Monday, January 19, 2015

ပြုံးတော်မူ(၂၆)

ကျုပ် ညီတော်မောင်က ကိုကြီးရေ ဦးလှဘော်အကြောင်းလေး ရေးပေးပါဦးတဲ့။ကျုပ်တို့ကတော့ ဘိုးလှဘော်ခေါ်ခဲ့ရသပေါ့။သူကလည်း ချဉ်ပေါင်ရွက်သည် မောင်မှိုင်းနဲ့ အမျိုးတော်ဟန် တူရဲ့။သွားလေရာ မိန်းမရရပါလို၏လို့များ ဆုတောင်းခဲ့ လေသလားပဲ။ရွာမှာလည်း ၃ယောက်။
မိုးမိတ်ဘက်မှာက တစ်ယောက်။
ပြင်ဦးလွင်မှာ တစ်ယောက်။ဒါတောင် ကျုပ်မသိတာတွေ ရှိချင်ရှိဦးမှာ။
တစ်ရွာတစ်ကျီဆောက်ဆိုတာ 
ဘိုးလှဘော် တို့ကို ခေါ်လေရော့
သလားပဲ။ကျုပ်တို့ ကလေးဘဝက ရွာက သူ့ရဲ့ဒုတိယမယား ဒေါ်မိရံ
လမ်းသွားရင်း လဲသေသွားပြီး မကြာဘူး သူ့သမီးအရွယ်လောက်
ရှိတဲ့ ဒေါ်နွားတင်နဲ့ ထပ်ယူပြန်ရော။
အသက်၇၀ကျော်မှ မွေးလိုက်တဲ့
ကလေးကလည်း ဘယ်နှစ်ယောက်
မှန်းတောင် မသိဘူး။
ကျုပ်ဘုန်းကြီးကျောင်းသားဘဝက ကျောင်းကို ဥပုသ်လာစောင့်တော့ ကျုပ်နဲ့ ကျုပ်အကို ဝမ်းကွဲ စိုးတင့်တို့ သူတို့လူကြီးတွေနားသွားပြီး ဟိုမေးသည်မေးနဲ့လုပ်တာပေါ့။စိုးတင့်က မေးတယ်။အဘိုး ညကြရင် မိန်းမကြီးနဲ့ အတူဖက်အိပ်ပြီး
ဟိုဒင်းပြုတုန်းပဲလားဆိုတော့
ဟာ သည်ကောင်လေးတွေ
ဥပုသ်သည်ကို ဘာတွေလာမေး
မှန်းမသိဘူး။အိမ်ပြန်ချင်စိတ်ပေါက်
်လာအောင် ။သွားကြစမ်း ဆိုလို့ ကျုပ်တို့လည်း ထွက်ပြေးခဲ့ရတယ်။
ကျုပ်တို့ကလေးတုန်းက ပစ္စည်း
ပစ္စယက အသေရှားကိုး။
ဘာလေးညာလေး ရချင်ရင် ဘုရားပွဲရောက်မှ ဈေးသည်က စုံတာဆိုတော့ ရချင်တာရှိရင် ဘုရားပွဲ ရောက်မှ ဝယ်ရသကိုး။အခုလည်း ဘိုးလှဘော် ဖိနပ်ဝယ်မလို့ ရွှေညာစံ ဘုရားပွဲ လာခဲ့တယ်။ဟိုရောက်တော့ ဖိနပ်ဆိုင် ဝင်ပြီး ဖိနပ်ဝယ်တာပေါ့။
သူ့ခြေထောက်ကလည်းအတော်
ကြီးတော့ သူလိုချင်တဲ့ ဖိနပ်က မရဘူး။ ဒါ့ထက်ကြီးတာလေး ပြပါဦး ဒါ့ထက်ကြီးတာလေး ပြပါဦး ဆိုတော့ ဈေးသည်မကလေးကလည်း ကြာတော့ စိတ်က မရှည်တော့ဘူး။
ဒါနဲ့ လူးစီးတဲ့ ဖိနပ်ကတော့ ဒါအကုန်ပဲတော့ လို့ ပြောလိုက်ရော။
အဲဒီတော့ ဖိုးလှဘော်က သူ့ ခြေထောက်ကြီး ထုတ်ပြပြီး ဈေးသည်မကို နင့်လင်
ခြေထောက်ကြီးကိုလည်း ကြည့်ဦးဟ တဲ့။

No comments:

Post a Comment