21 Aug 2013
ဒီနေ့တော့ ပင်းယမြို့ဟောင်း
နန်းတော်ရာနားက ဂူကြီးသုံးလုံးဘုရားမှာ တောရဆောက်တည် ဓူတင်ကျင့်
သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးဆ ဝါဆိုသင်္ကန်း ကပ်ပြီး နန်းတော်ဟောင်းနေရာကို သားနဲ့သမီးကို လှည့်ပြတယ်။ နန်းတော်ဟောင်းနေရာက အိုးကွဲတွေ အတော်များတယ်။ ဆေးတံအိုးအကျိုးတွေ ၁၅ အိုးလောက် ဆီမီးခွက်တွေ အတော်များများ ရှာတွေ့ခဲ့လို့ ရှေးဟောင်းပစ္စည်းတွေမို့ ဘုန်းတော်ကြီး တရားထိုင်တဲ့ ဂူဘေးမှာ စီပြီး ထားခဲ့တယ်။
နောက်လေ့လာချင်တဲ့လူ လေ့လာလို့ ရတာပေါ့။ပင်းယခေတ် ၁၄ရာစုက ရေးထိုးထားတဲ့ ကျောက်စာကို
ဖတ်ကြည့်တယ်။ ဘယ်လိုမှ မဖတတ်တတ်ပါဘူး။ ဥဇနာမင်းကြီးနဲ့ နမောတသတိပဲ ဖတ်တတ်တယ်။
အဲဒီကနေ မြင်ပါလှည့်ဘုရားနဲ့ မြင်ပါဘူးဘုရား နှစ်ဆူကို ဝင်ဖူးတယ်။ ပြီးတော့ ဆူးတွင်းပစ်ဆရာတော်ကြီးရဲ့ ကျောင်းကို ဝင်ကြည့်ခဲ့တယ်။ ရာဇဝင်မှာတော့ လေးထပ်ကျောင့်းလို့ ဆိုတယ်။ အုတ်တံတိုင်း လေးဆင့်ရှိလို့များ လေးထပ်ကျောင်းလို့ ခေါ်ခဲ့လေသလား မသိပါဘူး။ဆူးတွင်းပစ်ဆရာတော် ကလေးတုန်းက အမေကဆုံးပြီး အဖေက နောက်အိမ်ထောင်ပြုတယ်။

မိထွေးက ဒီလင်ပါသားနဲ့ဆို
မပေါင်းနိုင်ဘူးဆိုလို့ ဖခင်က တောထဲခေါ်ပြီး ဆူးတွင်းထဲ ပစ်ချခဲ့တယ်။ အဲဒါ ခရီးသွား
ရဟန်းတော်တစ်ပါးက ကလေးငိုသံကြားလို့ ရှာကြည့်တော့ ဆရာတော်လောင်းကလေးကို တွေ့တော့ သူ့ကျောင်းကို
ခေါ်သွားပြီး ကိုရင် ဝတ်ပေးလိုက်တယ်။ဆူးတွင်းပစ်လို့ နာမည်ပေးပြီးဆရာတော်က မွေးစားကာ
စာပေကျမ်းဂန်တွေ
သင်ပေးတယ်။နောက်တော့
ဆူးတွင်းပစ်ဆရာတော်ရယ်လို့ ထင်ရှားလာတယ်။
အဲဒီလို ကျော်ကြားလာတော့ မိထွေးက အပြစ်ကြီးမှာစိုးလို့ တောင်းပန်ကန်တော့ရအောင် သူ့ယောက်ျားကို ပင့်ခိုင်းတယ်။ ဖခင်လည်း ဆရာတော်ဆီ လာခဲ့တယ်။ ဝတ်ကြီးဝတ်ငယ် ပြုစုနေပေမယ့် ဆရာတော်က တစ်ခါမှ စကားမပြောဘူး။ ဖခင်ဒကာကြီးလည်း အနေရခက်ခက်နဲ့ ကပ္ပီယလုပ်နေရတာပေါ့။
တနေ့တော့ ဆရာတော်ကြီးက သူ့ကျောင်းကို လက်ထောက်ဆရာတော်ကို လွှဲအပ်တယ်။ သူ တခြားကို ကြွတော့မယ်ပေါ့။ ပြီးတော့ ဆွမ်းဘုန်းပေးတယ်။ဆရာတော်လည်း ဆွမ်းဘုန်းပေးတုန်း ငရုတ်းသီးတောင့်လေး ဝါးမိလို့ စပ်လိုက်တာလို့

ညည်းလိုက်တော့
ဆရာတော်ရဲ့ဖခင်က ဝမ်းသာလိုက်တာဘုရား။ တပည့်တော် လချီပြီး ဝတ်ကြီးဝတ်ငယ် ပြုစုလာတာ
တခါမှ စကားမပြောဘူး။ဒီနေ့မှ
ပြောသံကြားရတော့တယ် ဘုရားတဲ့။ဆရာတော်က ဒကာကြီးလာကတည်းက
ဘုန်းကြီးသိတယ်။
ကိစ္စတွေ မပြတ်သေးလို့။ဒီနေ့တော့ ကျောင်းလည်း လွှဲအပ်ပြီးပြီ။ဒကာကြီးနောက်ကို ဘုန်းကြီး
လိုက်ခဲ့မယ်ဆိုပြီး အဲဒီနေ့မှာပဲ ကြွလာခဲ့တယ်။ပင်းယမြို့နားရောက်တော့ မိုးက ချုပ်သွားလို့ တည်းစရာမရှိတာနဲ့

အမတ်ကတော်ဖြစ်နေတဲ့
အမျိုးအိမ်ဆီသွားတော့ အဲဒီအမျိုးက ဆရာတော်ကို သိလည်းမသိ ကြားလည်းမကြားဖူးဘူးလို့ ပြောလိုက်တယ်။ဒါနဲ့ဆရာတော်တို့လည်းပဲ
ဆက်လာခဲ့ရတယ်။ ခဏနေတော့ ဘုရင်ကြီးဆောက်ထားတဲ့
လေးထပ်ကျောင်းနား
ရောက်သွားတယ်။ကျောင်းပေါက်ဝမှာ ပိဋကတ်သုံးပုံကို ချောက်ချားနိုင်သည့် ပုဂ္ဂိုလ်များ
သီတင်းသုံးရန်လို့
ရေးထားတယ်။ဆရာတော်လည်း ဒီကျောင်းကိုတက်ပြီး သီတင်းသုံးတယ်။မိုးမလင်းခင် ဖခင်ကြီးကို
ရွာထဲသွား စနည်းနာခိုင်းတယ်။ဖခင်ကြီးလည်း
လူတစ်ယောက် လေလည်တဲ့ အသံပဲ ကြားခဲ့ရတယ်။
ကျောင်းပြန်ရောက်တော့
ဆရာတော်ကို လေလည်သံပဲ ကြားခဲ့တယ်လို့ လျောက်တော့ ဒကာကြီး ငါ့ကို အိုးစည်
ဗုံမောင်းတီးပြီး
ဒီကျောင်းကို ငါ့အား လှူလိမ့်မယ်တဲ့။မနက်လင်းတော့ လောကနီတိပါဠိရေးတဲ့ စတုရင်္ဂဗလ
အမတ်ကြီးက ရောက်လာပြီး
ဆရာတော်ကို ပညာစမ်းတာပေါ့။ ဆရာတော်ကြီးဟာပိဋကတ်သှုံးပုံကို
နှံ့စပ်မှန်းသိလို့ ဘုရင်ကြီးကလည်း လေးထပ်ကျောင်းကြီးကို ပွဲလမ်းသဘင် ကျင်းပပြီး လှူလိုက်တယ်။

ဒီလိုနဲ့ ဆရာတော်ကြီးလည်း
မင်းကိုးကွယ်တဲ့ ဆရာတော်ကြီး ဖြစ်လာတာကိုး။ အဲဒီလို နာမည်ကြီးဘုန်းကြီးလာတော့မှ တချိန်က
အမတ်ကတော်ဖြစ်တဲ့ အမျိုးကလာပြီး သူ့အမျိုးဘုန်းကြီးပေါ့ အရပ်ထဲ လျောက်လည်ပြော ဆရာတော်ကြီးဆီ
ဆွမ်းလာပို့ပေါ့။ ဆရာတော်ကြီးလည်း အခုမှလာပြီး အမျိုးတော်တယ်ပြော
ဆွမ်းလာပို့တော့
မမြင်ယောင်ဆောင် နေတော့တာပေါ့။ ဒါနဲ့ အဲဒီအမျိုးသမီးက ဆရာတော်ရဲ့လေးထပ်ကျောင်းပေါက်မှာ
ဘုရားတည်ပြီး မြင်ပါလှည့်ဘုရားလို့ အမည်ပေးတယ်။
ဒါနဲ့ ဆရာတော်ကြီးကလည်း အဲဒီဘုရားရဲ့ အရှေ့နားမှာ ဘုရားတစ်ဆူတည်ပြီး မြင်ချင်ပါဘူးလို့ ဘုရားကို ဘွဲ့တော်ပေးတယ်။အခုတော့ မြင်ပါဘူးဘုရားလို့ ခေါ်ကြတယ်။ဒါကတော့ ပုဂံခေတ်ပျက်ပြီး ရှမ်းညီနောင်သုံးဦးက

စတင်တည်ထောင်ခဲ့တဲ့
ဒုတိယမြန်မာထီးနန်း စတင်ခဲ့ရာ ပင်းယမြို့ဟောင်းကို ဒီနေ့ရောက်ခဲ့လို့ မြင်ပါလှည့်နဲ့
မြင်ပါဘူးဘုရား၊ဆူးတွင်းပစ်ဆရာတော်အကြောင်း ဖတ်ခဲ့ဖူးသမျှထဲက
မှတ်မိသမျှကို ငါ့ညီလေးတွေကို ပျင်းနေမှာစိုးလို့ ဗဟုသုတအဖြစ် ဝေမျှလိုက်တာပါ။

No comments:
Post a Comment