၁၃၃၂ခု သီတင်းကျွန်လဆန်း ၈ရက်နေ့(8 Oct,1970) ကြာသာပတေးနေ့ ညနေ ၄နာရီ၌ မွေးဖွားသော ကျနုပ်သည် ၄၄နှစ် ပြည့်၍ ၄၅နှစ်ထဲသို့ တစ်ရက်စွန်းခဲ့ပြီ။
ကျနုပ်ကားဗေဒင်ကိန်းခန်းအရ
ဆိုသော် မရဏဖွားတည်း။
မရဏခွင် ဖွားမြင်လျင်
ငယ်စဉ်သေဆုံးများ။
မသေကြီးလွှမ်း ရွှေထီးလျှမ်း
ရဟန်းမင်းပုဏ္ဏား။
မသေရွှေထီး သေမြေကြီး
စွန့်ပြီးသွားတတ်ငြား။
မိမိမွေးရာ မနေပါ
ပြည်ရွာလှည့်လည်သွား။
စိုးရိမ်ကြောင့်ကြ ဖမိဘ
သောကအလွန်များ။ တဲ့။
ကျုပ်မှာ ကိုးတန်းအောင်တော့ ဆယ်တန်းတွဲဘက်ကျောင်း ကျောင်းလခပေးရမှာမို့ ရွှေကျင်လိုက်သွားတာ
ငှက်ဖျားနှိပ်စက်လို့ ဆေးရုံနှစ်ခါ ပြန်တက်ရတာ မသေလို့ သည်စာပေါက်ကရ လေးဆယ် ရေးနိုင်တာ။သစ်ပင်ပေါ်က
ပြုတ်ကျတာက ငါးခါ။သူငယ်တန်း၊နှစ်တန်း၊ငါးတန်း၊ကိုးတန်းနဲ့ ဆယ်တန်းအောင်ပြီးတော့ စုစုပေါင်း ၅ခါ ပြုတ်ကျတာ။ကိုးတန်းအောင်တော့ ရွှေကျင်မလိုက်ခင် အင်ကြင်းပင် ပေ ၃၀ လောက်က ကျတာ ကံကောင်းလို့ မသေဘူး။၅တန်းကနေ
၁၀တန်းထိ အသွားလေးမိုင် အပြန်လေးမိုင် ခြေလျင်လျောက် ကျောင်းတက်ခဲ့ရရဲ့။ကျုပ်နဲ့အတန်းတူသူငယ်ချင်းတွေ
စက်ဘီးစီးလာတာမြင်တော့ သိမ်ငယ်စိတ်နဲ့လမ်းဘေးတောထဲကိုဝင်ပြီး မျက်ရည်ကျခဲ့ရတာတွေ ကျုပ် သတိယမိပါရဲ့။မုန်ဖိုးမရှိလို့ တနေကုန် ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရတာလဲ သတိယမိရဲ့။ပထမနှစ်တက်ဖို့ နန့်မဖြစ်ရွာနဲ့ ဖားကန် ကို
ကုန်စိမ်းထမ်းခဲ့ရရဲ့ ။ကုန်စိမ်းထမ်းတော့ ထမ်းစမရှိပဲ ထမ်းတော့ ညသန်းခေါင်ကျော် နန့်မဖြစ်သင်္ချိုင်းကုန်းဘေး ဘယ်ဘက်လက်ပြင်အုံ အဆစ်လွဲသွားတာ တစ်ယောက်ထဲ ကူမယ့်ကယ်မယ့်လူမရှိနဲ့ နာလွန်းလို့ မျက်ရည်ပေါက်ပေါက်
ကျခဲ့ရတာကိုသတိရမိပါရဲ့။အဲဒီကန်ေဖားကန့်ကြီးမှော်ထဲမှာ ခေါက်စားထမ်းခဲ့ရရဲ့။ကျောက်တွင်း အနက်ကြီးထဲဆင်း
၂ပြလောက်ဝေးတဲ့ နေရာကို သွားပစ်မှ တစ်ခေါက်တစ်ကျပ်ရတာ ကိုလည်း ကျုပ် မှတိမိပါရဲ့။လုံခင်းမှာလည်း လက်သမား လုပ်ခဲ့ရရဲ့။လက်သမားလုပ်လို့ ပိုက်ဆံမစုမိလို့ လုံးခင်းနဲ့ ဖားကန့်ကူးတဲ့ စက်လှေမှာ စပယ်ယာလုပ်ခဲ့ရရဲ့။
စက်လှေပေါ်လုပ်တုန်း ကေအိုင်အေက ချောဆွဲလို့ သူတို့စခန်း စက်လှေနဲ့ ဆန်လိုက်ပို့ ခဲ့ရသေး။စစ်တပ်က ငါ့ပစ်လိုက်ရင် ငါ သေသွားနိုင်တယ်လို့ ပြန်ပြန်တွေးမိပါရဲ့။ဒုတိယနှစ်အတွက် မှော်ရှန်ကနေ ဆန်ဝယ် ကျောပိုးသယ်ပြီး ဖားကန့်မှာ ရောင်းရှာခဲ့ရတယ်။ဒါနဲံလည်း ဝင်ငွေမကောင်းလို့ ဖားကန့်က ငှက်ပျော တောမှာ ရေထမ်း ရောင်းခဲ့ ရတယ်။ လူလည်းပဲ ဦးပုညရဲ့ ရေသည် လုံးလုံး ဖြစ်သွားတော့တာပဲ။ရေထမ်းရောင်းတာ ဝင်ငွေနည်းနည်းကောင်းလို့ ပိုတဲ့ ပိုက်ဆံလေး လက်စွပ်လုပ်ဝတ်ထားရတာ တတိယနှစ် ဂုဏ်ထူး တန်းရောက် တော့ ကျောင်းစရိတ် မရှိ တော့လို့ ရောင်းသုံးရတယ်။အဲဒါနဲံ မလောက်လို့ နဒီမြန်မာဟိုတယ်မှာ တစ်လ ၁၀၅၀ကျပ်နဲ့ ဘဲလ်ဘွိုင် လုပ်ခဲံရရဲံ။ပထမနှစ် ဂုဏ်ထူးတန်းအတွက်
ဖားကန့်မှာ လက်သမား လုပ်ခဲ့ ရတယ်။ဒုတိယနှစ် ဂုဏ်ထူးတန်းအတွက် ဆိုင်းတောင်မှာ လက်သမား လုပ်ခဲ့ရတယ်။ကျုပ် ဂိုက်သင်တန်းတက်ဖို့ ပိုက်ဆံစုဖို့ ဆီဒိုးနားဟိုတယ် လောင်ဒရီဌာနမှာ ဝင်လုပ်ပြီး ပိုက်ဆံစုခဲ့ရရဲ့။ဂိုက်သင်တန်းတက်ရင်း
မလောက်လို့ ရန်ကုန်မှာ စာလိုက်သင်ရင်း ဝင်ငွေရှာခဲ့ရရဲ့။ကျုပ် မဟာဘွဲ့သာရရော ကျုပ်အိမ်က တစ်ပြားမှ မပေးနိုင်ဘူး။
ကေအိုင်အေစခန်းတွေထဲကဖြတ်သွားရလိုသွားရ။သတိမိုင်းထောင်ထားသည် လမ်းပေါ်မှ သွားပါ ဆိုတဲံ မှတ်တိုင်တွေ ဘေးကလည်း သွားခဲ့ရ။ကေအိုင်အေဂိတ်တွေကို ငွေ၄၅ကျပ်နဲ့ ဆန်တစ်ဘူး ပေးပြီးလည်းဖြတ်ခဲ့ရဟိုမအေပေးစစ်သားတွေ ပေါ်တာ ဆွဲလို့ ခွေးပြေးဝက်ပြေး လည်း ပြေးးခဲ့ရ။ဘဝကြမ်းပုံများပြောပါတယ်။တစ်ခါတစ်လေ ကိုယ်ဟာကိုယ်တောင်
ငါ ဘယ်လိုလုပ်များ မဟာဘွဲ့ ရသွားပါလိမ့်။ရုန်းကန်ခဲ့ရသမျှဟာ အိပ်မက်တွေလိုပါပဲလား လို့ တွေးမိပါရဲ့။
ကျုပ်ငယ်တုန်းက အရွယ်နဲ့ မမျှအောင် ရုန်းကန်ခဲ့ရတဲ့ဒါဏ်တွေက အသက် ကြီးလာလေလေ ဒါဏ်တွေကပေါ်လေ
ပါပဲ။ကျန်းမာရေးလည်း သိပ်မကောင်းချင်တော့ဘူး။ကျုပ်ကလေးနှစ်ယောက် ဘွဲ့ရပြီးရင်တော့ ကျုပ်ဘဝကို တရား
လေးထိုင် အများအကျိုးအတွက် အပင်လေးတွေစိုက်၊ကလေးတွေကို အခမဲ့ စာသင်ပေးရင်း ဘဝရဲ့ နောက်ဆုံးအချိန်တွေကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။
No comments:
Post a Comment