Saturday, December 28, 2013

ပြုံးတော်မူ(၂၀)


ဂျပန်ခေတ်တုန်းကပေါ့လေ။တစ်ရက်မှာ ယောင်ထုံးနဲ့ ဗမာကြီးက လမ်းလျှောက်နေတုန်း ဂျပန်စစ်သား တစ်ယောက်က မြင်သွားတော့ နောက်ကနေ အတင်း လိုက်ပြေးလာသတဲ့။ဗမာကြီးကလည်း ဟာ ငါ့တော့ ဂျပန်ကင်ပေတိုင်က သူလျှို  ထင်ပြီး လိုက်ဖမ်းတာနေမှာပဲ ဆိုပြီး ရှေ့ ကနေ အတင်းပြေးသတဲ့။သူက ပြေးလေ နောက်က ဂျပန်ကလည်အတင်းလိုက်လေပေါ့။ တစ်နေရာရောက်တော့ ဗမာကြီးက ခလုတ်တိုက်ပြီး လဲရောတဲ့။အဲဒီမှာ ဂျပန်ကြီးက နောက်က မှီလာပြီး ဗမာကြီးရဲ့ ပုဆိုးကို ဆွဲချွတ်သတဲ့။အဲဒီကြတော့မှ ဂျပန်ကြီးက ပြောတယ်။ အိုး ဘိရုမာ အတူတူပဲ  တဲ့။
ဘ၀အမောပြေနိုင်ကြပါစေ။


ပြုံးတော်မူ(၁၉)

ဗမာကြီးက ရှမ်းမကြီးနဲ့ အိမ်ထောင်ကြသတဲ့။ဗမာကြီးကလည်း ရှမ်းစကားက နားမလည်ဘူးတဲ့။ဟို ရှမ်းမကြီးကလည်း ဗမာစကားက ကောင်းကောင်း မပြောတတ်ဘူးတဲ့လေ။တစ်နေ့တော့ ဗမာကြီးက ထမင်းစားတော့ သူ့မိန်းမကို ငရုတ်သီး ယူခဲ့စမ်းလို့ ပြောလိုက်တယ်။ရှမ်းမကြီးကလည်း နားမလည်တော့ ခရမ်းချဉ်သီးတွေ ယူလာခဲ့သတဲ့။ဒါနဲ့ ဗမာကြီးက ငရုတ်သီး ငရုတ်သီးလို့ ထပ်ပြောတယ်။ရှမ်းမကြီးက မီးဖိုချောင်ထဲ ၀င်ပြေးပြီး ကြက်သွန်ဥတွေ ယူလာပြန်သတဲ့။ဒါနဲ့ ဗမာ ယောက်ျားကြီးလည်း  ဒေါသတွေ ထွက်လာပြီး  ဒီမိန်းမတော့ မဖြစ်ဘူး။ကွာမ ကွာမ လို့ ပြောလိုက်တယ်။သူပြောတာကတော့ ဆက်ပေါင်းလို့ မဖြစ်တော့ဘူး။ကွာမှပဲ ရတော့မယ်ပေါ့။အဲဒီကြတော့ ရှမ်းမကြီးက မီးဖိုချောင်ထဲ ၀င်ပြေးပြီး ငရုတ်သီးတွေ ယူလာခဲ့သတဲ့။ဗမာလို မဖြစ်ဘူး ကွာမ ဆိုတာက ရှမ်းစကားနဲ့ဆို  ငရုတ်သီး ယူလာခဲ့ လို့ အဓိပ္ပာယ် ရသတဲ့လေ။   
ဘ၀အမောပြေနိုင်ကြပါစေ။


Tuesday, December 24, 2013

ပြုံးတော်မူ(၁၈)

တို့ရွာက ဦးဖိုးဝင်းက သစ်ရာပင်ရွာသစ်က ကွ။ငါတို့ရွာက ဒေါ်အေးငိုနဲ့ အိမ်ထောင်ကျတော့ ဆံထုံးနောက် ယောင်ပါလာတာပေါ့ကွာ။တို့ကတော့ ဖိုးလေးဝင်းလို့ ခေါ်တာပေါ့။ငါငယ်တုန်းကတော့ ထန်းတက်တော့ သူ့ထန်းတောနဲ့က အနီးကလေး၊။သူ့ခင်မျာ ထန်းရည်ခါးကလည်း အတော်ကြိုက်ရှာတယ်။ဒါနဲ့ သူ့မိန်းမ မသိအောင် ခိုး သောက်ရရှာတယ်။တစ်နေ့တော့ ဒေါ်အေးငိုက သူ့ယောက်ျား ထန်းရည်ခါးမူးလာတော့ ဆဲတယ်ကွ၊။၊ခွေး မသောက်တဲ့ အရေတွေ သောက်သောက်လာတယ်တဲ့။အဲဒီတော့ သူ့သား ဟန်သောင်းက ထပြောတယ်။အမေရ အဲဒီလို မဆဲပါနဲ့။ မသောက်တဲ့လူတွေ ခွေးဖြစ်ကုန်ပြီတဲ့။ဟီး ဟီး၊
ဘ၀အမော ပြေနိုင်ကြပါစေ။

ဖိုးရဲကျား(၆)



ကျုပ် အထက်က ပြောခဲ့သလိုပဲ။ဖိုးရဲကျားက မိန်းမက နှစ်ယောက်။အကြီးက ဒေါ်ရွှေင။အငယ်က ဒေါ်ဖွားဇံ။သူ့စာချိုးအတိုင်းဆိုရင်တော့ ပဲကြား ရေပွ ဆားငံ ၊ ရဲကျား ရွေင ဖွားဇံ ပေါ့။တစ်နေ့တော့ ဒေါ်ရွှေငက ကိုရဲကျား တော် ကျုပ်ကို ဖြတ်ချင်လည်း ဖြတ်တော်။ဒါမှ မဟုတ်ရင် ဖွားဇံကို ဖြတ် လို့ဆိုတော့ ဖိုးရဲကျားက ဟာ တောက်တီးတောက်တဲ့ ရွှေငရာ နင်က အကြီး။နင့်ဖြတ်လို့ ဘယ်ဖြစ်ပါ့မတုန်းဟ။ဖွားဇံကိုတော့ ဆက်ပေါင်းရဦးမှာပေါ့ဟ တဲ့။

ဗဟုသုတ

ဟိုနေ့က သူရိယနေ၀န်းဂျာနယ်ဖတ်မိတော့ ကျုပ် ဆယ့်လေးငါးနှစ် အရွယ်တုန်းက ဖိုးရဲကျား ရွတ်ပြတဲ့ တဘောင်ကို သတိယမိတယ်ဗျ။သူရိယနေ၀န်းထဲက သံခမောက်လေးယောက်နဲ့ အဖိုးပြောပြတဲ့ တဘောင်နဲ့က နည်းနည်းလေး ကွဲနေတယ် ထင်ပါရဲ့။ကောင်းတာကတော့ အကောင်းချည်းပါပဲ။တိုင်းပြည်ကိုကယ်တင်မယ့် သံခမောက်ဆောင်း လူစွမ်းကောင်း လေးယောက်များ လာဦးမယ် ထင်ပါရ့။ဲငါ့ မြေး အခု အဖိုးရွတ်ပြတာတွေ ကျက်ထားစမ်းကွဲ့။ဒါတွေက မလာသေးဘူး။နောက်မှ လာမှာတဲ့။အဲဒီကြရင် တိုင်းပြည်က ချမ်းသာလာမှာကွ တဲ့။အဖိုးက ကျက်ထားဆိုလို့ ဆိုကောင်းကောင်းရှိတိုင်း ဆိုလာခဲ့တာ အဖိုးစာထဲက ဒဿသက္ကရာစ် ဆိုတာ ဘာလဲဆိုတာ အဖိုးကို မမေးမိခဲ့ဘူး။အဖိုးကလည်း သေတာ အနှစ် ၂၀ကျော်ပြီ။ကျုပ်လည်း အဲဒီ စာတစ်လုံးထဲနဲ့ ခေါင်းမူးလာတာ အနှစ် ၃၀ကျော်ခဲ့ပေါ့။ကျုပ်တစ်ယောက်ထဲ ဦးဏှောက်ခြောက်ခဲ့ရတာ အခု ဒီဖွဘုတ်ကြီး ပေါ်လာမှပဲ ကျုပ်သူငယ်ချင်းတွေကို ၀ိုင်းပြီး ဦးဏှောက် ခြောက်ခိုင်းရတော့တယ်။ကျုပ်လည်း တဘောင်တွေကို စိတ်ဝင်စားလွန်းလို့ အကုန်လျှောက်ဖတ်တာ ထွက်ခဲ့သမျှတဘောင်ကတော့ အကုန် မှန်ခဲ့တာချည်းပဲဗျ။အခုလည်း ဒီတဘောင်ကို အမြန်ဆုံး မှန်စေချင်လှပြီဗျာ။တိုင်းပြည်ကလည်း ဦးပုညစာထဲကလို အမွဲတကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင် ဖြစ်နေတာမို့။

ဒဿသက္ကရာဇ် သိမ်းသည့်နှစ်တွင် ရှင်ကျက်ပရမာ မင်းလောင်းလာသည် သက်သာပန်းတောင်း မြို့တကောင်း မြို့ဟောင်းမြို့သစ် တည်လိမ့်မည်။ လူစွမ်းကောင်းလေးယောက် သံခမောက်နဲ့ နောက်လိုက်အတူ ပါလိမ့်မည်။ သူတော်ယောင်ဟန် ဖန်ဆင်းကူလို့ သိကြားမင်းက ဆင်ဖြူသုံးစီး မြင်းပျံကြီးနဲ့ အပြီးဆက်သ လာလိမ့်မည်။ တစ်စီးရှင်က ပိဋကတ်ပေစာတင် တစ်စီးရှင်က ဘုရင်တက်စီး တစ်စီးရှင်က ဇနီး မိဖုရား စီးလိမ့်မည်။ နန်းတက်ပြီးကာ တိုင်းပြည်မှာ ရတနာရွှေမိုးငွေမိုး ရွာလိမ့်မည်။ တစ်ရာ့တစ်ပါး လူမျိုးများ စား၍မကုန် ပေါလိမ့်မည် တဲ့။

ကျုပ်အဖိုးက ကျက်ထာစမ်း ငါ့မြေးဆိုလို့ ကျက်ခဲ့ရတဲ့ တဘောင်ပဲ။ဘယ်တော့များ လာမှာလည်းတော့ မသိတော့ဘူး။

Thursday, December 5, 2013

ပင်းယမြို့ဟောင်း တစ်နေရာ

21 Aug 2013

ဒီနေ့တော့ ပင်းယမြို့ဟောင်း နန်းတော်ရာနားက ဂူကြီးသုံးလုံးဘုရားမှာ တောရဆောက်တည် ဓူတင်ကျင့်
သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးဆ ဝါဆိုသင်္ကန်း ကပ်ပြီး နန်းတော်ဟောင်းနေရာကို သားနဲ့သမီးကို လှည့်ပြတယ်။ နန်းတော်ဟောင်းနေရာက အိုးကွဲတွေ အတော်များတယ်။ ဆေးတံအိုးအကျိုးတွေ ၁၅ အိုးလောက် ဆီမီးခွက်တွေ အတော်များများ ရှာတွေ့ခဲ့လို့ ရှေးဟောင်းပစ္စည်းတွေမို့ ဘုန်းတော်ကြီး တရားထိုင်တဲ့ ဂူဘေးမှာ စီပြီး ထားခဲ့တယ်။
နောက်လေ့လာချင်တဲ့လူ လေ့လာလို့ ရတာပေါ့။ပင်းယခေတ် ၁၄ရာစုက ရေးထိုးထားတဲ့ ကျောက်စာကို
ဖတ်ကြည့်တယ်။ ဘယ်လိုမှ မဖတတ်တတ်ပါဘူး။ ဥဇနာမင်းကြီးနဲ့ နမောတသတိပဲ ဖတ်တတ်တယ်။
အဲဒီကနေ မြင်ပါလှည့်ဘုရားနဲ့ မြင်ပါဘူးဘုရား နှစ်ဆူကို ဝင်ဖူးတယ်။ ပြီးတော့ ဆူးတွင်းပစ်ဆရာတော်ကြီးရဲ့ ကျောင်းကို ဝင်ကြည့်ခဲ့တယ်။ ရာဇဝင်မှာတော့ လေးထပ်ကျောင့်းလို့ ဆိုတယ်။ အုတ်တံတိုင်း လေးဆင့်ရှိလို့များ လေးထပ်ကျောင်းလို့ ခေါ်ခဲ့လေသလား မသိပါဘူး။ဆူးတွင်းပစ်ဆရာတော် ကလေးတုန်းက အမေကဆုံးပြီး အဖေက နောက်အိမ်ထောင်ပြုတယ်။
မိထွေးက ဒီလင်ပါသားနဲ့ဆို မပေါင်းနိုင်ဘူးဆိုလို့ ဖခင်က တောထဲခေါ်ပြီး ဆူးတွင်းထဲ ပစ်ချခဲ့တယ်။ အဲဒါ ခရီးသွား ရဟန်းတော်တစ်ပါးက ကလေးငိုသံကြားလို့ ရှာကြည့်တော့ ဆရာတော်လောင်းကလေးကို တွေ့တော့ သူ့ကျောင်းကို ခေါ်သွားပြီး ကိုရင် ဝတ်ပေးလိုက်တယ်။ဆူးတွင်းပစ်လို့ နာမည်ပေးပြီးဆရာတော်က မွေးစားကာ စာပေကျမ်းဂန်တွေ
သင်ပေးတယ်။နောက်တော့ ဆူးတွင်းပစ်ဆရာတော်ရယ်လို့ ထင်ရှားလာတယ်။
အဲဒီလို ကျော်ကြားလာတော့ မိထွေးက အပြစ်ကြီးမှာစိုးလို့ တောင်းပန်ကန်တော့ရအောင် သူ့ယောက်ျားကို ပင့်ခိုင်းတယ်။ ဖခင်လည်း ဆရာတော်ဆီ လာခဲ့တယ်။ ဝတ်ကြီးဝတ်ငယ် ပြုစုနေပေမယ့် ဆရာတော်က တစ်ခါမှ စကားမပြောဘူး။ ဖခင်ဒကာကြီးလည်း အနေရခက်ခက်နဲ့ ကပ္ပီယလုပ်နေရတာပေါ့။
တနေ့တော့ ဆရာတော်ကြီးက သူ့ကျောင်းကို လက်ထောက်ဆရာတော်ကို လွှဲအပ်တယ်။ သူ တခြားကို ကြွတော့မယ်ပေါ့။ ပြီးတော့ ဆွမ်းဘုန်းပေးတယ်။ဆရာတော်လည်း ဆွမ်းဘုန်းပေးတုန်း ငရုတ်းသီးတောင့်လေး ဝါးမိလို့ စပ်လိုက်တာလို့
ညည်းလိုက်တော့ ဆရာတော်ရဲ့ဖခင်က ဝမ်းသာလိုက်တာဘုရား။ တပည့်တော် လချီပြီး ဝတ်ကြီးဝတ်ငယ် ပြုစုလာတာ
တခါမှ စကားမပြောဘူး။ဒီနေ့မှ ပြောသံကြားရတော့တယ် ဘုရားတဲ့။ဆရာတော်က ဒကာကြီးလာကတည်းက
ဘုန်းကြီးသိတယ်။ ကိစ္စတွေ မပြတ်သေးလို့။ဒီနေ့တော့ ကျောင်းလည်း လွှဲအပ်ပြီးပြီ။ဒကာကြီးနောက်ကို ဘုန်းကြီး
လိုက်ခဲ့မယ်ဆိုပြီး အဲဒီနေ့မှာပဲ ကြွလာခဲ့တယ်။ပင်းယမြို့နားရောက်တော့ မိုးက ချုပ်သွားလို့ တည်းစရာမရှိတာနဲ့
အမတ်ကတော်ဖြစ်နေတဲ့ အမျိုးအိမ်ဆီသွားတော့ အဲဒီအမျိုးက ဆရာတော်ကို သိလည်းမသိ ကြားလည်းမကြားဖူးဘူးလို့ ပြောလိုက်တယ်။ဒါနဲ့ဆရာတော်တို့လည်းပဲ ဆက်လာခဲ့ရတယ်။ ခဏနေတော့ ဘုရင်ကြီးဆောက်ထားတဲ့
လေးထပ်ကျောင်းနား ရောက်သွားတယ်။ကျောင်းပေါက်ဝမှာ ပိဋကတ်သုံးပုံကို ချောက်ချားနိုင်သည့် ပုဂ္ဂိုလ်များ
သီတင်းသုံးရန်လို့ ရေးထားတယ်။ဆရာတော်လည်း ဒီကျောင်းကိုတက်ပြီး သီတင်းသုံးတယ်။မိုးမလင်းခင် ဖခင်ကြီးကို
ရွာထဲသွား စနည်းနာခိုင်းတယ်။ဖခင်ကြီးလည်း လူတစ်ယောက် လေလည်တဲ့ အသံပဲ ကြားခဲ့ရတယ်။
ကျောင်းပြန်ရောက်တော့ ဆရာတော်ကို လေလည်သံပဲ ကြားခဲ့တယ်လို့ လျောက်တော့ ဒကာကြီး ငါ့ကို အိုးစည်
ဗုံမောင်းတီးပြီး ဒီကျောင်းကို ငါ့အား လှူလိမ့်မယ်တဲ့။မနက်လင်းတော့ လောကနီတိပါဠိရေးတဲ့ စတုရင်္ဂဗလ
အမတ်ကြီးက ရောက်လာပြီး ဆရာတော်ကို ပညာစမ်းတာပေါ့။ ဆရာတော်ကြီးဟာပိဋကတ်သှုံးပုံကို
နှံ့စပ်မှန်းသိလို့ ဘုရင်ကြီးကလည်း လေးထပ်ကျောင်းကြီးကို ပွဲလမ်းသဘင် ကျင်းပပြီး လှူလိုက်တယ်။
ဒီလိုနဲ့ ဆရာတော်ကြီးလည်း မင်းကိုးကွယ်တဲ့ ဆရာတော်ကြီး ဖြစ်လာတာကိုး။ အဲဒီလို နာမည်ကြီးဘုန်းကြီးလာတော့မှ တချိန်က အမတ်ကတော်ဖြစ်တဲ့ အမျိုးကလာပြီး သူ့အမျိုးဘုန်းကြီးပေါ့ အရပ်ထဲ လျောက်လည်ပြော ဆရာတော်ကြီးဆီ ဆွမ်းလာပို့ပေါ့။ ဆရာတော်ကြီးလည်း အခုမှလာပြီး အမျိုးတော်တယ်ပြော
ဆွမ်းလာပို့တော့ မမြင်ယောင်ဆောင် နေတော့တာပေါ့။ ဒါနဲ့ အဲဒီအမျိုးသမီးက ဆရာတော်ရဲ့လေးထပ်ကျောင်းပေါက်မှာ ဘုရားတည်ပြီး မြင်ပါလှည့်ဘုရားလို့ အမည်ပေးတယ်။
ဒါနဲ့ ဆရာတော်ကြီးကလည်း အဲဒီဘုရားရဲ့ အရှေ့နားမှာ ဘုရားတစ်ဆူတည်ပြီး မြင်ချင်ပါဘူးလို့ ဘုရားကို ဘွဲ့တော်ပေးတယ်။အခုတော့ မြင်ပါဘူးဘုရားလို့ ခေါ်ကြတယ်။ဒါကတော့ ပုဂံခေတ်ပျက်ပြီး ရှမ်းညီနောင်သုံးဦးက

စတင်တည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာထီးနန်း စတင်ခဲ့ရာ ပင်းယမြို့ဟောင်းကို ဒီနေ့ရောက်ခဲ့လို့ မြင်ပါလှည့်နဲ့ မြင်ပါဘူးဘုရား၊ဆူးတွင်းပစ်ဆရာတော်အကြောင်း ဖတ်ခဲ့ဖူးသမျှထဲက
မှတ်မိသမျှကို ငါ့ညီလေးတွေကို ပျင်းနေမှာစိုးလို့ ဗဟုသုတအဖြစ် ဝေမျှလိုက်တာပါ။

A Little Bagan of Myaygu Village,Taze Township,Sagaing Division,Myanamr











Traditional weaving in a small village in Myanmar