Monday, September 5, 2016

ပြုံးတော်မူ(၄၉)

ပြုံးတော်မူ(၄၉)
ကျုပ်တို့ပြည်သူတွေကလည်း ကောင်းကိုမကောင်းဘူးဗျ။ထစ်ကနဲရှိ ရက်တစ်ရာအတွင်း ဘာပြောင်းလဲ သလဲ။ ထစ်ကနဲရှိ ကိုဖီအာနန်း အကြံပေးကော်မတီ ဥက္ကဋ္ဌ ခန့်လို့ အသံတွေက ထွက်လာရော။အမေစု သူ့တိုင်းပြည်ကောင်းအောင် သူ့အကြံအစည်နဲ့သူ လုပ်နေတာ ဘာပြောစရာရှိလဲ။မကြိုက်တဲ့သူ ဘလော့သွာကြ။ဒါပဲ။ရှင်းတယ်နော်။
ကျုပ်ကတော့ ကျုပ်လိုချင်တဲ့အစိုးရ ရပြီ။ သု့ဟာသူ တိုင်းပြည်ကြီး မှောက်မှောက်လှန်လှန် လုပ်ချင်ရာ လုပ်ပလေ့စေ။တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်မှာမှ မဟုတ်ပဲ။အနှစ်၆၀လောက် ဖျက်ဆီးခံရတဲ့ တိုင်းပြည် နေ့ချင်းညချင်း ပြောင်းသွားအောင်တော့ သိကြာမင်းတောင် မတတ်နိုင်ဘူး။
ကြာတော့ ဟိုဟာပြောသည်ဟာပြောနဲ့ နားငြီးလာပြီ။နားငြီး တာ မဟုတ်ဘူး။မျက်စိ ငြီးလာပြီ။ကြာတော့ ကျုပ်တို့ရွာအရှေ့ ဘက်က မသန်းခင် ပြောသလိုသာ ပြောလိုက်ချင်တော့တယ်။
ကျုပ် ဘုန်းကြီးကျောင်းသားဘ၀က ကျောင်းကို အုတ်ဖုတ်သမား တွေလာတော့ ကိုမြသန်းဆိုတဲ့ ဘုန်းကြီး လူထွက်ကြီးက ကျုပ်ကို အတော်လေး ခင်ရှာတာ။ဦးဇင်းဝတ်နေရာက သူ့အဖေ ဦးရွှေအေးက သေတော့   နှမလေးက တစ်ယောက်ထဲ ရှိတာ။စိတ်ကလည်း သိပ် မှန်ချင်တာ မဟုတ်ဘူး။ပြီးခဲ့တဲ့ တစ်ပါတ်ရွာ

ပြန်တော့ ကျုပ်အပင်တွေ စိုက်နေတော့တောင် သူ့ဟာသူ တစ်ယောက်ထဲ စကားတွေပြောနေတာ ကြားခံသေးရဲ။ဒါနဲ့ ခမည်းတော်က ဆုံးသွားတော့ အမျိုးတွေက နှမလေး တစ်ယောက်ထဲ အပျိုမတစ်ယောက်ထဲ စောင့်ရှောက်မယ့်လူ မရှိဘူ။လူထွက်လိုက်တော့ဆိုလို့ လူထွက်ပြီး အုတ်သမားတွေ နောက် တောက်တိုမယ်ရ လုပ်ဖို့ လိုက်လာရှာတယ်။ကျုပ်က လည်း ပုံတိုပတ်စက အင်မတန် နားထောင်းချင် သူကလည်း ဟိုပြောသည်ပြောဆိုတော့ ကျုပ်တို့ကလေးတွေကလည်း သူ့နားချည်းကပ်ကြကုန်သည်။
သည်လိုနဲ့ ဘုန်းကြီးလူထွက်မောင်ကြီး နဲ့ နှမ ရူးတူးပေါတောနဲ့ မောင်နှမလေးနှစ်ယောက် လယ်လုပ်စားသောက်နေကြတော့ ဟိုက ဘုန်းကြီးလူထွက်ဆိုတော့ နှမက အချိုးကမကျလေ သူကမာန်လေပေါ့။အဲသည်လို ခနခန အမာန်ခံရတော့ မသန်းခင်က တစ်ရက်တော့ အိမ်ဘေးက လူတွေကို ပြောတယ်။
မောင်ကြီးကလည်း ထစ်ကနဲရှိ မာန်ဖို့ မဲဖို့ပဲ သိတယ်။စိတ်ညစ်တယ်။စိတ်ညစ်တယ်။ မြန်မာပြည် မနေချင်တော့ဘူး။ရေဦးပဲ သွားနေတော့မယ်တဲ့။

ကျနုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဦးကံသိန်း

ကျနုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဦးကံသိန်း

ပြီးခဲ့တဲ့တစ်ပါတ်ရွာခဏပြန်တော့ ညီမဖြစ်သူ မမိသီက မောင်မောင် ကံထူးမကျောင်းက မဂ္ဂဇင်း ထုတ်မှာ ။မောင်မောင် ဆောင်းပါးတစ်ပုဒ်လောက်ရေးပေးပါ့လားတဲ့။ညီမဖြစ်တဲ့သူက စကားစလာတော့ ကျုပ်လည်း ဆရာကြီးဦးကံသိန်း သွား၍ သတိယမိသည်။ကျနုပ်မှာ ကိုးတန်းအောင်တော့ ပကာရွာရဲ့တောင်ဘက် ထဲ  ပြည့်စွန်ရေကြည်ချောင်းဘက် သွားပြီးဆယ်တန်းကျောင်းလခ တစ်လ ၂၅ကျပ်  ပေးရမည်ဖြစ် ၍
ရွှေကျင်လိုက်သွားသည်။ပထမဆုံး ကိုယ့်လုပ်အားခလေးစရတော့ ပကာရွာသွားပြီး စင်ကြယ်ဖိနပ်တစ်ရံ
 ပြေးဝယ်ပြီး စီးရသည်။ကျနုပ်မှာ ရှစ်တန်း တုန်းက ဖိနပ်ကလည်း ကောင်းကောင်းမစီးရ။အကိုအကြီးဆုံး ပစ်ထားသည့်ဖိနပ်အိုကလေးကောက်စီးတော့ တစ်ရက်မှာ ဖိနပ်သဲကြိုးကပြတ်သွားသည်။ သဲကြိုးဖိုး ၀ယ်စရာ မရှိသဖြင့် တွယ်အပ်နှင့် ထိုးစီးရလေရာ အဆိုပါတွယ်အပ်က ခရမ်းခြံက ကောင်မလေးတွေရှေ့
 ပြုတ်ထွက်လာသဖြင့် ရှက်ရှက်နှင့် ပြန်တပ်စီးရလေသည်။ကိုးတန်းတစ်နှစ်လုံးလည်း ခုံဖိနပ်စီး၍
ကျောင်းတက်ရသည်။သို့နှင့် လုပ်အားခ ရရချင်း ဖိနပ်ပြေး၍ ၀ယ်ရသည်။သို့ကလို ရွှေကျင်လိုက်ရာ တစ်လကျော်လာသော အခါ လူကအသက်ကလည်းငယ်သေးတော့ အားပြတ်ပြီး နေမကောင်း ဖြစ်လာ
သည်။သို့နှင့် အိမ်ပြန်ခဲ့ရရာ အိမ်ရောက်လေ ရောဂါက ပိုဆိုးလာလေနှင့် နောက်ဆုံး တန့်ဆည် ဆေးရုံသို့ တက်ရတော့သည်။ငှက်ဖျား တိုက်ဖွိုက်နှင့် အသားဝါရောဂါ သုံးမျိုးစုံပြီး နှိပ်စက်လေရာ ကျောင်းစရိတ် စုထားသော ငွေကလေးလည်း ပြောင်သွားသည်။ဆေးရုံမှ ပျောက်ပြီထင်ပြီး ဆင်းလာရာ အိမ်ပြန်ရောက်
 တော့ ဟိုဟာစားသည်ဟာစားနှင့် ပြန်ဖြစ်လာပြန်ရာ ဒုတိယအကြိမ် ဆေးရုံပြန်တက်   ရပြန်သည်။ကျောင်းပြန်ဖွင့်နေသော်လည်း ဆေးရုံက မဆင်းရသေး။ထိုနှစ်က ဆယ်တန်းကို ၂လလောက် နောက်ကျပြီးမှ တက်ရလေသည်။ကျနုပ် ဆေးဘိုးထောင်းသဖြင့် မိဘများလည်း စပါးကျီတစ်လုံးနှင့် နွားပေါက်တစ်ကောင် ရောင်းလိုက်ရသည်။ကျနုပ်မှာ အကိုအကြီးဆုံး၏ စက်ဘီးကလေးနှင့် စီးပြီး နလံထ ကျောင်းတက်နေလေရာ စက်ဘီးကလေးစီးလို့မှ အထာမကြသေး။အကိုလုပ်သူက ဖဲပေါင်ရှံးပြန်သဖြင့် ခြေလျင်သာပြန်လျောက်ရပြန်သည်။
အတိတ်ဘ၀ ကံမကောင်းလှသဖြင့် ငါးတန်းမှ ဆယ်တန်း အောင်သည်အထိ မနက်လေးမိုင် ညနေလေးမိုင် တစ်ရက်ရှစ်မိုင်နှုန်း ခြေလျင်လျောက် ကျောင်းတက်ခဲ့ရလေသည်။
။ကျောင်းတက်ပြီး ခနကြာသော် ငွေမဲ ကိစ္စမှ စတင်သည့် ပြသနာကြောင့် ကျောင်းသုံးလ ပိတ်လိုက်ပြန် သည်။ကျောင်းပြန်ဖွင့်ပြီး မကြာခင် ဆယ်တန်းဖြေရလေရာ ကျနုပ်လည်း ဓာတုဗေဒ ၂၇မှတ်ဖြင့် ဆယ်တန်းကို ကျလေတော့သည်။နောက်တစ်နှစ် ကျောင်ပြန်ဖွင့်ပြီး ဘာမကြာပင် ရှစ်လေးလုံး အရေးအခင်းကြောင့် ကျောင်းတစ်နှစ် ပိတ်လိုက်ပြန်သည်။ကျနုပ်လည်း သပိတ်ျမှာက်သည့်အထဲ ပါသွားတော့သည်။
စစ်အစိုးရ တက်လာသော် ရွှေကျင်တောသို့ လိုက်သွားပြီး ရွှေကျင်နေရသည်။ထိုမှတဆင့် မိုးကောင်းသို့ လက်သမား လုပ် ထွက်လာခဲ့သည်။ကျောင်းတစ်နှစ်ပိတ်ပြီး ကျောင်းများ ပြန်ဖွင့်ချေသော် မိုးကောင်း လက်သမား လုပ်နေရာမှ ပြန်လာပြီး ဆယ်တန်း ပြန်တက်ရသည်။ထိုနှစ်ကလည်း ကျောင်းကို နှစ်လကျော် သုံလနောက်ကျမှ တက်ရပြန်သည်။
သို့ကလို ကျောင်းပြန်တက်လေသော် ကျနုပ်ရယ် အိုင်လျားရှည်သား မြင့်ဦး ရယ် ဥသျှစ်ကုန်းသား မောင်တင်စိုးတို့ သုံးယောက်သား နောက်ဆုံးခုံမှာ အတူထိုင်ကြသည်။သုံးယောက်သား တိုင်ပင်ပြီး သည်နှစ်တော့ အောင်မှ ဖြစ်မယ် စာတွေကလည်း သင်ပြီးသားတွေဆိုတော့ ငါတို့ စာတွေ အကုန်ကျက်မယ်ဆိုပြီး တစ်ရက်တစ်ပုဒ်နှုန်း ကျက်ကြသည်။
တစ်ရက်တွင် ဆရာကြီး ဦးကံသိန်းမှ အင်္ဂလိပ်စာ သဒ္ဒါ လာသင်သည်။ဝါကျတစ်ကြောင်းကို လေးကြောင်းပြောင်းသည့် နည်း သင်လေ၏။ကျနုပ်တို့ကား ခုနစ်တန်းကတဲကစ ဆရာ ဦးစောမင်းက သင်ပေးထားရာ နောကျေနေ၏။သို့ကလို ကျောင်းအုပ်ကြီးမှ လာသင်သောအခါ ကျနုပ်တို့ နှစ်ကျကြီး သုံးယောက်က ရေးပျင်းသဖြင့် လိုက်မရေးချေ။ကျနုပ်တို့ မရေးလျင် ဆရာကြီးသည် ဒေါသထွက်လာပြီး စိတ်ဆိုးချေ တော့သည်။မင်းတို့ စေတနာ မစော်ကားနဲ့ တဲ့။အဲသည်လို ဆူပြီး ထွက်သွားတော့သည်။
နောက်တစ်နေ့ ဆရာဦးမင်းဒင် ရူပဗေဒ လာသင်သောအခါ ကျော်ငွေ မင်းတို့ ကျောင်းအုပ်ကြီးနဲ့ ဘာဖြစ်ကြတာလဲ တဲ့။ဒါနှင့် အကျိုးအကြောင်း ပြောပြရာ ဆရာကြီးက ငါ့ကိုပြောတယ်ကွ။မင်းဒင် မင်း အဲသည်နောက်ဆုံးက နှစ်ကျသုံးကောင်က သည်နှစ်စာမေးပွဲ အောင်ဦးမှာလားတဲ့။ငါလည်း ပြောလိုက်သ ကွာ။ဆရာကြီး ကျောင့်း အဲသည် သုံးယောက်မှ မအောင်ရင် တစ်ယောက်မှ မအောင်ဖူး လို့ ပြောလိုက်တယ်ကွ တဲ့။
။ပျင်းတော့ပျင်းတာပေါ့ကွာ ဆရာကြီး ခိုင်းရင်တော့ လုပ်လိုက်ကြပါကွာတဲ့ ။ကနုပ်တို့ကို ချော့ရှာလေသည်။ကံထူးမကျောင်း၌ ကျနုပ်အချစ်ဆုံးဆရာကား ဆရာဦးမင်းဒင် နှင့်ဆရာဦးမြင့်ဝေ နှစ်ယောက်သာ။ဆရာမထဲကား ဆရာမ ဒေါ်ကြည်စိန်တစ်ယောက်သာ။
သို့နှင့် ပထမအစမ်းဖြေသောအခါ အင်္ဂလိပ်စာနှင့် မြန်မာစာမှ လွဲလျင် ကျန်တာ ဂုဏ်ထူးရသည်။ခရမ်ထွးခြံက သူငယ်ချင်း ထွန်းလင်းက လာပြောသည်။ကျော်ငွေ မင်းအင်္ဂလိပ်စာက ဂုဏ်ထူးရတယ်ကွ။ဆရာ ဦးထွန်းမြင့်ATMyint က ဆက်မ ကြိုးစားမှာစိုးလို့ ၇၄မှတ်ထိ အမှတ်လျော့ပစ်တာတဲ့ကွ။မင့်စာတွေ ငါ့ကိုပြတယ်တယ်ကွ တဲ့။
ဒါနှင့် မြင့်ဦးကို ကျနုပ်က ပြောတယ်။မြင့်ဦးရေ ငါ့ ဆယ်တန်း ဂုဏ်ထူး ဘယ်လောက်ပါပါ ဆေးကျောင်းမှီလည်း ငါ တက်နိုင် မှာ မဟုတ်ဘူး။ငါ မကြိုးစားချင်တော့ဘူး။တကယ်လို့ အမှတ် တွေမှီလို့ ဆေးမတက်ရရင် ငါတစ်သက်လုံး စိတ်ဆင်းရဲနေရမှာ။
အင်္ဂလိပ်စာပဲ ဂုဏ်ထူးထွက်အောင် လုပ်ပြတော့မယ်။ ဟု ပြောလိုက်သည်ဆရာဦးထွန်းမြင့် ကျနုပ်အား ဂုဏ်ထူးမပေး၍ စိတ်ဆိုးမိခြင်းပင်။ဆရာဦးထွန်းမြင့်မှာ တစ်ခြားကျောင်းမှ အသစ်ပြောင်းလာသော်ငြားလည်း သူ့မှတ်စုတွေက ကျနုပ်ဆီ စိုးမြင့်ဝင်းမှ တဆင့် ကူးယူနေသဖြင့် နာမည်က ရင်းနှီပြီးသား ပင်။
သို့နှင့် ဆယ်တန်း စာမေးပွဲဖြေကြလေရာ အားလုံးကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့လေသည်။စာမေးပွဲပြီးသော် ထန်းတက်
ရပြီး သင်္ကြန်ပြီးသော် မိုးကောင်းသို့ လက်သမားလုပ် ပြန်ထွက်ခဲ့ရလေသည်။အောင်စာရင်းထွက်မှန်း သိသော်လည်း ဆက်သွယ်ရေးခက်ခဲ့သဖြင့် ဘာသတင်းမှ မကြားရ။မျော်တော်
ယောင်လုပ်နေရသည်။နောက်တစ်ရက်ညနေတွင် အိမ်ရှေ့ ထွက်နေခိုက် မိုးကောင်းစာတိုက်မှူးက စက်ဘီးကလေးနဲ့ ဟိုရှာသည်ရှာ လုပ်နေရာမှ ကျနုပ်ကိုမြင်သွားရာ ဟာ ဟျိုကာင်လေး မင်းရှာနေတာ ငါ့အိမ်လိပ်စာနဲ့ ကြေးနန်းဝင်လာလို့ အခုပြေးလာတာ မင်းစာမေးပွဲ အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်တယ်ကွ ငါ့ကို မုန့်ကျွေးရမယ် တဲ့။မန္တလေးမှ ဦးလေးရိုက်လိုက်သော ကြေးနန်းကလေး လာပေးရှာသည်,။ထိုစဉ်က ကျနုပ်သည် အဆိုပါ မိုးကေါင်းစါတိုက်မှူး ဦးမြင့်မေါင်အိမ်ကို လက်သမါးလုပ်ပေးနေရသည်။ကျနုပ်မောင်ကျော်ငွေ ဆယ်တန်း အောင်သွားလေပြီ။ရချင်သည့် အင်္ဂလိပ်စာဂုဏ်ထူးလည်း ရလေပြီ။ဆယ်တန်းကို ကျသည့်နျိစ်က တစ်နှစ် ကျောင်းပိတ်ခံရတာက တစ်နှစ် အောင်သည့်နှစ်က တစ်နှစ် သုံးနှစ်ကြီးများ နေလိုက်ရသည်။ကျနုပ်လည်း မိုးကောင်းဖားကန့်ဘက် သောင်တင်နေလိုက်သည်မှာ တက္ကသိုလ်တက်သည့်အချိန်ကျမှ ရွာရပ်ဘက်ပြန်ရောက်တော့သည်။
ရွာရောက်သော် အင်္ဂလိပ်စာဂုဏ်ထူးရသဖြင့် ဆရာကြီး ဦးကံသိန်းနှင် ဆရာဦးထွန်းမြင့်မှ ဆုချထားသော တက်တိုး အဘိဓာန်ကို ဖခင်ကြီးက ထုတ်ပေးသည်။
တစ်ရက်တွင်ကျနုပ်၏ နှမဖြစ်သူမှ ပြောသည်။မောင့်မောင့်ကို ကျောင်းအုပ်ကြီးက မနက်ခင်း အလံတော်အလေးပြုတဲ့အချိန်မှာ ကျောင်းသားတွေကို သြ၀ါဒ ချွေတော့ ကျော်ငွေကို ငါ အထင်သေးမိခဲ့တဲ့အကြောင်း သည်ကောင်က အင်္ဂလိပ်စာက ငါမသင်ခင်ကစ တော်နေတာဖြစ်ကြောင်း ချီးကျူးပြောကြားသည်ဆို၏။
အခုသော်ကားနှစ်ပေါင်း ၂၇နှစ်ကျော်လေပြီ။ထိုနှစ်က ဆရာကြီး သည်ျကာင်သုံးကောင် သည်နှစ်အောင်ပါ့မလား မင်းဒင် ဟု မေးခဲ့သည့် ကျနုပ်တို့ သုံးယောက်စလုံး ဆယ်တန်း အောင်မြင်ခဲ့ပါကြောင်း။
ဆရာကြီး ခင်များ ကျနုပ်တို့သုံးယောက် ဆယ်တန်းအောင်ပြီး ဘွဲ့ရများ ဖြစ်ခဲ့ပါကြောင်း၊ဆရာကြီး၏ တပည့် ကျနုပ် မောင်ကျော်ငွေ အင်္ဂလိပ်စာအဓိကဖြင့် ဂုဏ်ထူးတန်းဘွဲ့နှင့် မဟာဘွဲ့ပါ ဆွတ်ခူးယူနိုင်ခဲ့ပါကြောင်း။ဆရာကြီးနှင့် ဆရာ ဆရာမများ အားလုံး ကျန်းမာကြပါစေကြောင်း။