်း ဆရာတော်မှ မြေခုရွာ ဘုန်းတော်ကြီးကျောင်း၌ မြောက်မြားစွာရှိကြောင်း
သိရှိရသဖြင့် အတော်ကလေး ၀မ်းမြောက်မိ၏။သို့သော်ငြားလည်း သရက်ရင်းကျောင်းသို့
ရောက်သော် ဘုန်းတော်ကြီးက အမိန့်ရှိသည်မှာ မြေခုရွာဘုန်းတော်ကြီးကျောင်း၌ရှိခဲ့သော ပုရပိုက်များမှာ ဘုန်းတော်ကြီးမှ
အမှိုက်ရှုပ်သည်ဆိုကာ အားလုံးကို မီးရှို့ပစ်လိုက်ပြီး ကြွင်းကျန်ရစ်သော
ပြာများကို ဘုရားတွင် ဌာပနာပစ်လိုက်သည် ဆိုသဖြင့် ကျွန်ုပ်တို့လည်း ခဲလေသမျှ
သဲရေကျ ဆိုသကဲ့သို့ပင်။
သို့နှင့်
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းလာရောက်ဖတ်ခဲ့ဖူးသည်ဟုဆိုသော မြန်မာဘုရင် လက်ထက်တော်အခါက ရွှေအလယ်ကြောင်းဆိုင်ရာ
သမိုင်းအမွေအနှစ် ပုရပိုက်မှတ်တမ်းများလည်း နိဌိတံ သွားချေတော့၏။သမိုင်း၏အမွေအနှစ်များဖြစ်၍
နှမြေတသ ဖြစ်ရချေတော့၏။ဝမ်းနည်းဖွယ်ရာပင်။
ဇီးပေါက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းပုရပိုက်များအဆိုအရ
ရွှေအလယ်ကြောင်းတွင် ရွှေကျင် ၁၃ရွာ ရှိခဲ့လေရာ မြေခုရွာမှာ ရွှေကျင် ၁၃ရွာ၏ခရိုင်စီရင်စု
အကြီးအကဲ ဖြစ်လေ၏။ရွှေမှူးနှင့် မြေခုရွာ သူကြီးတို့်သည် ရွှေအလယ်ကြောင်း၏ အဓိကကျသော
ပုဂ္ဂိုလ်များပင် ဖြစ်လေ၏။ထို့ကြောင့် မြေခုရွာဘုန်းတော်ကြီးကျောင်း၌ရှိခဲ့သော ပုရပိုက်များမှာ မည်သည့်နည်းနှင့်မဆို
ရွှေကျင် ၁၃ရွာသမိုင်းအတွက် ပိုမို အသုံးဝင် အဖိုးတန်မည်မှာ မလွဲချေ။ရှေးဟောင်းသုတေသီတို့
အရောက်အပေါက်နည်းခြင်း၊ယခင်က သွားရေးလာရေး ခက်ခဲခြင်း၊ဒေသခံပုဂ္ဂိုလ်တို့ အကြားအမြင်
ဗဟုသုတနည်းပါးခြင်း စသည့် အကြောင်းကြောင်းတို့ကြောင့် သမိုင်း၏အဖိုးတန်အမွေအနှစ်များလည်း မီးရှို့ဖျက်ဆီးခြင်းကို ခံရလေတော့သည်။ ၀မ်းနည်းဖွယ်ရာပင်။
ဆိုခဲ့သည့်အတိုင်း ဇီးပေါက်ရွာ ဘုန်းတော်ကြီးကျောင်းမှ တွေ့ရှိခဲ့သော ရှေးဟောင်းပုရပိုက်များထဲမှ ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်းကို
ဖော်ပြထားလေသည့် ပရပိုက်တစ်ခုကို တွေ့ရှိရလေသည်။အဆိုပါ အရိုးဆက်စာရင်းကို ပုရပိုက်
မုရင်းအတိုင်း ဖော်ပြရသော်
ဇီးပေါက်ရွာ သူကြီးအရိုးဆက်စာရင်း
သူကြီး
ဘိုးးကော်လှ
သူကြီး
သား ဘိုးဘု
ညီ
ဘိုတင်
|
၁
၁
၁
|
ဘိုတင်
သား
ဘိုးလှောံ
သား
မောင်ထွန်းဝ
|
၁မ
၁မ
၁မ
|
သူကြီး
ဘိုးဘု
သား
သူကြီး ဘိုးရွ
------------------------------------------------------
မယား
ရှင်ဝက်
သမီး
ရှင်ဘဲ
လင်
မောင်ကျွယ်ဝ
သား
မောင်ရန်နု
အကို
မောင်ရန်နိုင်
|
၁
၁
၁
၁
၁
၁
၁
|
------------------------------------------------------
ဦးရွ
နှမ
ရှင်မြိုင် သား ငထွဋ်
ညီမ
လှိုင်
လင်
မောင်ကူ သား------
|
၁
၁
၁
၁
|
|
|
ဦးရွှေဇ
သား
မောင်ကူ
မယား
ရှင်လှိုင်
|
၁
၁
၁
|
လင် မောင်ကူ သား ဆိုသည့်နောက်တွင် ပုရပိုက်မှာ ပျက်စီးနေ၍ ဖတ်မရတော့ချေ။ထိုနေရာမှာ ဦးဘိုးသန်း ဟူ၍များ ဖြစ်လေမလား မဆိုသာချေ။ဇီးပေါက်ရွာ သူကြီးများထဲတွင် ဦးဘိုးသန်းကို တွေ့ရလေရာ ဖြစ်နိုင်ချေ ရှိပေ၏။ အခြားပုရပိုက်တစ်ခုတွင် သူကြီး ငရန်နု ညီငဘိုးသန်း ဟု ဆိုထားသဖြင့် ဦးရန်နုနှင့် ဦးဘိုးသန်းမှာ ညီအကို တော်သည်ဟု သိရပေသည်။(ဆက်ရန်)
ဇီးပေါက်ရွာ အိမ်ခြေ ၁၂၃၃ခု
၁၂၃၃ခုနှစ် ဇီးပေါက်ရွာ အိမ်ခြေစာရင်း
ငထွတ် မယား မိသုံ ၁
ငစံ
မယား မိမဲ ၁
မိသူဇာ
သ္မီး မိဆောင် ၁
ငထွန်းပေါ်
မယားမိကူ ၁
ငညစ်
မယား မိသဲ ၁
ငရေ
မယာမိတာ ၁
ငမှို မယာ မိပြောင် ၁
ငချိန်
မယာ မိသီ ၁
ငခြစ်ဘူ မယား မိလာ ၁
ငခြစ်သိန် မယား မိအိံ ၁
သားငအောင်ထူး မယား ၁
ငရာ မယား မိမှို ၁ ငကျော် မယား မိအိံသုံ ၁
ငစံရွှန်း မယား မိပိန် ၁
ငစံပေါ် မယား မိသိန်း ၁
ငပေါ်အေး မယားမိဇရု ၁
ငတို မယားမိဆိပ် ၁
ငကျုံ
မယား မိဆိုတာ ၁ မိကေ သ္မီး မိလယ် ၁
ငပုံမယား မိဇာရုံ ၁ ငဘာနောက် မယား မိခိုဥု ၁
ငရံကင်း မယား မိခရာ ၁
မိဟိန့်
သား ငရွှေဘီ ၁
ငချို မယား မိကူ ၁
ငပု မယားမိအိံနေ ၁ ငပါနောံ မယား မိအောင် ၁
ငထွန်းပေါ် မယားမိမိ ၁
မိနှင်းသာ သ္မီး မိတွေ ၁
မိဆောင် သား သားငပြူး ၁
ငရေ မယား မိလန် ၁
ငသက် မယားမိကိ ၁
ငကျံရင် မယားမိကာ ၁
ငသာလူ မယားမိစာ ၁
ငရံနှင်း မယား မိကူ ၁
ငရုပ် မယား မိဥန်သေ ၁
ငရွက် မယားမိဇလက် ၁
Subscribe to:
Posts (Atom)