ဗမာကြီးက ရှမ်းမကြီးနဲ့
အိမ်ထောင်ကြသတဲ့။ဗမာကြီးကလည်း ရှမ်းစကားက နားမလည်ဘူးတဲ့။ဟို ရှမ်းမကြီးကလည်း ဗမာစကားက
ကောင်းကောင်း မပြောတတ်ဘူးတဲ့လေ။တစ်နေ့တော့ ဗမာကြီးက ထမင်းစားတော့ သူ့မိန်းမကို ငရုတ်သီး
ယူခဲ့စမ်းလို့ ပြောလိုက်တယ်။ရှမ်းမကြီးကလည်း နားမလည်တော့ ခရမ်းချဉ်သီးတွေ ယူလာခဲ့သတဲ့။ဒါနဲ့
ဗမာကြီးက ငရုတ်သီး ငရုတ်သီးလို့ ထပ်ပြောတယ်။ရှမ်းမကြီးက မီးဖိုချောင်ထဲ ၀င်ပြေးပြီး
ကြက်သွန်ဥတွေ ယူလာပြန်သတဲ့။ဒါနဲ့ ဗမာ ယောက်ျားကြီးလည်း ဒေါသတွေ ထွက်လာပြီး ဒီမိန်းမတော့ မဖြစ်ဘူး။ကွာမ ကွာမ လို့ ပြောလိုက်တယ်။သူပြောတာကတော့
ဆက်ပေါင်းလို့ မဖြစ်တော့ဘူး။ကွာမှပဲ ရတော့မယ်ပေါ့။အဲဒီကြတော့ ရှမ်းမကြီးက မီးဖိုချောင်ထဲ
ဝင်ပြေးပြီး ငရုတ်သီးတွေ ယူလာခဲ့သတဲ့။ဗမာလို မဖြစ်ဘူး ကွာမ ဆိုတာက ရှမ်းစကားနဲ့ဆို ငရုတ်သီး ယူလာခဲ့ လို့ အဓိပ္ပာယ် ရသတဲ့လေ။
ဘ၀အမောပြေနိုင်ကြပါစေ။
No comments:
Post a Comment